■ မန်ယူအသင်း မျှော်လင့်ထားသည့် အဆင့်အတန်းကို ရောက်အောင် ကြိုးစားရမည်ဟု အသင်းနည်းပြ တန်ဟက်ဂ် ပြောကြား

■ မန်ယူအသင်း မျှော်လင့်ထားသည့် အဆင့်အတန်းကို ရောက်အောင် ကြိုးစားရမည်ဟု အသင်းနည်းပြ တန်ဟက်ဂ် ပြောကြား
Published 5 July 2024

မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုပြီးနောက် မန်ယူအသင်း မျှော်လင့်ထားသည့် အဆင့်အတန်းကို ရောက်အောင် ပြင်းပြင်းထန်ထန်ကြိုးစားရမည်ဖြစ်ကြောင်း သိရှိရသည်။ 

    

မန်ယူအသင်းသည် ဇွန်လ (၆) ရက်က ဒတ်ချ်လူမျိုး နည်းပြ အဲရစ်တန်ဟက်ဂ်ကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုကြောင်း ကြေညာခဲ့သည်။ 

 

မန်ယူအသင်းသည် ယခုရက်ပိုင်းအတွင်း အသင်း၏ စီမံခန့်ခွဲမှုအခန်းကဏ္ဍနှင့်ပတ်သက်၍ ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ နည်းပြ တန်ဟက်ဂ်ကိုလည်း ရာသီကြို ခြေစမ်းခရီးစဉ် မစတင်မီ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်၌ စွမ်းဆောင်ရည်ကျဆင်းခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံရနိုင်သည့်အခြေအနေ ဖြစ်ခဲ့သော်လည်း ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်သည့် အသင်းတာဝန်ရှိသူများက ဆက်လက်ခန့်အပ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ၂၀၂၅ ခုနှစ်၌ စာချုပ်သက်တမ်းကုန်ဆုံးမည့် တန်ဟက်ဂ်ကို မူလကတည်းက သဘောတူညီမှု ရယူထားခဲ့သည့်အတိုင်း ၂၀၂၆ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုးရန်လည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    

မန်ယူအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် တန်ဟက်ဂ်က "ဒီအသင်းနဲ့ အတူ ရှေ့ဆက်ဖို့ သဘောတူညီမှုရခဲ့တဲ့အတွက် အလွန်ကျေနပ်မိပါတယ်။ ပြီးခဲ့တဲ့(၂)နှစ်မှာ ကျွန်တော်တို့ ဂုဏ်ယူစရာ ဆုဖလားနှစ်လုံး ရရှိခဲ့ ပေမဲ့ မန်ယူအသင်း မျှော်လင့်ထားတဲ့ အဆင့်အတန်းကို ရောက်ရှိဖို့ ပြင်းပြင်းထန်ထန် ကြိုးစားရမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent