FIFA-MFF ယူ-၁၇ လိဂ် ပြိုင်ပွဲ ပွဲစဉ်(၁၈) အပြီးတွင် ရှမ်းအသင်း ဆက်လက်ဦးဆောင်

FIFA-MFF ယူ-၁၇ လိဂ် ပြိုင်ပွဲ ပွဲစဉ်(၁၈) အပြီးတွင် ရှမ်းအသင်း ဆက်လက်ဦးဆောင်
Photo: MFF
Photo: MFF
Published 10 June 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူပေါင်း၍ ၂၀၂၄  FIFA-MFF  ယူ-၁၇ လိဂ်ပြိုင်ပွဲကို ကျင်းပပြုလုပ်နေပြီး ပွဲစဉ်(၁၈) အပြီးတွင် ရှမ်းအသင်းက အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေကြောင်း သိရသည်။

ပွဲစဉ်(၁၈) ကို ပြီးခဲ့သည့် ဇွန် ၇၊ ၈၊ ၉ ရက်များက ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပွဲစဉ်(၁၈) တွင် ရှမ်းအသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို(၂-၀) ဂိုး၊ ရခိုင်ယူနိုက်တက်အသင်းက မအူပင်အသင်းကို (၅-၁) ဂိုး၊ နေပြည်တော်ယူနိုက်တက်အသင်းက ဖားစည်မြေအသင်းကို(၇-၁) ဂိုး၊ ရွိုင်ရယ်ရန်ကုန်အသင်းက အာသာဝတီအသင်းကို (၁-၀) ဂိုး၊ စီးတီးရွှေပြည်သာအသင်းက Burmese Youth အသင်းကို(၆-၁)  ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး ဆုလဘ်မြင့်မိုရ်အသင်းနှင့်  အင်းစိန်စီးတီးအသင်းတို့မှာ(၀-၀) ဂိုးဖြင့် သရေကျခဲ့ကြောင်း သိရသည်။

ပွဲစဉ်(၁၈) အပြီးတွင် ရှမ်းအသင်းက (၁၅) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ်(၄၆) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ရခိုင်ယူနိုက်တက်အသင်းက (၁၄) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၁) ပွဲရှုံး၊ ရမှတ်(၄၅) မှတ်ဖြင့် ဒုတိယ၊  နေပြည်တော်ယူနိုက်တက်အသင်းက (၁၄) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၃) ပွဲရှုံး၊ ရမှတ်(၄၃) မှတ်ဖြင့် တတိယနေရာတို့တွင် ရပ်တည်နေလျက်ရှိကြောင်း သိရသည်။