တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်ရေတပ်နှင့် တရုတ်ကမ်းခြေစောင့်တပ်အကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ဖိလစ်ပိုင်အနေဖြင့် ခြိမ်းခြောက်ခံမည်မဟုတ်ကြောင်း သမ္မတဖာဒီနန်မားကို့စ် ပြောကြား

တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်ရေတပ်နှင့် တရုတ်ကမ်းခြေစောင့်တပ်အကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ဖိလစ်ပိုင်အနေဖြင့် ခြိမ်းခြောက်ခံမည်မဟုတ်ကြောင်း သမ္မတဖာဒီနန်မားကို့စ် ပြောကြား
ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းဓာတ်ပုံတွင် ဇွန် ၁၇ ရက်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများ (ဝဲ) က ဖိလစ်ပိုင်သင်္ဘောများအနီးသို့ ချဉ်းကပ်လာပုံကို တွေ့ရစဉ်(Photo:AFP)
ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းဓာတ်ပုံတွင် ဇွန် ၁၇ ရက်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများ (ဝဲ) က ဖိလစ်ပိုင်သင်္ဘောများအနီးသို့ ချဉ်းကပ်လာပုံကို တွေ့ရစဉ်(Photo:AFP)
Published 23 June 2024
တောင်တရုတ်ပင်လယ်

တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်ရေတပ်နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ဖိလစ်ပိုင်အနေဖြင့် ခြိမ်းခြောက်ခံမည်မဟုတ်ကြောင်း  ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဇွန် ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ဖိလစ်ပိုင်တပ်ဖွဲ့များသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် Second Thomas သောင်ခုံအနီးတွင် ကျောက်ချရပ်နားထားသည့် Sierra Madre စစ်သင်္ဘောအပျက်ပေါ်တွင် တပ်စွဲထားသည့် ဖိလစ်ပိုင်မရိန်း တပ်ဖွဲ့ဝင်များအတွက် ရိက္ခာထောက်ပို့ပေးရန် ကြိုးပမ်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နယ်နိမိတ်များတွင် ၎င်း၏ပိုင်ဆိုင်ကြောင်း ကြေညာချက်ကို ခိုင်မာစေရန်လုပ်ဆောင်နေချိန်တွင် မကြာသေးမီလများအတွင်း တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။

“ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် ဖိနှိပ်မှုကိုမဆို ကျွန်တော်တို့ ဘယ်တော့မှ ခံမှာမဟုတ်ပါဘူး”ဟု မားကို့စ်က တောင်တရုတ်ပင်လယ်အတွင်းရှိ Second Thomas သောင်ခုံနှင့် အနီးဆုံးတွင်တည်ရှိသည့် ဖိလစ် ပိုင်၏ ပါလာဝမ်ကျွန်းပေါ်ရှိ တောင်တရုတ် ပင်လယ်ဆိုင်ရာတပ်ဖွဲ့၏ ဌာနချုပ်သို့ သွားရောက်သည့် ခရီးစဉ်တွင် မားကို့စ်က ပြောကြားခဲ့သည်။

မားကို့စ်သည် ဖိလစ်ပိုင်ရေတပ်၏ ထောက်ပို့မစ်ရှင်တွင် ပါဝင်ခဲ့သည့် သင်္ဘောသား ၈၀ ကို ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပြီး အခြေအနေသည် အန္တရာယ်ရှိနေသည့်တိုင်နိုင်ငံကို ကာကွယ်ရေးအတွက် တာဝန်များကို ကျေပွန်စွာ ဆက်လက်ထမ်းဆောင်ကြရန် တိုက်တွန်းခဲ့သည်။

Second Thomas သောင်ခုံသည် ပါ လာဝမ်ကျွန်းနှင့် ကီလိုမီတာ ၂၀၀ (မိုင် ၁၂၀) အကွာတွင်တည်ရှိပြီး တရုတ်၏ အနီးဆုံးကုန်းမြေဖြစ်သည့် ဟိုင်နန်ကျွန်းနှင့် ကီလိုမီတာ ၁၀၀၀ ကျော်အကွာတွင် တည်ရှိသည်။

ဇွန် ၁၉ ရက် နှောင်းပိုင်းတွင် ဖိလစ်ပိုင် စစ်တပ်က ထုတ်ပြန်ခဲ့သည့် ထိပ်တိုက်ရင်ဆိုင်တွေ့မှု ဗီဒီယိုမှတ်တမ်းတွင် သေးငယ်သည့် သင်္ဘောများပေါ်တွင် တုတ်များ၊ ဓားများကို ဝှေ့ရမ်းနေသည့် တရုတ်သင်္ဘောသားများသည် အော်ဟစ်ပြီး လေသွင်းလှေတစ်စင်းကို တိုက်ခိုက်ရန်ကြိုးပမ်းနေပုံများကို ဖော်ပြခဲ့သည်။

ပုဆိန်ကိုင်ထားသည့် တရုတ်သင်္ဘောသားတစ်ဦးသည် ဖိလစ်ပိုင်စစ်သားအား ဒဏ်ရာရလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး အခြားသူများကလည်း ဖိလစ်ပိုင်စစ်သားများကို ထိခိုက်နစ်နာလိမ့်မည်ဟု ရှင်းရှင်းလင်းလင်း ခြိမ်းခြောက်ခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်တွင် ဖိလစ်ပိုင်သင်္ဘောသားတစ်ဦး လက်မတစ်ချောင်းဆုံးရှုံးသွားခဲ့ပြီး တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သည် ဖိလစ်ပိုင်၏ သေနတ်များအပါအဝင် ပစ္စည်းကိရိယာများကို သိမ်းယူမှု၊ ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်ဟု ဖိလစ်ပိုင် စစ်တပ်က ပြောကြားခဲ့သည်။

တရုတ်အစိုးရကလည်း အဆိုပါ ထိပ်တိုက်တွေ့မှုအတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ပရော်ဖက်ရှင်နယ်ဆန်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သည့်နည်းဖြင့် လုပ်ဆောင်ခဲ့ကြောင်းနှင့် ဖိလစ်ပိုင်စစ်မှုထမ်းများကို ဆန့်ကျင်သည့် တိုက်ရိုက်စီမံချက်များ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent