ပေါ်တူဂီကမ္ဘာအတွက် စီရော်နယ်လ်ဒို လိုအပ်သေးလား

ပေါ်တူဂီကမ္ဘာအတွက် စီရော်နယ်လ်ဒို လိုအပ်သေးလား
Photo : AFP
Photo : AFP
Published 20 June 2024
AK

သံသယမျက်ဝန်းတွေဟာ အသက် ၃၉ နှစ် အရွယ် သူ့ဆီ ပုံကျနေတယ်။ ဘာလို့များ သူက ပေါ် တူဂီကို ဦးဆောင်ခွင့်ရနေသေးတာလဲ။ အခြား တစ်ဖက်မှာ ပေါ်တူဂီအသင်းလေ့ကျင့်ရေးကွင်းကို ရောက်လာသူများစွာ၊ သူတို့က စီရော်နယ်လ်ဒို အရှင်လတ်လတ် မြင်တွေ့လိုစိတ်ပြင်းပြနေပါတယ်။ ပရိသတ်တစ်ဦးဆိုရင် စီရော်နယ်လ်ဒိုကိုနှုတ်ဆက်ချင်လွန်းလို့ ကွင်းထဲ ပြေးဝင်သွားတယ်။ အဲဒီလို မြင်ကွင်းမျိုးက စီရော်နယ်လ်ဒိုနဲ့ပတ်သက်ရင် ရိုးအီနေပါပြီ။ ဒါပေမဲ့ ပရိသတ်တွေအတွက် တစ်သက်မှာတစ်ခါသာကြုံရမယ့် မဟာအခွင့်အရေးလို ဖြစ်နေဆဲပဲ။  ပေါ် တူဂီနဲ့ချက်အသင်းကစားတဲ့ ဂျာမနီနိုင်ငံ၊ လိုက်ပ်ဇစ်မြို့ဟာ မသိရင်၊ စီရော်နယ်လ်ဒိုရဲ့ မွေးရပ်မြေလိုထင်မှတ်မှားစရာပါ။

 

Most Read

Most Recent