ပြည်ပနိုင်ငံများသို့ အလုပ်သမား ပို့ဆောင်နေသည့်ကုမ္ပဏီများ သတ်မှတ်ရက်အတွင်း အလုပ်သမား ပို့ဆောင်ခြင်းမရှိပါက အရေးယူခံရမည်

ပြည်ပနိုင်ငံများသို့ အလုပ်သမား ပို့ဆောင်နေသည့်ကုမ္ပဏီများ သတ်မှတ်ရက်အတွင်း အလုပ်သမား ပို့ဆောင်ခြင်းမရှိပါက အရေးယူခံရမည်
Published 11 June 2024

ပြည်ပနိုင်ငံများသို့ အလုပ်သမားပို့ ဆောင်နေသည့် ကုမ္ပဏီများ သတ်မှတ်ရက် အတွင်း အလုပ်သမား ပို့ဆောင်ခြင်းမရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ပြည်ပသို့ ပို့ဆောင်မည့် အလုပ်သမားများကို အလုပ်သမားဝန်ကြီး ဌာနထံ တင်ပြရပြီး ပြည်ပအလုပ်အကိုင်လမ်း ညွှန်သင်တန်းတက်ရောက်၍ OWIC ကတ် ပြုလုပ်ရမည်ဖြစ်သည်။

ယင်းသို့တင်ပြရာတွင် အလုပ်သမားစေလွှတ်မည့်ရက်ကို အဆိုပြုတင်ပြရပြီး ယင်း နေ့ရက်တွင် စေလွှတ်နိုင်ခြင်းမရှိပါက အရေး ယူခံရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် မေလကုန်အထိပြည်ပသို့ အလုပ်သမား တရားဝင်ပို့ဆောင်လျက်ရှိ သည့် အေဂျင်စီ ၅၆၅ ခုရှိပြီး ယင်းအရေအ တွက်သည် ဖေဖော်ဝါရီလကထက် ပိုများလာ ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အလုပ်သမားဝန်ကြီး ဌာနက တရားဝင်ခွင့်ပြုထားသည့် ပြည်ပအ လုပ်အကိုင်အေဂျင်စီများ ယခုနှစ်ဖေဖော် ၀ါရီအထိစာရင်းများအရ ၅၄၇ ခုရှိသည်။

မေလကုန်အထိရရှိထားသည့်စာရင်း အရ အလုပ်သမားအေဂျင်စီ ၅၆၅ ခုအနက် အချို့သည် လိုင်စင်ယာယီပိတ်သိမ်းခံထား ရသည့် အေဂျင်စီများလည်းရှိနေသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီလိုင်စင် ယာယီပိတ်သိမ်းခံထားရသည့် အေဂျင်စီများ  ခုနစ်ခုရှိပြီး အများဆုံး သုံးနှစ်အထိ လိုင်စင် ယာယီပိတ်သိမ်းခံထားရသည့် အေဂျင်စီ တစ်ခုပါဝင်သည်ကိုလည်း တွေ့ရသည်။

အခြားသော လိုင်စင်ယာယီပိတ်သိမ်း ခံထားရသည့် အေဂျင်စီများမှာ ခြောက်လမှ နှစ်နှစ်အထိ ပိတ်သိမ်းခံထားရသည့် အေဂျင် စီများလည်း ပါဝင်ကြောင်း အလုပ်သမားဝန် ကြီးဌာနမှ သိရသည်။

ယခင်နှစ် ဧပြီမှ ယခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ တရားဝင်လိုင်စင်ရပြည်ပအလုပ် အ ကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင် စီအရေအတွက်သည် ၂၀၂၁ ခုနှစ်မတိုင်မီက ၃၀၀ ကျော်သာရှိခဲ့သော်လည်း သုံးနှစ်ကျော် ကာလအတွင်း လိုင်စင်ရကုမ္ပဏီ အရေအ တွက် ၅၀၀ ကျော်သို့ ရောက်ရှိလာခဲ့သည်ကို ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

အလုပ်သမားများ သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ တူရကီ အစရှိသည့်နိုင်ငံများသို့ စေလွှတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန် ထားသည့်အချက်အလက်များအရ ယခင်နှစ် ရှစ်လအတွင်း တစ်လ ပျမ်းမျှတစ်သောင်းခွဲ ခန့်သာရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် တစ်သောင်းကိုးထောင် ခန့် သွားရောက်လုပ်ကိုင်လျက်ရှိသည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန က ပြည်ပထွက်ခွာလုပ်ကိုင်မည့်အလုပ်သ မားများအနက် အမျိုးသားများ၏ Demand Letter များ တင်ခွင့်ကို မေ ၁ ရက်တွင် ယာ ယီ ပိတ်သိမ်းထားသည်။

ယင်းနောက် မေ ၇ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီး Demand Letter များ တင်ရာတွင် အသက်ကန့်သတ်မှုများရှိနေ သည်ဟု သိရသည်။

လိုင်စင်ရအေဂျင်စီများအနက် အများစု မှာ ထိုင်းနိုင်ငံသို့ အလုပ်သမားပို့ဆောင်သည့် အေဂျင်စီများဖြစ်ကြောင်း သိရပြီးအခြားနိုင်ငံ များဖြစ်သည့် စင်ကာပူ၊ မလေးရှား အစရှိ သည့် နိုင်ငံများသို့လည်း အလုပ်သမားပို့ ဆောင်ပေးလျက်ရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများလည်းရှိကြောင်း သိရသည်။

Most Read

Most Recent