စပါးကွင်းလယ်လူ ဘစ်ဆူးမား လုယက်သူများ၏ တိုက်ခိုက်မှုခံခဲ့ရ

စပါးကွင်းလယ်လူ ဘစ်ဆူးမား လုယက်သူများ၏ တိုက်ခိုက်မှုခံခဲ့ရ
Photo: Getty Images
Photo: Getty Images
Published 5 June 2024

 

စပါးကွင်းလယ်ကစားသမား ဘစ်ဆူးမားသည် လူယက်သူများ၏ တိုက်ခိုက်မှုခံခဲ့ရသည့်အပြင် သူ၏အဖိုးတန်နာရီမှာလည်း ပါသွားခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ မာလီလက်ရွေးစင်ကွင်းလယ်လူ ဘစ်ဆူးမားသည် ဒေသစံတော်ချိန် နံနက်လေးနာရီဝန်းကျင်၌ Cannes မြို့ရှိ ဟိုတယ်တစ်ခု၏အပြင်ဘက်တွင် ဇနီးဖြစ်သူနှင့် အတူရှိနေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ 

ဘစ်ဆူးမားသည် ဟိုတယ်သို့ ပြန်လာစဉ် ခေါင်းစွပ်စွပ်ထားသူ နှစ်ဦးက မျက်ရည်ယိုဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့ပြီး သူ၏ ယူရို သုံးသိန်းတန်နာရီကိုလည်း လုယက်သွားခဲ့သည်။ ဘစ်ဆူးမား၏ရှေ့နေဖြစ်သူက အဆိုပါဖြစ်ရပ်အပေါ် အတည်ပြုချက်ပေးခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုအခြေအနေကို မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ 

စပါးအသင်းကလည်း ဘစ်ဆူးမား တိုက်ခိုက်ခံရသည့်ဖြစ်စဉ်အပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ဘစ်ဆူးမား အနေဖြင့် ၂၀၂၂ နွေရာသီတွင် ပြောင်းရွှေ့ ကြေး ပေါင် ၂၅ သန်းဖြင့် ဘရိုက်တန်အသင်းမှ ရောက်ရှိလာပြီး ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ၂၈ ပွဲ ကစားခဲ့သည်။

Most Read

Most Recent