မြန်မာ-အိန္ဒိယ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပြီး မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်မှုများ၌ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

မြန်မာ-အိန္ဒိယ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပြီး မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်မှုများ၌ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
Published 13 July 2024

မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ  နိုင်ငံ ခြားရေးဝန်ကြီးများအစည်း အဝေးကို ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် နယူးဒေလီမြို့ရှိ တာ့ဂျ် ပဲလေ့စ်ဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယ အကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး တက်ရောက် ရန် နယူးဒေလီမြို့သို့ရောက်ရှိနေသည့် ဒုတိ ယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတက် ရောက် ခဲ့ကြောင်းသိရသည်။

မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံ အ စည်းအဝေးသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး မစ္စတာမာရစ် ဆတ်ငီယမ်ဖုန် တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာ စာတွင် ပိုမိုပူးပေါင်းရေး မြန်မာ - အိန္ဒိယ - ထိုင်း သုံးနိုင်ငံအစည်းအဝေး၌ ဝန်ကြီးများ သည် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုး တက်ခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီး မြှုပ်နှံမှုအပါအဝင်ကဏ္ဍစုံ၌ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။       

အလားတူ မြန်မာ - အိန္ဒိယ - ထိုင်း သုံး နိုင်ငံ အမြန်လမ်းအကောင်အထည်ဖော်ရေး ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအပါအဝင် ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုလုပ်ငန်း များ၊ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ် အေးချမ်းရေးအတွက် မြန်မာ - အိန္ဒိယ - ထိုင်း နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်သွားရေး၊ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေး ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ တရားမဝင်မူးယစ်ဆေးဝါး နှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

သုံးနိုင်ငံအစည်းအဝေး၌ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ တော် အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများ ကို ထည့်သွင်းရှင်းလင်းပြောကြားသည်။

အဆိုပါ သုံးနိုင်ငံအစည်းအဝေးသို့ မြန် မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent