စီးရီးအေပြိုင်ပွဲတွင် အတ္တလန်တာအသင်း အဆင့်(၄ )နေရာရပ်တည်နိုင်သဖြင့် စီးရီးအေ(၆)သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့်ရမည့်အခွင့်အရေး လက်လွှတ်ခဲ့ရ

စီးရီးအေပြိုင်ပွဲတွင် အတ္တလန်တာအသင်း အဆင့်(၄ )နေရာရပ်တည်နိုင်သဖြင့် စီးရီးအေ(၆)သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့်ရမည့်အခွင့်အရေး လက်လွှတ်ခဲ့ရ
Photo: UEFA
Photo: UEFA
Published 3 June 2024

၂၀၂၃-၂၀၂၄ ရာသီ စီးရီးအေပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး အတ္တလန်တာအသင်း အဆင့် (၄)နေရာ ရပ်တည်နိုင်သဖြင့် စီးရီးအေကလပ်(၆)သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်သည့်အခွင့်အရေးကို လက်လွှတ်ခဲ့ရကြောင်း သိရှိရသည်။

စီးရီးအေပြိုင်ပွဲ ရာသီပိတ်ပွဲစဉ် (၃၈)ကို ပြီးခဲ့သည့် တစ်ပတ်ကတည်းက ယှဉ်ပြိုင်ကစားပြီးဖြစ်သော်လည်း အတ္တလန်တာအသင်း၏ ပွဲစဉ် (၂၉) မှ ပွဲကျန်ကို ဇွန် (၂) ရက်တွင် ကစားခဲ့သောကြောင့် ယခုတစ်ပတ်မှသာ ပွဲစဉ်အားလုံး ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲထားသည့် အတ္တလန်တာအသင်းအနေဖြင့် ရာသီကုန်ချိန်၌ အဆင့် (၅) နေရာ ရပ်တည်နိုင်ပါက ဇယားထိပ်ဆုံး (၅)သင်းအပြင် အဆင့် (၆) နေရာမှ ရိုးမားအသင်းပါ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သည့် အခြေအနေရှိခဲ့သည်။

သို့ သော် အတ္တလန်တာအသင်းက အဆင့် (၄) နေရာ ရပ်တည်ခဲ့သောကြောင့် ယင်းအခွင့်အရေး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

စီးရီးအေကလပ်များအနေဖြင့် ယခုရာသီ ဥရောပကလပ်ပြိုင်ပွဲများတွင် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သောကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဝင်ခွင့်တစ်နေရာ အပိုရရှိကာ စုစုပေါင်း(၅)သင်း ဝင်ခွင့်ရမည် ဖြစ်သည်။

ချန်ပီယံ အင်တာမီလန်အသင်းနှင့်အတူ အေစီမီလန်၊ ဂျူဗင်တပ်စ်၊ အတ္တလန်တာ၊ ဘိုလော့ဂ်နာအသင်းတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပြီး အဆင့် (၆၊ ၇) နေရာမှ ရိုးမားနှင့် လာဇီယိုအသင်းတို့က ယူရိုပါလိဂ်ဝင်ခွင့်၊ အဆင့် (၈) နေရာမှ ဖီအိုရင်တီးနားအသင်းက ကွန်းဖရန့်လိဂ်ဝင်ခွင့်ရရှိကာ ခြေစစ်ပွဲ Play-off အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

Most Read

Most Recent