ဘာပေ၏ မိတ်ဆက်ပွဲအခမ်းအနားအား ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ဇူလိုင် (၁၆)ရက်နေ့တွင် ဘာနေဗျူးကွင်း၌ ကျင်းပပြုလုပ်သွားမည်ဟု ရီးယဲလ်အတည်ပြုကြေညာ

ဘာပေ၏ မိတ်ဆက်ပွဲအခမ်းအနားအား ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ဇူလိုင် (၁၆)ရက်နေ့တွင် ဘာနေဗျူးကွင်း၌ ကျင်းပပြုလုပ်သွားမည်ဟု ရီးယဲလ်အတည်ပြုကြေညာ
Photo: Mbappe Era
Photo: Mbappe Era
Published 13 June 2024

ရီးယဲလ်မက်ဒရစ်အသင်းသည် ကစားသမားသမားသစ်ဖြစ်သူ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး ဘာပေ၏ မိတ်ဆက်ပွဲအခမ်းအနားအား ယူရို -၂၀၂၄ ပြိုင်ပွဲအပြီး ဇူလိုင် (၁၆)ရက်နေ့တွင် ဘာနေဗျူးကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်ဇွန် (၃)ရက်နေ့က PSG အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် ဘာပေအား အလွတ်ပြောင်းရွှေ့ ကြေးဖြင့်ခေါ်ယူကာ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပြီး လာမည့်ဇူလိုင်လတွင်မှ တရားဝင်မိတ်ဆက်ပွဲပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဘာပေသည် လက်ရှိတွင် ပြင်သစ်လက်ရွေးစင်အသင်းနှင့်အတူ ယူရို-၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် ဂျာမနီနိုင်ငံသို့ရောက်ရှိနေပြီး ယူရိုပြိုင်ပွဲအပြီးမှသာ ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်းသိရသည်။

အသက် (၂၅)နှစ်အရွယ်ရှိ ဘာပေသည် ရီးယဲလ်မက်ဒရစ်အသင်း၏ ဘာနေဗျူးကွင်းသစ်ကြီးတွင် မိတ်ဆက်အခမ်းအနားပြုလုပ်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး စီရော်နယ်လ်ဒို (၂၀၀၉)၏နောက် ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ပရိသတ်အများဆုံးကစားသမားမိတ်ဆက်ပွဲဖြစ်လာဖွယ်ရှိနေကြောင်း Marca ကဖော်ပြခဲ့သည်။

 

Most Read

Most Recent