မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တွင် အထွေထွေအတွင်းရေးမှူး၊ နည်းစနစ်ဒါရိုက်တာနှင့် နည်းစနစ်ကော်မတီဥက္ကဋ္ဌရာထူးများ အပြောင်းအလဲဖြစ်ပေါ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တွင် အထွေထွေအတွင်းရေးမှူး၊ နည်းစနစ်ဒါရိုက်တာနှင့် နည်းစနစ်ကော်မတီဥက္ကဋ္ဌရာထူးများ အပြောင်းအလဲဖြစ်ပေါ်
Photo: MFF
Photo: MFF
Published 3 June 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တွင် အထွေထွေအတွင်းရေးမှူး၊ နည်းစနစ်ဒါရိုက်တာနှင့် နည်းစနစ်ကော်မတီဥက္ကဋ္ဌရာထူးများ အပြောင်းအလဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ပြီးခဲ့သည့် ဧပြီလဆန်းက ယခင် အထွေထွေအတွင်းရေးမှူး (General Secretary) ဦးကိုကိုသိန်းနေရာတွင် ဦးအောင်မျိုးစောအား ခေတ္တအထွေထွေအတွင်းရေးမှူး (Acting General Secretary) အဖြစ် တာဝန်ပေးခန့်အပ်ခဲ့သည်။

ယခုအခါ  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ဦးအောင်မျိုးစော နေရာတွင် တွဲဖက်အထွေထွေအတွင်းရေးမှူး (Deputy General Secretary) ဖြစ်သူ ဦးထွန်းထွန်းအောင်ကို ခေတ္တအထွေထွေအတွင်းရေးမှူး (Acting General Secretary) အဖြစ် တာဝန်ပေးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင် ခေတ္တအထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးအောင်မျိုးစောသည် လက်ရှိတွင် AYA Bank ၏ Head of Corporate Affairs ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်သောကြောင့် မြန်မာ့ဘောလုံးလောက နှင့် ပိုမိုအကျွမ်းတဝင်ရှိသည့် တွဲဖက်အထွေထွေအတွင်းရေးမှူး (Deputy General Secretary) ဖြစ်သူ ဦးထွန်းထွန်းအောင်ကို ရာထူးတိုးမြှင့်ကာ ခေတ္တအထွေထွေအတွင်းရေးမှူး (Acting General Secretary) အဖြစ် တာဝန်ပေးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးထွန်းထွန်းအောင်သည် ပြီးခဲ့သည့် မေ ၂၈ ရက်မှစ၍  MFF ၏ ခေတ္တအထွေထွေအတွင်းရေးမှူး (Acting General Secretary) တာဝန်များကို စတင်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ယခင်နည်းစနစ်ဒါရိုက်တာဖြစ်သူ ဦးတင်မြင့်အောင်နေရာတွင် မြန်မာ ယူ-၁၆ အသင်း နည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား မီချီတီရူမီတ(Michiteru Mita)ကို အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။

MFF သည် ယခင်က ဂျပန်နိုင်ငံသားနည်းပြ မီတကို မြန်မာ ယူ-၁၆ အသင်းအပြင် MFF ၏ လူငယ်နည်းစနစ်ဒါရိုက်တာတာဝန်များကိုပါ တာဝန်ပေးအပ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ယခင် နည်းစနစ်ဒါရိုက်တာဖြစ်သူ ဦးတင်မြင့်အောင်ကို MFF နည်းစနစ်ကော်မတီဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။

ဦးတင်မြင့်အောင်သည် ယခင် MFF နည်းစနစ်ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းတိုးအောင်၏နေရာတွင် အစားဝင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

MFF သည် အထွေထွေအတွင်းရေးမှူး၊ နည်းစနစ်ဒါရိုက်တာနှင့် နည်းစနစ်ကော်မတီဥက္ကဋ္ဌ ရာထူးများအပြင် အခြားဌာနများ၏ ရာထူးတာဝန်များကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

MFF သည်  ၂၀၂၄-၂၀၂၈ သက်တမ်းအတွက် ရွေးကောက်ပွဲကို ပြီးခဲ့သည့်မတ် ၃၀ ရက်က ပြုလုပ်ခဲ့သည်။    

Most Read

Most Recent