■ အင်္ဂလန်မှာ စိုက်ပြီး ဂျာမနီမှာ ပွင့်တဲ့ပန်း

■ အင်္ဂလန်မှာ စိုက်ပြီး ဂျာမနီမှာ ပွင့်တဲ့ပန်း
Published 3 July 2024
AK

ဂျာမနီအတွက် မူဆီယာလာ အစွမ်းပြလေလေ၊  အင်္ဂလန်အသင်းပရိသတ်တွေ နာကျင်ရလေပါပဲ။ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ မူဆီယာလာရဲ့ ဓာတ်ပုံဟောင်းတွေကလည်း  အင်္ဂလန်ပရိသတ်တွေရဲ့နှလုံးသားကို ဓားနဲ့ခွဲပြီး ဆားနဲ့နယ်သလို ဖြစ်နေပါလိမ့်မယ်။ ချာတိတ်လေး မူဆီယာလာက ခြင်္သေ့သုံးကောင်အမှတ်တံဆိပ်ပါ အင်္ဂလန်အသင်းအင်္ကျီ ဝတ်ဆင်ပြီး အောင်ပွဲခံနေတာ၊ ဘယ်လင်ဟမ်နဲ့အတူ ဆုဖလားအောင်ပွဲတွေမှာမြင်ရတာ၊ အဲဒီဓာတ်ပုံဟောင်းတွေဟာ အင်္ဂလန်အသင်း ပရိသတ်တွေအတွက် FOMO (ဆုံးရှုံးရလို့နာကျင်စိတ်) ခံစားချက်ကို ပေးနေပါတယ်။