ငြိမ်းချမ်းရေးဆွေးနွေးပွဲကို် ကမ္ဘာ့ခေါင်းဆောင်အချို့ တက်ရောက်ဖွယ်မရှိသည့်အပေါ် စိတ်ပျက်ကြောင်း ယူကရိန်းသမ္မတ ပြောကြား

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို် ကမ္ဘာ့ခေါင်းဆောင်အချို့ တက်ရောက်ဖွယ်မရှိသည့်အပေါ် စိတ်ပျက်ကြောင်း ယူကရိန်းသမ္မတ ပြောကြား
ဇွန် ၂ ရက်က စင်ကာပူနိုင်ငံတွင် ပြုလုပ်သော လုံခြုံရေးဖိုရမ်တွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ်
ဇွန် ၂ ရက်က စင်ကာပူနိုင်ငံတွင် ပြုလုပ်သော လုံခြုံရေးဖိုရမ်တွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ်
Published 5 June 2024
Ref: AFP

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က လက် ရှိအချိန်အထိ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေး ပွဲကို တက်ရောက်သွားမည်ဟု ကတိပြုပြော ကြားထားခြင်းမရှိသေးသည့်အပြင် တရုတ် သမ္မတရှီကျင်းပင်ကလည်း ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ကြောင်းအရိပ်အယောင်ပြသခဲ့ပြီးနောက် ယူကရိန်းသမ္မတဗို လိုဒီမာဇယ်လန်စကီးက ကမ္ဘာ့ခေါင်းဆောင်အချို့ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ရန် အတည်မပြုသည့်အပေါ် စိတ်ပျက်မိကြောင်း ဇွန် ၂ ရက်ကထုတ်ဖော် ပြောကြားခဲ့သည်။

ဇယ်လန်စကီးက စင်ကာပူနိုင်ငံတွင်ပြု လုပ်သည့် လုံခြုံရေးဖိုရမ်တစ်ခုတွင် ယင်းကဲ့ သို့ မှတ်ချက်ပြုပြောကြားခဲ့ပြီး ထိုဖိုရမ်တွင် ဇယ်လန်စကီးက ယူကရိန်းအတွက် စစ်ရေး အကူအညီများ ပိုမိုပေးရန် တောင်းဆိုခဲ့သည်။

ယူကရိန်းသည် ယခုလတွင် ဆွစ်ဇာလန် နိုင်ငံ၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သို့ တက်ရောက်ကြရန် တိုက်တွန်းလျက်ရှိကာ  ယင်းဆွေးနွေးပွဲတွင် ရုရှား၏စစ်ပွဲအဆုံးသတ် ရေးအစီအစဉ်အတွက် ကျယ်ပြန့်သောနိုင်ငံ တကာထောက်ခံမှုရရှိရန် မျှော်လင့်ထား သည်။

နိုင်ငံပေါင်း ၁၀၀ ကျော်နဲ့ အဖွဲ့အစည်း တွေက ညီလာခံကိုတက်ရောက်ဖို့စာရင်းပေး ခဲ့ကြောင်း ဇယ်လန်စကီးကပြောကြားခဲ့ကာ အာရှ-ပစိဖိတ်နိုင်ငံများအနေဖြင့်လည်းပါဝင်တက်ရောက်ရန် တိုက်တွန်းပြောကြားခဲ့ သည်။

“ကမ္ဘာ့နိုင်ငံအချို့က ငြိမ်းချမ်းရေးထိပ် သီးဆွေးနွေးပွဲကို တက်ရောက်ဖို့အခုချိန်ထိ အတည်ပြုထားခြင်းမရှိတဲ့အပေါ် ကျွန်တော် တို့ စိတ်ပျက်မိပါတယ်”ဟု ဇယ်လန်စကီးက  ပြောကြားခဲ့သော်လည်း တရုတ် သို့မဟုတ် အမေရိကန် စသည်ဖြင့်အမည်အတိအကျ တပ်၍ ပြောကြားခဲ့ခြင်းမရှိပေ။

လက်ရှိတွင် အဓိက ထောက်ခံသူဘိုင်ဒင် သည်ဒေါ်နယ်ထရန့်ဆန့်ကျင်ရေးမဲဆွယ်မှု ဖြင့် အလုပ်များနေပြီး ညီလာခံကို မတက် ရောက်ရန် ဆုံးဖြတ်ပါက ငြိမ်းချမ်းရေးညီလာ ခံသည် ၎င်းင်း၏အရေးပါမှုကို ဆုံးရှုံးသွားဖွယ် ရှိနေသည်။

ရုရှားအနေဖြင့် ညီလာခံကိုမတက် ရောက်လျှင် ၎င်းင်းတို့အနေဖြင့် ညီလာခံကို တက်ရောက်ရန် ခက်ခဲလိမ့်မည်ဟု တရုတ်က  မေ ၃၁ ရက်တွင်ပြောကြားခဲ့သည်။

“တရုတ်အစိုးရအနေနဲ့ ညီလာခံဟာ ရု ရှားနဲ့ ယူကရိန်းနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှု ကို ရရှိသင့်ပြီး ပါတီတွေအားလုံးအညီအမျှ ပါဝင်သင့်ကာ ငြိမ်းချမ်းရေးအစီအစဉ်တွေ အားလုံးကို မျှမျှတတဆွေးနွေးသင့်တယ်လို့ ယူဆထားပါတယ်”ဟုနိုင်ငံခြားရေးဝန်ကြီးဌာ နပြောရေးဆိုခွင့်ရှိသူမောင်နင်းက ပုံမှန်ပြု လုပ်နေကြသတင်းစာရှင်းလင်းပွဲတွင်ပြော ကြားခဲ့သည်။

“ဒီလိုမျှမဟုတ်ရင် ညီလာခံဟာငြိမ်း ချမ်းရေးကို ပြန်လည်တည်ဆောက်ရာမှာ အ ရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့ဆို တာ ခက်ခဲပါတယ်”ဟု ၎င်းကဆိုသည်။

စင်ကာပူလုံခြုံရေးဖိုရမ်တွင် ဇယ်လန်စ ကီးက အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက် အော်စတင်နှင့် ဇွန်၂ ရက်တွင် သီးသန့်တွေ့ ဆုံခဲ့သည်။ဇယ်လန်စကီးက အလွန်ကောင်း မွန်သည့်တွေ့ဆုံမှုဖြစ်ခဲ့ကြောင်း သတင်း ထောက်များကို ပြောကြားခဲ့သည်။

ဇယ်လန်စကီးက ၎င်းင်းတို့သည် နိုင်ငံ၏ ကာကွယ်ရေးလိုအပ်ချက်အကြောင်းဆွေး နွေးခဲ့ကြပြီး ယူကရိန်း၏လေကြောင်းရန်ကာ ကွယ်ရေးစနစ်၊ F-16  ညွန့်ပေါင်းအဖွဲ့ပိုမို အားကောင်းလာစေရေးနှင့်နှစ်နိုင်ငံလုံခြုံရေး သဘောတူညီချက်မူကြမ်းတစ်ရပ်ကို ရေးဆွဲ ခဲ့သည်ဟု လူမှုမီဒီယာX တွင်ရေးသားထုတ် ပြန်ခဲ့သည်။အော်စတင်ကလည်းရုရှား၏ရန် လိုမှုကို ရင်ဆိုင်ရန်ယူကရိန်းအတွက်မယိမ်း ယိုင်သောအမေရိကန်၏ထောက်ခံမှုကိုထပ် လောင်းအတည်ပြုခဲ့ကြောင်းပင်တဂွန်က ထုတ်ပြန်ခဲ့သည်။                           

 

 

 

Most Read

Most Recent