စပိန်အသင်းအား ရှုံးနိမ့်ပြီး ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်မှထွက်ခွာခဲ့ခြင်းအတွက် မိမိတွင်သာ တာဝန်ရှိကြောင်း ပြင်သစ်နည်းပြ ဒေးရွှမ့် ပြောကြား

စပိန်အသင်းအား ရှုံးနိမ့်ပြီး ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်မှထွက်ခွာခဲ့ခြင်းအတွက် မိမိတွင်သာ တာဝန်ရှိကြောင်း ပြင်သစ်နည်းပြ ဒေးရွှမ့် ပြောကြား
Photo : Getty Images
Photo : Getty Images
Published 11 July 2024

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က စပိန်အသင်းအား ရှုံးနိမ့်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းအတွက်  မိမိတွင်သာ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲတစ်လျှောက်လုံး မျှော်မှန်းထားသလို ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ဆီမီးဖိုင်နယ်တွင် စပိန်အသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းဖြစ်သည်။

ယူရို ၂၀၂၄ တွင် ပြင်သစ်အသင်းကျဆုံးခဲ့ခြင်းအတွက် ဘာပေနှင့် ဂရီးဇ်မန်းတို့မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ဒေးရွှမ့်ကမူ အသင်းကစားသမားများကို အပြစ်တင်ပြောဆိုရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ဒေးရွှမ့်က "ပြင်သစ်အသင်းရဲ့ ကျဆုံးမှုအတွက် ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်။ စပိန်လို အရမ်းကောင်းတဲ့ အသင်းနဲ့ကစားတဲ့အခါ အကောင်းဆုံးဖြစ်နေဖို့ လိုပါတယ်။ ကျွန်တော်တို့ စပိန်ကို ဒုက္ခမပေးနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ဘာမှ ဆင်ခြေမပေးချင်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent