ဘင်္ဂလားဒေ့ရှ်တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက် အထည်ချုပ်စက်ရုံများ ပြန်လည်ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ်တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက် အထည်ချုပ်စက်ရုံများ ပြန်လည်ဖွင့်လှစ်
ဇူလိုင် ၂၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် လမ်းသွားလမ်းလာများကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၂၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် လမ်းသွားလမ်းလာများကို တွေ့ရစဉ်(Photo:AFP)
Published 25 July 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရအလုပ်အကိုင် ခွဲတမ်းသတ်မှတ်ချက်အပေါ် ကျောင်းသားများဦးဆောင်၍ ဆန္ဒပြမှုများကိုထိန်းချုပ်ရန် ချမှတ်ထားသော ကာဖျူးမိန့်ကို အာဏာပိုင်များက ဖြေလျှော့ခဲ့ပြီးနောက် ဇူလိုင်၂၅ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု သိရသည်။

လွန်ခဲ့သည့်သီတင်းပတ်က ဖြစ်ပွားသော အဓိကရုဏ်း အခြေအနေများအတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် သေဆုံးသူ ၁၈၆ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် ဆေးရုံများက ထုတ်ပြန်သေဆုံးသူစာ ရင်းကိိုကိုးကား၍ အေအက်ဖ်ပီသတင်း၏ စစ်တမ်းတွင်ဖော်ပြထားပြီး မကြာသေးမီ နှစ်များအတွင်း အဆိုးရွားဆုံး အဓိကရုဏ်း အခြေအနေတစ်ရပ်နှင့် ကြုံတွေ့ရလျက်ရှိသည်။ ၇၆ နှစ်အရွယ် ဝန်ကြီးချုပ်ဟာဆီနာသည် အဓိက အတိုက်အခံပါတီက သပိတ်မှောက်ထားသည့် ဇန်နဝါရီလ ရွေးကောက်ပွဲတွင် သက်တမ်းလေးကြိမ်ဆက် အနိုင်ရခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းရှိ မြို့များတွင် တပ်ဖွဲ့ဝင်ပေါင်းထောင်ချီ ကင်းလှည့်နေပြီး နိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် အင်တာနက်ပိတ်ဆို့ခဲ့ပြီးနောက် သီတင်းပတ်တစ် ပတ်နီးပါးအကြာအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအများစုသည် အင်တာနက် အသုံးမပြုနိုင်ကြပေ။

သို့သော် ရက်ပေါင်းများစွာ ဆူပူအုံကြွမှုများဖြစ်ပွားခဲ့ပြီးနောက် လမ်းများတွင် ပြန်လည်တည်ငြိမ်လာ ခြင်းနှင့်အတူ နိုင်ငံ၏စီးပွားရေးကဏ္ဍတွင် အရေးပါသော အထည်ချုပ်စက်ရုံများ ပြန်လည်ဖွင့်လှစ်သွားရန် စီစဉ်နေသည်။

“ကျွန်တော်တို့ကုမ္ပဏီရဲ့ အနာဂတ်အပေါ် စိုးရိမ်မိပါတယ်”ဟုအသက် ၄၀ အရွယ် စက်ရုံအလုပ်သမား ခါထန်က အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။

အနှောင့်အယှက်များရှိခဲ့သော်လည်း ခါထန်က သူသည် အစိုးရအလုပ်ခန့်ထားရေး စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ပေးရန် ကျောင်းသားများ၏ တောင်းဆိုချက်များကို ထောက်ခံပြီး လွန်ခဲ့သည့် သီတင်းပတ်ကဖြစ်ပွားသည့် အဓိကရုဏ်းအပေါ် တုန်လှုပ်မိကြောင်း ပြောပြခဲ့သည်။

“အစိုးရအနေနဲ့ သူတို့(ကျောင်းသား)တွေရဲ့တောင်းဆိုချက်တွေကို အကောင်အထည်ဖော်ပေးသင့် ပါတယ်။ကျောင်းသားအများအပြား သေဆုံးခဲ့ကြတယ်။သူတို့တွေဟာ အနာဂတ်မျိုးဆက်အတွက် စွန့်လွှတ် အနစ်နာခံခဲ့သူတွေပါ”ဟု၎င်းက ဆိုသည်။

အထည်ချုပ်လုပ်ငန်းသည် ဘင်္ဂလားဒေ့ရှ်အတွက် နှစ်စဉ်တင်ပို့ကုန်အမြတ်ငွေ ဒေါ်လာ ၅၀ ဘီလျံအထိ ရရှိစေကာ သန်းနှင့်ချီသော လူငယ်အမျိုးသမီးများသည် H&M ၊ Zara ၊ Gap နှင့် အခြားနာမည်ကြီးနိုင်ငံတကာ ကုန်အမှတ်တံဆိပ်များအတွက် အဝတ်များကို ချုပ်လုပ်ပေးလျက်ရှိသည်။

စီးပွားရေးလုပ်ငန်းအချို့ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကာဖျူးမိန့်ကို ဇူလိုင် ၂၄ ရက်တွင် ဖြေလျှော့ပေးခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအများစုအတွက် တစ်နေ့လျှင် ၁၉ နာရီကြာ သက်ရောက်မှုရှိနေဆဲဖြစ်သည်။

ဒါကာမြို့တော်ရှိ ဘဏ်များ၊ စတော့အိတ်ချိန်းရုံးများနှင့်အစိုးရရုံးအချို့ကို နေအိမ်တွင် နေထိုင်ရန်အမိန့်တွင် နေ့စဉ်အနားယူချိန်နှင့် ကိုက်ညီရန်အတွက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ်ခဲ့သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရှီဘလီဆာဒစ်က ဆိုသည်။ဘင်္ဂလားဒေ့ရှ်တွင် အဓိကရုဏ်း အခြေအနေများနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ ၂,၅၀၀ ကျော်ရှိလာသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။                        Ref:AFP

Most Read

Most Recent