■ ဆန်စပါးအသင်း၏ Facebook  Page အတု ပြုလုပ်ကာ ငွေကြေးလိမ်လည်နေမှု ခြောက်ခုရှိပြီး အမှုဖွင့်ထား၊

■ ဆန်စပါးအသင်း၏ Facebook  Page အတု ပြုလုပ်ကာ ငွေကြေးလိမ်လည်နေမှု ခြောက်ခုရှိပြီး အမှုဖွင့်ထား၊
Published 6 July 2024

ဆန်စပါးအသင်း၏ Facebook  Page အတု ပြုလုပ်ကာ ငွေကြေးလိမ်လည်နေမှု ခြောက်ခုရှိပြီး အမှုဖွင့်ထား၊

ပေါ်ဆန်မွှေးဆန် အိမ်အရောက်ပို့စနစ်ကို ပစ္စည်းရောက် ငွေချေစနစ်သို့ ပြောင်းလဲ

Facebook ပေ့ချ်အတု ပြုလုပ်ကာ ငွေ ကြေးလိမ်လည်နေမှု ခြောက်ခုရှိပြီး အမှုဖွင့် ထားကာ ပေါ်ဆန်မွှေးဆန် အိမ်အရောက်ပို့ စနစ်ကို ပစ္စည်းရောက် ငွေချေစနစ်သို့ ပြောင်း လဲလိုက်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က ထုတ်ပြန်သည်။

အွန်လိုင်းမှတစ်ဆင့်ငွေချေပြီး ပေါ်ဆန်း မွှေးဆန် အိမ်အရောက်ပို့စနစ်ကို လုပ်ဆောင် ခဲ့သော်လည်း ဆန်စပါးအသင်းချုပ်အမည်ကို အသုံးပြု ကာ Facebook ပေ့ချ်အတု ပြုလုပ်ပြီး ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က သတင်း ထုတ်ပြန်သည်။

ယင်းသို့လိမ်လည်သည့် အမှုဖြစ်စဉ် ခြောက်ခုရှိပြီး လက်ရှိတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ပေါ်ဆန်းမွှေး ဆန်အိမ်အရောက်ပို့စနစ်ကို ပိုမိုကောင်းမွန် သော ဝန်ဆောင်မှုဖြစ်စေရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အသင်းချုပ်က ထုတ်ပြန်သည်။

အိမ်အရောက်ပို့စနစ်ကို မြို့နယ်အလိုက် ဆန်ဆိုင်များကို ခွဲဝေချထားပေးပြီး အဆိုပါ မြို့နယ်ရှိ ဆန်ဆိုင်များမှတစ်ဆင့် မြို့နယ်အနီး တဝိုက်ရှိ အိမ်ထောင်စုများအနေဖြင့်အိမ်အ ရောက်ဖြန့်ဖြူးခြင်းများကို ဇူလိုင် ၁၀ ရက်မှ စတင်ကာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ငွေ ပေးချေမှုအနေဖြင့် ပစ္စည်းရောက်ငွေချေစနစ် ဖြစ်ကြောင်း၊ စျေးနှုန်းများပြောင်းလဲခြင်းမရှိ ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ဇွန် ၂၅ ရက်တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ တရားဝင်လူမှုကွန်ရက်စာမျက် နှာတွင် ထုတ်ပြန်ထားသည့် ပေါ်ဆန်းမွှေးဆန် များအား အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူး ရောင်းချမည့်အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်အပြီးတွင် မသမာသူများက Facebook ပေ့ချ်အတုများ ဖွင့်လှစ်ကာ ဆက်သွယ်မှာကြားရန် ဖုန်းနံပါတ်များကို ပြင် ဆင်ထုတ်ပြန်ပြီး ဆန်ဝယ်ယူရန် စုံစမ်းမှုများ ကို ငွေလက်ခံ လိမ်လည်နေသည်ကို လေ့လာ တွေ့ရှိရသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်က ထုတ်ပြန်ခဲ့သည်။

Facebook ပေ့ချ်အတုဖြင့် လိမ်ညာထုတ် ပြန်ထားရှိမှုများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်းနှင့် လိုအပ်ချက်၊ အကြံပြု ချက်၊ မေးမြန်းရန်အချက်များရှိပါက အသင်း ချုပ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဆန်စပါးအသင်းချုပ်က နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဇူလိုင် ၁ ရက် မှ စတင်ပြီး ပေါ်ဆန်းမွှေးဆန်များကို အိမ်အ ရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးမည် ဖြစ်သည်။

ဆန်စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ၁၅၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၅ ပြည်ခန့် တစ်အိတ်လျှင် ၂၆၅၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။