အမရပူရမြို့နယ်တွင် ဈေးရောင်းပြန်လာသော အမျိုးသားတစ်ဦး သေနတ်ပစ်ခံရမှုကြောင့် သေဆုံး

အမရပူရမြို့နယ်တွင် ဈေးရောင်းပြန်လာသော အမျိုးသားတစ်ဦး သေနတ်ပစ်ခံရမှုကြောင့် သေဆုံး
Published 15 July 2024

မန္တလေးမြို့ အမရပူရမြို့နယ်တွင် စျေးရောင်းပြန်လာသော အမျိုးသားတစ်ဦး သေနတ်ပစ်ခံရမှုကြောင့် သေဆုံးခဲ့မှု ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ် မှန်တန်းရပ်ကွက်၊ ဗားကရာကျောင်းကွေ့အနီး စစ်ကိုင်း-မန္တလေးကားလမ်းပေါ်၌ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ငယ်တိုးကျေးရွာအုပ်စု၊ သာလေစွကျေးရွာတာဝန်ခံ ဦးကျော်စိန်သည် သမီးဖြစ်သူနှင့်အတူ စျေးရောင်းပြီးပြန်လာစဉ် အမည်မသိအမျိုးသားနှစ်ဦးမှဆိုင်ကယ်ဖြင့်ကပ်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသေနတ်ခတ်ခံရမှုကြောင့် ဦးကျော်စိန်မှာ ပါးနှစ်ဘက်တွင် ကျည်ပေါက်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

Most Read

Most Recent