တရုတ်တိုင်းရင်းဆေးလောကအတွက် အိမ်မြှောင်များကိုရှာဖွေပြီး အသက်မွေးဝမ်းကျောင်းပြုနေသော အင်ဒိုနီးရှားနိုင်ငံသားများ

တရုတ်တိုင်းရင်းဆေးလောကအတွက် အိမ်မြှောင်များကိုရှာဖွေပြီး အသက်မွေးဝမ်းကျောင်းပြုနေသော အင်ဒိုနီးရှားနိုင်ငံသားများ
Photo-CNA
Photo-CNA
Published 23 June 2024

ဒိုဒီဟာမာဝမ်အမည်ရှိအမျိုးသားနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များသည် အနောက်နှင့်အလယ်ပိုင်း ဂျာဗားကျွန်းရှိ ကျေးရွာတစ်ဝိုက်တွင် ညအချိန်များ၌ တာဝန်တစ်ခုဆောင်ရွက်လေ့ရှိသည်။

၎င်းတို့သည် အိမ်တစ်အိမ်မှ နောက်တစ်အိမ်သို့ ကူးပြောင်းချိန်တွင် အနှောင့်အယှက်ကင်းသွားပြီ ဖြစ်သောကြောင့် ဝမ်းသာသွားသော ဒေသခံများနှင့် အမြဲကြုံတွေ့လေ့ရှိ သည်။

အသက် ၄၂ နှစ်အရွယ်ဒိုဒီနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များသည် နေအိမ်များရှိ အိမ်မြှောင်များကိုအမဲ လိုက်သူများ ဖြစ်ကြသည်။

ထိပ်ပိုင်းတွင် ကော်များကပ်ထားသော နှစ်မီတာခန့်ရှည်သည့် တုတ်များကို အသုံးပြု၍ ၎င်းတို့သည် အိမ်မြှောင်များကို လျင်မြန်စွာတို့လိုက်ပြီးနောက် တုတ်၏ထိပ်ဖျားရှိ ကော်ဖြင့်ကပ်နေသော အိမ်မြှောင်များကို ဖြေးညင်းစွာ ဆွဲခွာပြီးနောက် ခြင်းများအတွင်းသို့ ထည့်ခဲ့သည်။

ကံကောင်းသည့် ညမျိုးတွင်အမဲလိုက်သမားတစ်ဦးစီသည် ရှစ်နာရီအချိန်အတွင်း အိမ်မြှောင်အကောင်ရေ ၄၀၀ ခန့်ဖမ်းမိနိုင်ပြီး အထူးသဖြင့် မိုးရွာသည့်နေ့မျိုးတွင် အိမ်မြှောင်များအတွက် အမဲလိုက်ရန် အင်းဆက်များ ထွက်ပေါ်တတ်သောကြောင့် အိမ်မြှောင်အကောင် ရေနှစ်ဆခန့် ပိုမိုဖမ်းဆီးနိုင်သည်။

“ဒါတွေအားလုံးရဲ့အစကတော့ ကျွန်တော့်အကိုက ကျွန်တော့်ကို အိမ်မြှောင်တွေ ဖမ်းတဲ့တာဝန်ပေးပြီး သူက ဒီအိမ်မြှောင်တွေကို ပြန်ရောင်းရာက နေစခဲ့တာပါ”ဟု လွန်ခဲ့သည့် ၁၂ နှစ်ခန့် ယင်းအလုပ်ကို စတင်လုပ် ဆောင်ဖြစ်ခဲ့သော ဒိုဒီက ဆိုသည်။

“အစပိုင်းမှာတော့ အိမ်မြှောင်ဖမ်းတဲ့ အလုပ်ကနေ ပိုက်ဆံရတယ်ဆိုတာ ဘယ်သူမှမယုံကြည်တဲ့အတွက် ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ကြပါဘူး”ဟု ၎င်းကဆိုသည်။

ဒိုဒီက ယင်းသည်အလုပ်ဖြစ်ကြောင်း သက်သေပြပေးခဲ့သည်။သူသည် ပထမဆုံးရက်အနည်းငယ်၌ တစ်ညလျှင် အိမ်မြှောင်အကောင်ရေ ၁၀၀ ခန့်ဖမ်းမိပြီး ၎င်း၏အကိုဖြစ်သူကို ကိုးဒေါ်လာဖြင့်ပြန်လည် ရောင်းချနိုင်ခဲ့သည်။

၎င်း၏အကိုသည် ညီဖြစ်သူထံမှ ဝယ်ယူထားသည့် အိမ်မြှောင်များကို တရုတ်တိုင်းရင်းဆေးတွင် အသုံးပြုမည့် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံသို့ အိမ်မြှောင်များကို တင်ပို့သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံသို့ ပြန်လည်ရောင်းချခဲ့သည်။

အနောက်ဂျာဗားရှိ ကာတာဆူရာကျေးရွာတွင် နေထိုင်သည့်ကုန် ကျစရိတ်သည် ဂျကာတာ သို့မဟုတ် ဘန်ဒေါင်းကဲ့သို့ မြို့ကြီးများတွင်နေထိုင်သော ကုန်ကျစရိတ်နှင့်နှိုင်းယှဉ်လျှင် အလွန်နည်းသောကြောင့်ထို အချိန်က ရရှိသောဝင်ငွေသည် အလွန်များပြားခဲ့သည်ဟုဆိုသည်။

“အိမ်မြှောင်တွေကို ဝယ်တဲ့လူတွေရှိတယ်ဆိုတဲ့ ကျွန်တော့်အလုပ်အကြောင်း လူတွေပိုသိလာလေ ဒီအလုပ်ကို လုပ်ကိုင်လာသူ ပိုများလာပါ တယ်”ဟု ဒိုဒီက ဆိုသည်။

လက်ရှိတွင် ၎င်းကျေးရွာရှိလူဦးရေ ၉,၀၀၀ တွင် ဒါဇင်နှင့်ချီသူများသည် တင်ပို့ရန်အတွက် အိမ်မြှောင်များကို လိုက်လံရှာဖွေ ဖမ်းဆီးကြသည်။

အင်ဒိုနီးရှားတွင် အိမ်မြှောင်များသည် အလွန်ပေါများလျက်ရှိသည်ဟု ယူဆထားကြောင်း အိမ် မြှောင်အမဲလိုက်သူများက ဆိုသည်။

အိမ်မြှောင်သည် တိုင်းရင်းဆေးဝါးအတွက် အသုံးပြုသည့် တောက်တဲ့မျိုးစိတ်တစ်မျိုးသာမက အင်ဒိုနီးရှားအစိုးရသည် မျိုးစိတ်အများအပြားအတွက်လည်း ခွဲတမ်း သတ်မှတ်ပေးထားသည်။

၎င်းတို့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် သို့မဟုတ် စားသုံးရန်အတွက် ဖမ်းဆီးနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီးဌာနမှ သယံဇာတနှင့် ဂေဟစနစ်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆက်ရာဝမ်ပူ ရတ်မိုကိုက ဆိုသည်။

အနောက်ဂျာဗား၊ အလယ်ဂျာဗား၊ အရှေ့ဂျာဗားနှင့် ရော့ယာကာတာပြည်နယ်များတွင် အိမ်မြှောင် မျိုးစိတ်သုံးမျိုးကိုသာ ဖမ်းခွင့်ပြုထားပြီး ၎င်းတို့ကို ပို့ကုန်အလားအလာရှိသော ဒေသများဟု သတ်မှတ်ထား ကြောင်း ဒေါက်တာဆက်ရာဝမ်က ဆိုသည်။

ကျေးရွာများတွင် အသေးစားလုပ်ငန်းများနှင့် အိမ်မြှောင်ဖမ်းဆီးသူများနှင့်အတူ အလုပ်လုပ်ကိုင်နေသည့် ပို့ကုန်ပါမစ်ကိုင်ဆောင်ထားသူ ငါးဦးကျော်ရှိသည်ဟု ၎င်းက ဆိုသည်။

“ရွာသားတွေက အိမ်မြှောင်တွေကို အရွယ်အစားအလိုက်ဖမ်းဆီးတာ၊ စုဆောင်းတာ၊အမျိုးအစားခွဲတာတွေ ပြုလုပ်ပြီး အခြောက်ခံကာ နောက်ဆုံးထုတ်ပိုးတာတွေ ပြုလုပ်ကြပါတယ်။ဒီလုပ်ဆောင်မှုတွေဟာ ဝင်ငွေရဲ့အဓိက ဒါမှမဟုတ် ထပ်တိုးအရင်းအမြစ်ဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာဆက်ရာဝမ်ကဆိုသည်။

ဒိုဒီက “ကျွန်တော့်အကိုကတင် ပို့သူတစ်ဦးအဖြစ် ဝင်ငွေပိုကောင်းပါတယ်။ကျွန်တော်ကတော့ လုပ် ငန်းကျွမ်းကျင်မှုမရှိတဲ့အတွက် အိမ်မြှောင်အမဲလိုက်တဲ့ အလုပ်ကိုပဲအာရုံစိုက် လုပ်ဆောင်နေပါတယ်။ကျွန် တော်က ဒီနေရာမှာ အိမ်မြှောင်အမဲလိုက်တဲ့အလုပ်ကို ရှေ့ဆောင်လမ်း ပြခဲ့တာပါ ” ဟုဆိုသည်။

Ref:CNA

Most Read

Most Recent