လသာမြို့နယ် ၁၉ လမ်း Black House Bar တွင် ပေါက်ကွဲမှုဖြစ်ပွားကာ သုံးဦး ဒဏ်ရာရရှိ

လသာမြို့နယ် ၁၉ လမ်း Black House Bar တွင် ပေါက်ကွဲမှုဖြစ်ပွားကာ သုံးဦး ဒဏ်ရာရရှိ
Published 22 July 2024

လသာမြို့နယ် ၁၉ လမ်း Black House Bar တွင် ဇူလိုင် ၂၁ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

အဆိုပါပေါက်ကွဲမှုမှာ ည ၁၀ နာရီခွဲဝန်းကျင်တွင် Black House Bar အတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း အနီးနေထို်င်သူများက ပြောကြားသည်။

“ည ၁၀ နာရီကျော်လောက်မှာ ဖြစ်သွားတာပါ။ ဆိုင်နာမည်က Black House ပါ။ ဆိုင်ထဲမှာ ပေါက်ကွဲတာ အမျိုးသားသုံးယောက်တော့ ဒဏ်ရာရသွားတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက  ၁၉ လမ်း ဟိုဖက်ထိပ် ဒီဖက်ထိပ် ပိတ်လိုက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်တယ်” ဟု အနီးနေထိုင်သူတစ်ဦးက ပြောကြားသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၉ လမ်းကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်အခြေစိုက် Urban Special Ranger Force(U.S.R.F) အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က လူမှုကွန်ရက်တယ်လီရမ်တွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Most Read

Most Recent