တစ်ကမ္ဘာလုံး ဆိုက်ဘာ ပြတ်တောက်မှု ဖြစ်ပေါ်နေသောကြောင့် စင်ကာပူ၊ အမေရိကန်၊ သြစတြေးလျ နိုင်ငံတို့ အပါအဝင် နိုင်ငံအများအပြားရှိ ဘဏ်များ၊လေကြောင်းလိုင်းများ၊ ကုမ္ပဏီလုပ်ငန်းများ ထိခိုက် 

တစ်ကမ္ဘာလုံး ဆိုက်ဘာ ပြတ်တောက်မှု ဖြစ်ပေါ်နေသောကြောင့် စင်ကာပူ၊ အမေရိကန်၊ သြစတြေးလျ နိုင်ငံတို့ အပါအဝင် နိုင်ငံအများအပြားရှိ ဘဏ်များ၊လေကြောင်းလိုင်းများ၊ ကုမ္ပဏီလုပ်ငန်းများ ထိခိုက် 
Published 19 July 2024
 Ref: CAN 

တစ်ကမ္ဘာလုံး ဆိုက်ဘာပြတ်တောက်မှုသည် စင်ကာပူ၊ အမေရိကန်ပြည် ထောင်စု၊ သြစတြေးလျတို့လို နိုင်ငံများတွင် ဝန်ဆောင် မှုကြီးများဖြစ်သည့် လေကြောင်း ပျံသန်းရေး၊ ဘဏ်လုပ်ငန်း၊ ကုမ္ပဏီ လုပ်ငန်းများကိုထိ ခိုက်စေခဲ့သည်။ 

ယင်းသို့ဆိုက်ဘာ ပြတ်တောက်မှုဖြစ် ပေါ်ရခြင်းမှာ မက်ခရိုဆော့ဗ် Window နှင့် ဆက်စပ်နေပြီး အဆိုပါ ပြဿနာသည် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike ကြောင့် ဖြစ်ရသည့် ပြဿနာမှ အရင်းခြင်း ဖြစ်သည်ဟု ဆိုသည်။ 

မိုက်ခရိုဆော့ဖ် window operating system ကြောင့် ကွန်ပျူတာမျက်နှာပြင်တွင် အပြာရောင်ချည်းသာ ပေါ်နေသည့် windowhost ပေါ်၌  BSODs ဖြစ်ပေါ်နေ သည့် သတင်းများကို နေရာအနှံ့မှလက်ခံရရှိခဲ့ သည်ဟု crodstrike ကတည်ပြုခဲ့ သည်။ 

ဆိုက်ဘာပြတ်တောက်မှုသည် သြစတြေးလျမီဒီယာ၊ ဘဏ်များ၊ ဆက်သွယ်ရေး ကုမ္ပဏီများကိုသက်ရောက်ခဲ့သည် ဟု သြစ တြေးလျပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ဘဏ် များ၊ ဆက်သွယ်ရေးကုမ္ပဏီများတွင် ပြတ် တောက်မှုများဖြစ်ပေါ်နေသည်ကို cowdsourced ဝက်ဆိုက် downdetector တွင် ဖော်ပြထားသည်။ 

ဆက်သွယ်ရေးဆိုင်ရာ ပြဿနာများ ကြောင့်ဟုဆိုကာ တန်ဖိုးနည်း အမေရိကန် လေကြောင်းလိုင်းများ၏လေကြောင်း ခရီးစဉ်များကို ရပ်နားထားသည်ဟု သိရသည်။ အမေရိကန်လေကြောင်းလိုင်း၊ ဒယ်လ်တာ လေကြောင်းလိုင်း၊ ယူနိုက်တက်လေကြောင်း လိုင်း၊ အလီးဂျီးယန့်လေကြောင်းလိုင်းတို့၏ လေယာဉ်များကို ရပ်နားထားသည်ဟု ဆို သည်။                                            

 

Most Read

Most Recent