အမေရိကန်က ရုရှားကို ပိတ်ဆို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်လိုက်ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ပိတ်ပင်

အမေရိကန်က ရုရှားကို ပိတ်ဆို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်လိုက်ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ပိတ်ပင်
Published 13 June 2024

ဇွန် ၁၂ ရက်တွင် အမေရိကန်ပြည်ထောင်စုက ရုရှားကို ပိတ်ဆို့မှုများ ကျယ်ကျယ်ပြန့် ပြန့်လုပ်ဆောင်ခဲ့ရာ ရုရှားထံ တစ်ပိုင်းလျှပ် ကူးပစ္စည်းများ- semiconductors ရောင်းချနေသော တရုတ်အခြေစိုက် ကုမ္ပဏီများကို ပိတ်ပင်ခြင်းလည်းပါဝင်နေသည်။

ယခုကဲ့ သို့ပိတ်ဆို့ခြင်းသည် ယူကရိန်းတွင် စစ်ပွဲ ဆင်နွှဲနေသော ရုရှား၏ စစ်လက်နက် ပစ္စည်း များကို အားနည်းသွားအောင်လုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော ပိတ်ပင်မှုများထဲတွင် ရုရှား၏ စစ်စီးပွားရေးနှင့် ပတ်သက်ဆက်နွှယ်နေသော ပြည်ပငွေကြေးအဖွဲ့အစည်းများအတွက် ဆင့်ပွားပိတ်ဆို့မှု အန္တရာယ်ကို မြင့်တင်ခဲ့ ခြင်းလည်းပါဝင်ခဲ့ပြီး အဆိုပါဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့် အမေရိကန်        ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်ဆောင်ရွက်ခွင့် ဆုံးရှုံးမည်ဟုလည်း ခြိမ်းခြောက်ထားသည်။ 

ထို့အပြင်အချို့သော အမေရိကန်ဆော့ဝဲနှင့် အိုင်တီဝန်ဆောင်မှုလုပ်ငန်းများကို  ရုရှား စစ်ဘက်-စက်မှု အခြေခံများ၏အမြတ်ထုတ် အသုံးပြုနိုင်မှုစွမ်းရည်ကို ကန့်သတ်ရန်လည်း ဆောင်ရွက်နေသည်ဟုဆိုသည်။ နိုင်ငံခြား ရေးဝန်ကြီးဌာနကလည်း လုပ်ငန်းနှင့်ပုဂ္ဂိုလ်  ၃၀၀ ကျော်ကို ပိတ်ဆို့ခဲ့သည်။   

Ref: AFP

Most Read

Most Recent