ကာလာဖီအိုရီ ကောက်ကြောင်း

ကာလာဖီအိုရီ ကောက်ကြောင်း
Photo : Getty Images
Photo : Getty Images
Published 11 July 2024
AK

၂၀၂၃ ခုနှစ်၊ မတ်လအတွင်းမှာ ဘေဆယ်လ်အသင်း ယာယီနည်းပြ ဟိုင်ကိုဗိုဂယ်လ်က ကာလာဖီအိုရီကို မေးခွန်းတစ်ခုမေးလိုက်တယ်။ "ရစ်ကီ၊ မင်းရဲ့ကစားသမားဘဝကို အမြင့်ဆုံးအဆင့် မရောက်ချင်ဘူးလား" လို့ ဗိုဂယ်လ်က မေးခဲ့တာပါ။ အဲဒီအခါ ကာလာဖီအိုရီက "ဘာကိုဆိုလိုချင်တာလဲ" ဆိုပြီး ပြန်မေးတယ်။ "မင်းကစားတဲ့နေရာ မှားနေတယ်လို့ ငါထင်တာပဲ" ဆိုပြီး ဗိုဂယ်လ် ထပ်ပြောပါတယ်။ အဲဒီစကားဝိုင်းလေးက ကာလာဖီအိုရီအတွက် တကယ်တန်ဖိုး ရှိခဲ့တယ်။ ဗိုဂယ်လ်နဲ့ စကားမပြောဖြစ်ခင်တုန်းက ကာလာဖီအိုရီက ဘယ် နောက်ခံလူအဖြစ် ကစားနေခဲ့တာ၊ ဗိုဂယ်လ် သတိပေးပြီးနောက် ကာလာဖီအိုရီ က ဗဟိုခံစစ်ကစားသမားအဖြစ် ပြောင်းလဲခဲ့ပြီး ယူရို ၂၀၂၄ ရဲ့ အကောင်းဆုံး နောက်ခံလူတစ်ဦးအဖြစ် ထင်ကျန်ရစ်ခဲ့တယ်။

 

Most Read

Most Recent