ရှမ်းပြည်နယ်တွင် စက်မှုဇုန်အသစ်များ ဖော်ဆောင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်သွားမည်

ရှမ်းပြည်နယ်တွင် စက်မှုဇုန်အသစ်များ ဖော်ဆောင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်သွားမည်
Published 12 June 2024

ရှမ်းပြည်နယ်တွင် စက်မှုဇုန်အသစ်များ ဖော်ဆောင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်က ပြောကြားသည်။

ဇွန် ၁၁ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲရုံး၌ ကျင်းပပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) နှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်က စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန်အသစ်များ ဖော်ဆောင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ရောင်းဝယ်မှုနှင့် အခြားဟူ၍ လုပ်ငန်းအမျိုးအစား (၄) မျိုးအနက် ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း စက်မှုလုပ်ငန်းများအတွက် သက်သာသောနှုန်းထားများဖြင့် စက်မှုဇုန်များတွင် မြေနေရာများ ငှားရမ်းပေးနိုင်ရေးအတွက် ဒေသဆိုင်ရာအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း အေဂျင်စီများအနေဖြင့် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ၊ ဘွိုင်လာဥပဒေ၊ လျှပ်စစ်ဥပဒေ၊ SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ဓာတုဗေဒနှင့် ဆက်စပ်သော ဥပဒေနှင့် စက်မှုဇုန်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာအစိုးရအဖွဲ့နှင့် ကော်မတီများအနေဖြင့် စက်မှုလုပ်ငန်း၊ စက်မှုဇုန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေနှင့် စက်မှုဇုန်နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဖွဲ့စည်းခြင်း၊ စက်မှုဇုန်အသစ် တည်ထောင်ခြင်းနှင့် သတ်မှတ်ကြေညာခြင်း၊ တည်ထောင်ပြီး စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့သည်။

Most Read

Most Recent