မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်ကို ထိုင်းလိဂ်-၂ ကလပ် ကန်ချနာနာဘူရီပါ၀ါအသင်း လာမည့်ရာသီအတွက် တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်ကို ထိုင်းလိဂ်-၂ ကလပ် ကန်ချနာနာဘူရီပါ၀ါအသင်း လာမည့်ရာသီအတွက် တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ
Photo: Thai League 2
Photo: Thai League 2
Published 22 July 2024

ထိုင်းလိဂ်-၂ ကလပ် ကန်ချနာဘူရီပါ၀ါအသင်းသည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်ကို လာမည့် ၂၀၂၄-၂၀၂၅ ရာသီအတွက် တစ်ရာသီ စာချုပ်ချုပ်ဆို၍ ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်၏ ခြေစွမ်းကို ပထမအကျော့ပြီးဆုံးချိန် ရာသီဝက်အထိ စောင့်ကြည့်သွားမည်ဖြစ်ပြီး ခြေစွမ်းပေါ်မူတည်ကာ သက်တမ်းတိုးစာချုပ် ဆက်လက်ချုပ်ဆိုသွားမည်ဖြစ် ကြောင်း သိရသည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် ပြီးခဲ့သည့် ၂၀၂၃- ၂၀၂၄ ရာ သီကမှ ထိုင်းလိဂ်-၂ သို့ တန်းတက်လာသည့်အသင်းဖြစ်ပြီး ရာသီပြီးဆုံးချိန်တွင် (၃၄) ပွဲ ကစား၊ (၁၀) ပွဲနိုင်၊ (၈) ပွဲ သရေ၊ (၁၆)ပွဲရှုံး၊ ရမှတ်(၃၈) မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၁၃) နေရာတွင် ရပ်တည်ခဲ့ကာ လာမည့်ရာသီတွင် ထိုင်းလိဂ်-၂ ၌ ဆက်လက်ယှဉ်ပြိုင်ခွင့်ရထားသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်သည်  ၂၀၂၃- ၂၀၂၄ ရာသီတွင် ထိုင်းလိဂ်-၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်း၌ ကစားခဲ့ပြီး ယခုအခါ ကန်ချနာဘူရီပါ၀ါအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

တိုက်စစ်မှူး သန်းပိုင်သည် ပြီးခဲ့သည့်ရာသီတွင် ချင်းမိုင်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၁၆) ပွဲ ကစားပေးခဲ့ကာ (၃) ဂိုးသာ သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

သန်းပိုင်သည် ပြီးခဲ့သည့်ရာသီ ဒုတိယအကျော့တွင် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရခဲ့သောကြောင့် ချင်းမိုင်ယူနိုက်တက်အသင်းတွင် ကာလအတန်ကြာ အနားယူခဲ့ရပြီး ကောင်းမွန်သည့်ခြေစွမ်းကို မပြသနိုင်ခဲ့ကြောင်း သိရသည်။

တိုက်စစ်မှူး သန်းပိုင်သည် ၂၀၂၂- ၂၀၂၃ ရာသီတွင် ထိုင်းလိဂ်-၃ ကလပ် ကန်ချနာဘူရီစီးတီးအသင်း၌ ကစားခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရှိခဲ့သလို ခြေစွမ်းပြကာ ဂိုးများလည်းသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

သန်းပိုင်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပထမဆုံးအဖြစ် ထိုင်းလိဂ်-၃ ကလပ် ကန်ချနာဘူရီစီးတီးအသင်း၌ ကစားခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစုံ(၁၉) ပွဲ ကစားပေးခဲ့ကာ တစ်ရာသီအတွင်း (၁၂) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။     

Most Read

Most Recent