ညောင်ရွှေမြို့နယ် ထီးကာကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲပြီး ကလေးတစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရရှိ

ညောင်ရွှေမြို့နယ် ထီးကာကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲပြီး ကလေးတစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရရှိ
Published 23 July 2024

ညောင်ရွှေမြို့နယ် ထီးကာကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲပြီး ကလေးတစ်ဦး အပါအဝင် လေး ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၂၀ ရက် ည ၆ နာရီ ၅၅ မိနစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့ နယ် ထီးကာကျေးရွာသို့ သောင်းကျန်းသူများ က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေး ရွာနေသူများဖြစ်ကြသည့် မစန္ဒာမိုး (၂၇ နှစ်)၊ မခင်ဝင်း (၂၂ နှစ်)၊ မမိုးထွေး (၂၇ နှစ်) နှင့် မောင်ဘုန်းပြည့်မောင် (၁၁ လ) တို့တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ တောင် ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အရပ်သားပြည်သူများ နေထိုင် လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့  လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် ပြည်သူ များ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံ ရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်း ကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။

Most Read

Most Recent