ရာသီကြိုခရီးစဉ်များနဲ့ အမေရိကန်ဆုံချက်

ရာသီကြိုခရီးစဉ်များနဲ့ အမေရိကန်ဆုံချက်
Photo : Twitter
Photo : Twitter
Published 22 July 2024
Wai Yan Aung

၂၀၂၄-၂၅ ဘောလုံးရာသီ စတင်ဖို့က တစ်လတောင် မလိုတော့ပါဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုပဲ ပမာထားပြီး ပြောရမယ်ဆိုရင် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်(၁၆)မှာ စတင်မှာဖြစ်လို့ ရာသီသစ်စတင်ဖို့ (၂၈)ရက်လောက်ပဲ လိုတော့တာပါ။ ဒီတော့ လက်ရှိအချိန်က ကလပ်အသင်းတွေ ရာသီသစ်အတွက် တက်သုတ်ရိုက်ပြင်ဆင်ရချိန်လို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ပုံမှန်အားဖြင့် ရာသီသစ်တစ်ခုအတွက် ပြင်ဆင်မှုတွေကို ဇူလိုင်ပထမပတ်မှာ စတင်လေ့ရှိပါတယ်။ အားလပ်ရက် အိမ်ပြန်ခဲ့တဲ့ ကစားသမားတွေနဲ့ နည်းပြတွေ ကလပ်အသင်းနဲ့ ပြန်လည်ပူးပေါင်းရပါတယ်။

 

Most Read

Most Recent