စပိန်လာလီဂါနဲ့ ငြိမ်သက်နေဆဲ စျေးကွက်

စပိန်လာလီဂါနဲ့ ငြိမ်သက်နေဆဲ စျေးကွက်
Photos: AFP
Photos: AFP
Published 24 July 2024
Phoe Thar

လက်ရှိ ၂၀၂၄ နွေစျေးကွက်လှုပ်ရှားမှုကို ကြည့်ရင်လည်း စပိန်လာလီဂါဟာ ပရီးမီးယားလိဂ်ကိုယှဉ်ဖို့ထက်ရာသီတိုင်း နီးပါးအသာရခဲ့တဲ့ အီတလီစီးရီးအေကိုတောင် ကျော်ဖြတ်ဖို့ ခက်ခဲနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် (၂၁)ရက်နေ့အထိစာရင် အရ ၂၀၂၄ နွေစျေးကွက်ရဲ့ ငွေကြေးသုံးစွဲမှုအများဆုံးလိဂ်အဖြစ် ပရီးမီးယားလိဂ်က ယူရိုသန်း (၇၀၀) နီးပါးနဲ့ ထိပ်ဆုံးနေရာမှာဦးဆောင်နေချိန် လာလီဂါကတော့ အသုံးစရိတ်ယူရိုသန်း (၁၀၀)အမှတ်ကိုတောင် ကျော်ဖြတ်ဖို့ခက်ခဲနေတာပါ။ လက်ရှိ နွေစျေးကွက်အတွင်း လာလီဂါရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပြောင်းအရွှေ့လို့ ဆိုရမှာက ရီးယဲလ်မက်ဒရစ်က ခေါ်ယူထားတဲ့ ဘာပေနဲ့ အန်းဒရစ်ချ်တို့နှစ်ဦးသာအဓိကရှိနေပါတယ်။ ဒါတောင် ဘာပေက အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အန်းဒရစ်ချ်ကလည်းပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကခေါ်ယူဖို့ သဘောတူညီထားတဲ့ ဆယ်ကျော်သက်ကစားသမားတစ်ဦးသာ ဖြစ်ပါတယ်။

 

Most Read

Most Recent