သမိုင်းထဲက ယူရို(၁)

သမိုင်းထဲက ယူရို(၁)
Photo: UEFA
Photo: UEFA
Published 13 June 2024

(၁၇)ကြိမ်မြောက် ယူရို-၂၀၂၄ ပြိုင်ပွဲကို ဇွန်(၁၄)ရက်နေ့မှာ စတင်ကျင်းပတော့မှာပါ။ ယူရိုပြိုင်ပွဲက ဥရောပရဲ့ အကြီးကျယ်အခမ်းနားဆုံးသော ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး သမိုင်းတစ်လျှောက် ရင်ခုန်စိတ်လှုပ်ရှားစရာ အကြောင်းအရာများစွာကိုလည်း ချန်ရစ်ထားခဲ့ပါတယ်။ သမိုင်းထဲက ယူရိုခြေရာတွေကို ပြန်လည်ဖွေရှာပြီး Eleven Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ် . . . 

(၁၇)ကြိမ်မြောက် ယူရို-၂၀၂၄ ပြိုင်ပွဲကို ဇွန်(၁၄)ရက်နေ့မှာ စတင်ကျင်းပတော့မှာပါ။ ယူရိုပြိုင်ပွဲက ဥရောပရဲ့ အကြီးကျယ်အခမ်းနားဆုံးသော ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး သမိုင်းတစ်လျှောက် ရင်ခုန်စိတ်လှုပ်ရှားစရာ အကြောင်းအရာများစွာကိုလည်း ချန်ရစ်ထားခဲ့ပါတယ်။ သမိုင်းထဲက ယူရိုခြေရာတွေကို ပြန်လည်ဖွေရှာပြီး Eleven Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ် . . . 

၁၉၆၀ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ဥရောပအသင်းများသာပါဝင်ကြမည့် ဥရောပဖလားဘောလုံးပြိုင်ပွဲ၏ ပထမဆုံးပြိုင်ပွဲကအစတို့၏ထုံးစံအတိုင်းခက်ခဲမှုများနှင့်စ တင်ခဲ့သည်။ ပြိုင်ပွဲ၏ဥရောပဘောလုံးအင်အားကြီးနိုင်ငံများဖြစ် ကြသည့် အင်္ဂလန်၊ အီတလီနှင့် အနောက်ဂျာမနီတို့ပါဝင်ခြင်းမပြု ခဲ့ကြသလို၊ ပြိုင်ပွဲဝင်အသင်းများအတွက် ဗီဇာပြဿနာစသည့် အခက်အခဲများနှင့်လည်းရင်ဆိုင်ခဲ့ရသည်။ ပြိုင်ပွဲကျင်းပပုံမှာ ထိုစဉ်ကာလကအောင်မြင်မှုများရရှိနေသည့် ချန်ပီယံလိဂ်ဖလား၊ UEFA ဖလားတို့ကဲ့သို့ အိမ်ကွင်းအဝေးကွင်းစနစ်ကိုသုံးစွဲခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်တွင်မှ အိမ်ရှင်တစ်သင်းရွေးချယ်ကာ ယှဉ်ပြိုင်မည့်ပုံစံကိုရွေးချယ်ခဲ့သည်။ ပြိုင်ပွဲကိုဥရောပတစ်လွှားမှ အသင်း (၁၇)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ ဆိုဗီယက်၊ ပြင်သစ်၊ ရိုမေးနီးယား၊ သြစတြီးယား၊ ယူဂိုဆလားဗီးယား၊ ပေါ်တူဂီ၊ စပိန်နှင့် ချက်ကိုဆလိုဗက်ကီးယားတို့တက်ရောက်ခဲ့ကြသည်။ ကွာ တားဖိုင်နယ်တွင် စပိန်ဗိုလ်ချုပ်ဖရန်ကိုက စပိန်နှင့်ကစားမည့် ဆိုဗီ ယက်အသင်းကိုပြည်ဝင်ခွင့်မပေးခဲ့သလို ဆိုဗီယက်မြေတွင်သွား ရောက်ယှဉ်ပြိုင်ရန်လည်းငြင်းဆန်ခဲ့သဖြင့် ဆိုဗီယက်အသင်းမှာ ဆီမီးဖိုင်နယ်သို့အလိုအလျောက်တက်ရောက်ခွင့်ရရှိခဲ့သည်။ အခြားပွဲစဉ်များအပြီးတွင် ပြင်သစ်၊ ယူဂိုဆလားဗီးယားနှင့် ချက်ကို ဆလိုဗက်ကီးယားတို့ဆီမီးတက်ခဲ့ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ဗိုလ်လုပွဲတွင်လည်းယူဂိုဆလားဗီးယားအသင်းမှာ  ခြေအသာဖြင့်ကစားနိုင်ခဲ့သော်လည်း ဆိုဗီယက်အသင်းဂန္တဝင်ကစား သမားဖြစ်သူ ဂိုးသမားလက်ဗ်ယာရှင်၏ အစွမ်းပြမှုများကြောင့်ပွဲချိန် အတွင်း (၁-၁)ဂိုးစီသရေကျနေခဲ့ပြီး အချိန်ပိုတွင် ဆိုဗီယက်တိုက်စစ်မှူး ပိုနီဒယ်လ်နစ်က တစ်ကြိမ်သာရရှိသည့့် အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သဖြင့် ပထမဆုံးကျင်းပသည့် ဥရောပဖလား ဘောလုံးပြိုင်ပွဲတွင် ဆိုဗီယက်တို့အောင်ပွဲခံနိုင်ခဲ့သည်။

    

၁၉၆၄ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ၁၉၆၀ ဥရောပဖလားဘောလုံးပြိုင်ပွဲ၏ အောင်မြင်မှု များကြောင့် ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၂)သင်းတိုးမြှင့်လာ ခဲ့ပြီး အသင်းပေါင်း (၂၉)သင်းခြေစစ်ပွဲအဆင့်များတွင်ပါဝင်ယှဉ် ပြိ်ုင်ခဲ့ကြသည်။ အနောက်ဂျာမနီအသင်းပါဝင်ခြင်းမရှိသေးသော်လည်း အီတလီ၊ အင်္ဂလန်စသည့် ဥရောပဘောလုံးအင်အားကြီးနိုင်ငံများပါဝင်လာခဲ့သဖြင့် ပြိုင်ပွဲအရှိန်အဝါကြီးမားမှုကို သက်သေပြရာ ရောက်ခဲ့သည်။ ပြိုင်ပွဲဝင်အသင်းများ များပြားလာခဲ့သဖြင့် အကြို ခြေစစ်ပွဲစဉ်များယှဉ်ပြိုင်ခဲ့ရသည်။ လက်ရှိချန်ပီယံဆိုဗီယက်၊ သြစတြီးယားနှင့် လူဇင်ဘတ်တို့မှာ Bye  ရခဲ့သဖြင့်ပထမအဆင့် သို့အလိုအလျောက်တက်ရောက်ခွင့်ရခဲ့သလို၊ ဂရိအသင်းမှာလည်း ၎င်းတို့နှင့် စစ်ဖြစ်နေသည့်အယ်လ်ဘေးနီးယားနိုင်ငံနှင့်ယှဉ်ပြိုင်ရန် ငြင်းဆန်ခဲ့သဖြင့် အယ်လ်ဘေးနီးယားမှာလည်း ပြိုင်ပွဲယှဉ်ပြိုင်ရ ခြင်းမရှိဘဲ ပထမအဆင့်သို့ရောက်ရှိလာခဲ့သည်။ ဆာအဲလ်ဖ်ရမ် ဆေး၏ကိုင်တွယ်မှုအောက်တွင် ပထမဆုံးပြိုင်ပွဲအဖြစ်ယှဉ်ပြိုင် ခဲ့ သည့် အင်္ဂလန်အသင်းမှာ ပြင်သစ်အသင်းကိုနှစ်ကျော့ပေါင်း (၆-၃) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရသည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ စပိန်၊ ဆိုဗီယက်၊ ဟန်ဂေရီနှင့် ဒိန်းမတ်တို့တက်ရောက်လာခဲ့ကြပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကိုလက်ခံကျင်းပမည့်နိုင်ငံအဖြစ်စပိန်နိုင် ငံကိုရွေးချယ်ခဲ့ကြသည်။ ဆီမီးဖိုင်နယ် ပထမပွဲစဉ်$ အိမ်ရှင်စပိန်အသင်းမှာ ဥရောပတွင် ခြေစွမ်းတက်နေသည့် ဟန်ဂေရီအသင်းကို အချိန်ပိုတွင် (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့ပြီး ဆိုဗီယက်အသင်းမှာ ဒိန်းမတ်အသင်းကို (၃-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ သည်။ ရီးယဲလ်အသင်း၏အိမ်ကွင်းဆန်တီယာဂိုဘာနေဗျူးတွင် ကျင်းပခဲ့သည့် ဗိုလ်လုပွဲစဉ်တွင် ပွဲအစ(၁၀)မိနစ်အတွင်းတစ်ဖက် (၁)ဂိုးစီသွင်းယူနိုင်ခဲ့ကြပြီး ပွဲပြီးရန်(၆)မိနစ်အလိုတွင် စပိန်အသင်း ကိုချန်ပီယံဆုရရှိစေမည့် အနိုင်ဂိုးကို မာဆယ်လီနိုက ခေါင်းတိုက်သွင်းယူခဲ့ကာ စပိန်ဘောလုံးအသင်း၏ သမိုင်းတစ်လျှောက်ပထမဆုံး ဥရောပဖလား အောင်မြင်မှုကိုရရှိစေခဲ့သည်။

၁၉၆၈ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ယခုနှစ်ပြိုင်ပွဲတွင် ပြောင်းလဲမှုများစတင်ပြုလုပ်ခဲ့သည်။ ပထမဆုံးအနေဖြင့် ပြိုင်ပွဲ၏မူလအမည်ဖြစ်သည့် European Nation's Cup  ကို UEFA European Championship အဖြစ်သို့ပြောင်းလဲခဲ့သည်။ ဒုတိယအနေဖြင့် ပြိုင် ပွဲ၏ ခြေစစ်ပွဲပုံစံကို ပြောင်းလဲခဲ့ပြီး မူလကယှဉ်ပြိုင်ခဲ့သည့် အိမ်ကွင်း၊ အဝေးကွင်းပုံစံအစား အုပ်စုပတ်လည်ယှဉ်ပြိုင်သည့်ပုံစံကိုပြောင်းလဲခဲ့သည်။ ပြိုင်ပွဲကို ထိုစဉ်က UEFA အဖွဲ့ဝင်နိုင်ငံ (၃၃)နိုင်ငံအနက် (၃၁)နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယင်း(၃၁)နိုင်ငံအား (၄)သင်း (၇)အုပ်စုနှင့် (၃)သင်း (၁)အုပ်စုခွဲဝေ ယှဉ်ပြိုင်စေကာ အုပ်စုထိပ်ဆုံးအသင်းများကို ရှုံးထွက်ပွဲစဉ်များဆက်လက်ယှဉ်ပြိုင် စေခဲ့သည်။ ထူးခြားမှုအဖြစ် အုပ်စု(ဂ)တွင် ဗြိတိန်အသင်း (၄)သင်းဖြစ်သည့် အင်္ဂလန်၊ စကော့တလန်၊ မြောက်အိုင်ယာလန် နှင့်ဝေးလ် စ်တို့ ပါဝင်ခဲ့ကြပြီး ခြေစစ်ပွဲစဉ်များကို သီးသန့်ယှဉ်ပြိုင်ခဲ့ဖြင်းမဟုတ် ဘဲ ၁၉၆၆-၉၇ နှင့် ၆၇-၆၈ British Home Championship  ပြိုင်ပွဲများ၏ရလဒ်များကို ခြေစစ်ပွဲရလဒ်များအဖြစ်သတ် မှတ်ခဲ့ခြင်းဖြစ်ကာ ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံအင်္ဂလန်တို့ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ရှုံးထွက်ပွဲစဉ်များတွင်လက်ရှိချန်ပီယံစပိန်ကို အင်္ဂလန်ကနှစ်ကျော့စလုံးအနိုင်ယူခဲ့သလို၊ ၁၉၆၆ ကမ္ဘာ့ဖလားတွင် မြောက် ကိုရီးယားကို ရှုံးနိမ့်ပြီး ဂုဏ်သိက္ခာကျဆင်းခဲ့သဖြင့် ပြန်လည်သွေးသစ်လောင်းထားသည့် အီတလီ၊ ချန်ပီယံဟောင်းဆိုဗီယက်ယူနီယံနှင့် ယူဂိုဆလားဗီးယားတို့နောက် ဆုံးအဆင့်သို့တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်တွင် ယူဂိုဆလားဗီးယားအသင်း က အင်္ဂလန်အသင်းကို (၁-၀)ဂိုးဖြင့်အနိုင်ယူခဲ့သည်။ ဗိုလ်လုပွဲတွင် အီတလီအသင်းမှာ ယူဂိုဆလားဗီးယားအသင်းကို (၁)ဂိုး စီ သရေသာကစားနိုင်ခဲ့သည်။ ပြန်ကန်ပွဲတွင်မှု အီတလီတို့ (၂-၀) ဂိုးဖြင့်အနိုင်ကစားခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတွင် ပထမဆုံးဗိုလ်စွဲခဲ့သည်။ 

၁၉၇၂ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ယခုနှစ်ပြိုင်ပွဲကို ဥရောပတိုင်မှ နိုင်ငံပေါင်း (၃၂)နိုင်ငံ ခြေစစ်ပွဲဝင်ခဲ့ကြသည်။ ပြီးခဲ့သည့် ၁၉၆၈ ပြိုင်ပွဲစနစ်အတိုင်းပင် ကျင်းပခဲ့သည်။ ခြေစစ်ပွဲဝင်အသင်း (၃၂)သင်းကို (၄)သင်းစီပါ ဝင်သည့်အုပ်စု (၈)စုခွဲဝေခဲ့ပြီး အုပ်စုထိပ်ဆုံးအသင်းများဖြစ်သည့် အီတလီ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ အနောက်ဂျာမနီ၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ယူဂိုဆလားဗီးယားနှင့် ဆိုဗီယက်ယူနီယံတို့တက် ရောက်ခဲ့ကြသည်။ ကွာတားဖိုင်နယ်တွင် ဘယ်လ်ဂျီယံအသင်းက လက်ရှိချန်ပီယံအီတလီအသင်းကို အနိုင်ယူခဲ့သလို၊ အနောက်ဂျာ မနီအသင်းမှာလည်း ဝင်ဘလေကွင်းတွင် အင်္ဂလန်ကိုအနိုင်ယူခဲ့ သည်။ ဟန်ဂေရီက ရိုမေးနီးယားကိုအနိုင်ယူခဲ့ပြီး ဆိုဗီယက်ယူနီ ယံအသင်းက ယူဂိုဆလားဗီးယားအသင်းကိုကျော်ဖြတ်ကာ နောက်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြသည်။ နောက်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြသည့် အသင်း(၄) သင်းအနက်ဘယ်လ်ဂျီယံကိုအိမ်ရှင်အဖြစ်ရွေးချယ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲများကိုဆက်လက်ယှဉ်ပြိုင်ခဲ့သည်။ အနောက်ဂျာမနီအသင်းသည် ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ဘယ်လ်ဂျီယံအသင်းနှင့်ဆုံ တွေ့ခဲ့သည်။ ပြီးခဲ့သည့်ပြိုင်ပွဲ (၂)ကြိမ်တွင် အိမ်ရှင်အသင်းများဖြစ်သည့် စပိန်နှင့် အီတလီတို့ ဗိုလ်စွဲခဲ့သည့် ကံကြမ္မာမျိုး ဘယ်လ်ဂျီယံတို့မရခဲ့။ အနောက်ဂျာမနီ အသင်းကိုအဖက်ဖက်ကမယှဉ်နိုင်ခဲ့ဘဲ(၂-၁)ဂိုးဖြင့်ရှုံးနိမ့် ခဲ့ရသည်။ အခြားဆီမီးဖိုင်နယ် ပွဲစဉ်တွင် ဆိုဗီယက်ယူနီယံအသင်းက ဟန်ဂေရီအသင်းကို ကွန်ကော့ဗ်၏တစ်လုံးတည်းသောဂိုးဖြင့်အနိုင်ယူခဲ့သည်။ ဗိုလ်လုပွဲမှာ ထင်သလောက်ကြည့် ကောင်းသည့်ပွဲမဟုတ်ခဲ့။ အနောက်ဂျာမနီအသင်းက ပွဲကိုအစ အဆုံးစိုးမိုးကစားသွားခဲ့သည်။ ယင်းပွဲတွင် အနောက်ဂျာမနီအ သင်းအတွက် ဂတ်မူလာက(၂)ဂိုး၊ ဟားဘတ်ဝင်းမားက (၁)ဂိုး သွင်းယူပေးခဲ့ပြီး (၃-၀)ဂိုးဖြင့် ဆိုဗီယက်အသင်းကိုအ နိုင်ယူခဲ့ သည်။ ယင်းရလဒ်မှာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်ဂိုးအပြတ်ဆုံး ဗိုလ်လုပွဲလည်းဖြစ်ခဲ့သည်။ 

၁၉၇၆  ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ယခုပြိုင်ပွဲတွင်လည်းဥရောပတစ်ဝှမ်းမှ အသင်းပေါင်း(၃၂)သင်း ခြေစစ်ပွဲဝင်ခဲ့ကြသည်။ ထုံးစံအတိုင်း (၄)သင်း (၈)အုပ်စုခွဲခဲ့ပြီး ထိပ် ဆုံးအသင်းများ ရှုံးထွက်ပွဲစဉ်များကစားသည့်ပုံစံကိုပင်ကျင့်သုံးခဲ့့ သည်။ ရှုံးထွက်အဆင့်သို့ အုပ်စုဗိုလ်အသင်းများတက်ရောက်ခဲ့ပြီး၊ ချက်ကိုဆလိုဗက်ကီးယားက ဆိုဗီယက်၊ ယူဂိုဆလားဗီးယားက ဝေးလ်၊ လက်ရှိချန်ပီယံအနောက်ဂျာမနီကစပိန်၊ ဟော်လန်က ဘယ်လ်ဂျီယံ အသင်းတို့ကို အသီးသီးအနိုင်ယူခဲ့ကြသည်။ ခြေစစ်ပွဲအောင်အသင်း(၄)သင်းအနက်မှာ အိမ်ရှင် အသင်းအဖြစ် ယူဂိုဆလားဗီးယားအသင်းကိုရွေးချယ်ခဲ့သည်။ ယင်းအ တွက်ကြောင့် ယူရိုပြိုင်ပွဲကို အရှေ့ဥရောပတွင် ပထမဆုံး လက်ခံကျင်းပသည့်နိုင်ငံအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် နာမည် ကျော် ဂျိုဟန်ခရိုက်ဖ်၊ နီးစ်ကင်စသည့် ကစားသမားများပါဝင်သည့် ဟော်လန်အသင်းနှင့် ချက်အသင်းတို့ မိနစ်(၉၀)အပြီးတွင် (၁-၁)ဂိုးစီသရေကျခဲ့သည်။ အချိန်ပိုတွင်ချက်အသင်းကနောက်ကျ ဂိုး(၂)ဂိုးထပ်မံသွင်းယူကာ (၃-၁)ဂိုးဖြင့်အနိုင်ယူပြီး ဗိုလ်လုပွဲတက် ခဲ့သည်။ အခြားဆီမီးဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်ယူဂိုဆလားဗီးယား အသင်းနှင့် အနောက်ဂျာမနီအသင်းတို့ပွဲချိန်အတွင်း (၂-၂)ဂိုးစီ သရေကျနေခဲ့ပြီး အချိန်ပိုတွင် တိုက်စစ်မှူး ဒီယက်တာမူလာက (၂)ဂိုးဆက်သွင်းယူကာ ဂျာမနီအသင်းက (၄-၂)ဂိုးဖြင့်အနိုင်ရခဲ့ သည်။ ဗိုလ်လုပွဲတွင် ချက်ကိုဆလိုဗက်ကီးယား အသင်းကပွဲ အစ (၂၅)မိနစ်အတွင်း (၂)ဂိုးသွင်းယူကာ ဦးဆောင်နိုင်ခဲ့သည်။ ပွဲချိန်(၂၈)မိနစ်တွင် ဒီယက်တာမူလာ၊ ပွဲချိန် (၈၉)မိနစ်တွင် ဟိုလ် ဇန်ဘိန်းတို့ကချေပဂိုးများသွင်းယူပေးခဲ့သဖြင့် အချိန်ပိုဆက်ကစား ခဲ့ရသည်။ အချိန်ပိုတွင်လည်းနှစ်ဖက်စလုံးဂိုးမသွင်းနိုင်ခဲ့သဖြင့် (၂-၂)ဂိုးစီဖြင့်ပွဲပြီးခဲ့သည်။ ယင်းအတွက်နှစ်ဖက်အသင်းမှကစားသမား များမှာ ပြန်ကန်ပွဲကစားရမည်ဟုထင်မှတ်ကာအဝတ်လဲခန်းသို့ ပြန်ခဲ့ကြသည်။ သို့ရာတွင်ပြိုင်ပွဲတာဝန်ရှိသူများက ပယ်နယ်တီအ ဆုံးအဖြတ်ခံယူရန်စီစဉ်ခဲ့သည့်အတွက် ပယ်နယ်တီကန်ခဲ့ရပြီး ချက်ကို ဆလိုဗက်ကီးယားအသင်းက (၅-၃)ဂိုးဖြင့်အနိုင်ရကာ ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့သည်။ ပယ်နယ်တီအဆုံးအဖြတ်တွင် ချက်အသင်းအနိုင်ရစေမည့် ပယ်နယ်တီကိုကန်သွင်းခဲ့သည့် ပါနန်ကာ၏ပယ်နယ်တီကန်သွင်းပုံ (ဂိုး၏အလယ်တည့်တည့်သို့ ဘောလုံးကိုအသာအယာ''မ''ကာကန်သွင်းခြင်း )မှာ ပါနန်ကာပယ် နယ်တီဟုအမည်ကျော်ကြားခဲ့သည်။ 

၁၉၈၀ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ၁၉၈၀ ဥရောပချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ပြောင်းလဲမှုများစွာပြုလုပ်ခဲ့သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ပရိသတ်များ ပိုမိုစိတ်ဝင်စားလာစေရန်အတွက် အရေအတွက်ကို (၄)သင်းမှာ (၈)သင်းအထိတိုးမြှင့်ခဲ့သည်။ ပြိုင်ပွဲဝင်ပုံစံကိုလည်းပြောင်းလဲခဲ့ပြီး ဆီမီးပွဲစဉ်များကိုတိုက်ရိုက်ယှဉ်ပြိုင်သည့်ပုံစံအစား ပြိုင်ပွဲဝင်အ သင်း(၈)သင်းကို (၄)သင်း (၁)အုပ်စုစီဖြင့် အုပ်စုပတ်လည်ယှဉ်ပြိုင် စေခဲ့သည်။ ထို့နောက်အုပ်စုဗိုလ် (၂)သင်းကို ဗိုလ်လုပွဲ၊ အုပ်စုဒုတိ ယ(၂)သင်းကိုတတိယနေရာလုပွဲများဆက်လက်ယှဉ်ပြိုင်စေခဲ့သည်။ ပြိုင်ပွဲကိုလက်ခံကျင်းပမည့်အိမ်ရှင်နိုင်ငံကိုလည်း ပြိုင်ပွဲမတိုင်မီ ကတည်းက ကြိုတင်ရွေးချယ်ခဲ့သည်။ အိမ်ရှင်အဖြစ်ရွေးချယ်ခံရ သည့်နိုင်ငံကို ခြေစစ်ပွဲကစားရန်မလိုဘဲ အလိုအလျောက်ခြေစစ် ပွဲအောင်မည့်စနစ်ကိုကျင့်သုံးရန်လည်းဆုံးဖြတ်ခဲ့သည်။ အိမ်ရှင် အဖြစ်လက်ခံကျင်းပရန်အတွက် အီတလီ၊ အင်္ဂလန်၊ အနောက်ဂျာမနီ၊ ဂရိ၊ ဆွစ်ဇာလန် နှင့်ဟော်လန်တို့ကစိတ်ဝင်စားခဲ့ကြပြီး  UEFA ကအီတလီအသင်းကိုအိမ်ရှင်အဖြစ်ရွေးချယ်ခဲ့သည်။ ယင်းအတွက်ကြောင့် အီတလီအသင်းမှာ ပြိုင်ပွဲကို (၂)ကြိမ်လက်ခံ ကျင်းပခွင့်ရသည့်ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ နောက်ဆုံးအဆင့်အုပ်စု(က)တွင် ရူမင်နစ်ဂီ၊ ဘန်ရှူးစတားတို့ပါဝင်ခဲ့သည့် အနောက်ဂျာမနီအသင်းက အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ဗိုလ်လုပွဲသို့ (၃)နှစ်ဆက်တက်ရောက်နိုင်ခဲ့ကာသော လက်ရှိချန်ပီယံ ချက်ကိုဆလိုဗက်ကီးယားအသင်းမှာမူ ဒုတိယနေရာသာရရှိ ခဲ့သည်။ အုပ်စု(ခ)တွင် အိမ်ရှင်အီတလီ၊ နာမည်ကျော်အင်္ဂလန်၊ စပိန်စသည့်အသင်းများကိုကျော်ဖြတ်ကာ ဘယ်လ်ဂျီယံအုသင်းက အုပ်စုပထမနေရာရရှိခဲ့သည်။ နာမည်ကျော်တိုက်စစ်မှူးကီဗင်ကီး ဂန်းပါဝင်ခဲ့ပြီး ခြေစစ်ပွဲများတွင်ခြေစွမ်းပြကာ အမှတ်အများဆုံးရရှိ ခဲ့သည့် အင်္ဂလန်အသင်းမှာမူ ပြိုင်ပွဲတွင်ခြေစွမ်းမပြနိုင်ခဲ့ဘဲ အုပ်စု တတိယသာရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် အနောက်ဂျာမနီအသင်းမှာ ဘယ်လ်ဂျီယံအသင်းကိုအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရသည်။ အနောက်ဂျာမနီအသင်းအတွက် တိုက်စစ်မှူးဟရူးဘက်ရှ်က ပွဲအစ(၁၀)မိနစ်တွင်ပင်ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဘယ်လ်ဂျီယံအသင်းကပွဲချိန် (၇၅)မိနစ်တွင်ပယ်နယ်တီမှ ချေပဂိုးသွင်းယူခဲ့သည်။ (၁)ဂိုးစီ ဖြင့်ပွဲပြီးဆုံးတော့မည်ဟုထင်မှတ်ရချိန်တွင် ဟရူးဘက်ရှ်ကပင်အနိုင်ဂိုးသွင်းယူခဲ့သည့်အတွက်အနောက်ဂျာမနီတို့ဒုတိယအ ကြိမ် ဗိုလ်စွဲနိုင်ခဲ့ပြီး ချန်ပီယံ(၂)ကြိမ်ဖြစ်သည့် ပထမဆုံးအသင်းလည်းြ ဖစ်ခဲ့သည်။ တတိယနေရာလုပွဲတွင် ချက်ကိုဆလိုဗက်ကီးယား အသင်းက အိမ်ရှင်အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ယင်းတတိယလုပွဲမှာ ယူရိုပြိုင်ပွဲသမိုင်း၏ နောက်ဆုံးတတိယလုပွဲလည်းဖြစ်သည်။

၁၉၈၄ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ၁၉၈၄ ခုနှစ်ပြိုင်ပွဲအားလက်ခံကျင်းပရန်အတွက် ယူရို ပြိုင်ပွဲကိုပထမဆုံးအကြိမ်ကျင်းပစဉ်က အိမ်ရှင်အဖြစ်လက်ခံကျင်း ပခဲ့သည့် ပြင်သစ်နိုင်ငံကိုရွေးချယ်ခဲ့သည်။ ခြေစစ်ပွဲများကို UEFA အဖွဲ့ဝင်(၃၂)နိုင်ငံစလုံးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု (၇)စုခွဲဝေခဲ့ကာ အုပ်စုဗိုလ်(၇)သင်း ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ အုပ်စုဗိုလ်စွဲခဲ့သည့် ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ ဒိန်းမတ်၊ ယူဂိုဆလားဗီး ယား၊ ရိုမေးနီးယား၊ အနောက်ဂျာမနီ၊ စပိန်တို့နှင့်အတူ အိမ်ရှင်ပြင် သစ်အသင်းစုစုပေါင်း (၈)သင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ အိမ်ရှင်ပြင်သစ်အသင်း မှာ နည်းပြမီရှယ်လ်ဟီဒယ်လ်ဂို၏တည်ဆောက်မှုဖြင့် အကောင်း ဆုံးအလယ်တန်းကိုပိုင်ဆိုင်ထားသည်။ ထို့ပြင် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်း၏ကစားသမားပလာတီနီ၏စွမ်းဆောင်ရည်များ က ပြင်သစ်အသင်းအတွက်အလွန်အကျိုးရှိစေခဲ့သည်။ အုပ်စု အဖွင့်ပွဲစဉ် ဒိန်းမတ်အသင်းကို အနိုင်ရသည့်ပွဲတွင် တစ်လုံးတည်း သောအနိုင်ဂိုးကို သွင်းယူပေးခဲ့သည့် ပလာတီနီမှာ ကျန်အုပ်စုပွဲစဉ် (၂)ပွဲဖြစ်သည့် ဘယ်လ်ဂျီယံ၊ ယူဂိုဆလားဗီးယားတို့နှင့် (၂)ပွဲစလုံးတွင် Hat-Trick ရယူနိုင်ခဲ့သည်။ အုပ်စုဒုတိယနေရာကိုတော့(၂)ပွဲဆက်နိုင်ပွဲပြန်လည်ရရှိခဲ့သည့် ဒိန်းမတ်အသင်းကရရှိခဲ့သည်။ ယခုပြိုင်ပွဲတွင် ၁၉၈၀ ပြိုင်ပွဲ၌ မကျင်းပခဲ့သည့်ဆီမီးဖိုင်နယ်ပွဲစဉ်များကိုပြန်လည်ယှဉ်ပြိုင်စေခဲ့သည်။ ဗိုလ်လုပွဲတွင်  အိမ် ရှင်ပြင်သစ်နှင့် စပိန်တို့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပြင်သစ်အသင်းက (၂-၀)ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ယင်းဂိုးမှာ ပြိုင်ပွဲတစ်လျှောက်ပြင် သစ်အသင်းရရှိခဲ့သည့်သွင်းဂိုး (၁၄)ဂိုးအနက်တိုက်စစ်မှူးမှ သွင်းယူသည့်တစ်လုံးတည်းသောဂိုးလည်းဖြစ်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခြင်းမှာပြင်သစ်အသင်းအတွက်နိုင်ငံတကာပြိုင်ပွဲများတွင်ပထမဆုံးဗိုလ်စွဲခြင်းဖြစ်သလို၊ ပလာတီနီ၏သွင်းဂိုး (၉)ဂိုးမှာလည်း ပြိုင်ပွဲသမိုင်းတွင် ပြိုင်ပွဲတစ်ခုတည်း$ ဂိုးအများဆုံးသွင်းယူနိုင်သည့်စံချိန်လည်းဖြစ်သည်။ ယူရို ပြိုင်ပွဲပေါ်ပေါက်လာစေရန်ဖန်တီးခဲ့သည့် ဒီလောနေးကတော့ပြင်သစ် အသင်း၏အောင်ပွဲအတွက် တမလွန်တွင်ကြည်နူးစွာပီတိဖြာနေပေလိမ့်မည်။

၁၉၈၈ ဥရောပဖလားဘောလုံးပြိုင်ပွဲ

    ၁၉၈၈ ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အတွက် ၁၉၈၂ နှင့် ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ (၂)ပွဲဆက်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် အနောက်ဂျာမနီနိုင်ငံကို  UEFA မှရွေး ချယ်ခဲ့သည်။ ယခုပြိုင်ပွဲအတွက်ခြေစစ်ပွဲများကို ထုံးစံ အတိုင်းအတိုင်းကန်နှင့် အဖွဲ့ဝင် (၃၂)နိုင်ငံစလုံးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။ ခြေစစ်ပွဲအုပ်စု(၇)အုပ်စုမှ အုပ်စုဗိုလ်အသင်းများဖြစ်သည့် စပိန်၊ အီတလီ၊ အုပ်စုဗိုလ်လဆိုဗီယက်ယူနီယံ၊ အင်္ဂလန်၊ ဟော်လန်၊ ဒိန်းမတ်နှင့် အိုင်ယာလန်တို့မှာ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ကြသည်။ ဆီမီးဖိုင်နယ်ပထမပွဲတွင် တစ်ပွဲထက်တစ်ပွဲ ခြေတက်လာသည့်ဟော်လန်အသင်းက အိမ်ရှင် အနောက်ဂျာမနီအသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့သည်။ ဒုတိယဆီမီးဖိုင်နယ်တွင် ဆိုဗီယက်အသင်းက အီတလီအသင်းကို (၂-၀)ဂိုးဖြင့်အနိုင်ယူခဲ့သည်။ ထို့အတွက်ကြောင့်ဆိုဗီယက်အသင်းမှာ ယူရိုပြိုင်ပွဲသမိုင်းတွင် ဗိုလ်လု ပွဲသို့ (၄)ကြိမ်တက်ရောက်နိုင် သည့် ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ အုပ်စုပွဲစဉ်တွင်တွေ့ဆုံခဲ့သည့် အသင်း(၂)သင်းပြန်လည်တွေ့ဆုံခဲ့သည့် ဗိုလ်လုပွဲတွင်ရလဒ်ကပြောင်းပြန်ဖြစ်ခဲ့သည်။ ရဲသုံးဖော်၏အတွဲအဖက်နှင့်အတူ ခြေစွမ်းထက်မြက်လာသည့် ဟော်လန်အသင်းမှာ ဆိုဗီယက်အသင်းကိုခြေစွမ်းအသာစီးမှကစား နိုင်ခဲ့သည်။ ဟော်လန်အသင်းအတွက်အဖွင့်ဂိုးကို အသင်းခေါင်းဆောင်ရုဒ်ဂူးလစ်က (၃၂)မိနစ်တွင်ခေါင်းတိုက်သွင်းယူခဲ့ပြီး  ဒုတိယဂိုးကိုတိုက်စစ်မှူး ဗန်ဘက်စတန်က (၅၄)မိနစ်တွင်သွင်းယူခဲ့သည်။ ဂိုးဧရိယာညာဘက်ခြမ်းမှ မြေမကျကန်သွင်းခဲ့သည့် ဗန်လက်စတန်၏ဂိုးမှာ ယူရိုပြိုင်ပွဲ၏အကောင်းဆုံးဂိုးများထဲတွင် တစ်ဂိုးအပါအဝင်အဖြစ်သတ်မှတ်ခံရသည့်ဂိုးလည်းဖြစ်ခဲ့သည်။ Total Football ကိုဘောလုံးကမ္ဘာသို့မိတ်ဆက်ပေးခဲ့ပြီး ၁၉၇၄ နှင့် ၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဗိုလ်လုပွဲသို့ (၂)ကြိမ် တက် ရောက်နိုင်ခဲ့သော်လည်း အောင်မြင်မှုများနှင့်လွဲချော်ခဲ့ရသည့် ဟော်လန်အသင်းမှာ နိုင်ငံတကာပြိုင်ပွဲများတွင် ပထမဆုံးအကြိမ် အောင်မြင်မှုရရှိခဲ့ခြင်းလည်းဖြစ်သည်။

 

Most Read

Most Recent