■ သမ္မတဟောင်း ဒေါ်နယ်ထရန့်က ၎င်း၏ သမ္မတသက်တမ်းအတွင်း  ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့လျှင် သို့မဟုတ် တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ခဲ့မည်ဆိုလျှင်  မော်စကိုနှင့် ပေကျင်းတို့ကို ဗုံးကြဲ ခဲ့လိမ့်မည်ဟု ပြောကြား

■ သမ္မတဟောင်း ဒေါ်နယ်ထရန့်က ၎င်း၏ သမ္မတသက်တမ်းအတွင်း  ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့လျှင် သို့မဟုတ် တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ခဲ့မည်ဆိုလျှင်  မော်စကိုနှင့် ပေကျင်းတို့ကို ဗုံးကြဲ ခဲ့လိမ့်မည်ဟု ပြောကြား
Published 29 May 2024
■ Ref: Ukrainska Pravda

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ၎င်း၏ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်ရေးကိစ္စများအတွက် အလှူရှင်များနှင့်တွေ့ဆုံရာတွင် ၎င်း၏သမ္မတသက်တမ်းအတွင်း ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့လျှင်သော်လည်းကောင်း၊ တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ခဲ့မည်ဆိုလျှင်သော်လည်းကောင်း မော်စကိုနှင့် ပေကျင်းတို့ကို ဗုံးကြဲခဲ့လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။

ရီပတ်ဘလီကင် ဒေါ်နယ်ထရန့်သည် ရန်ပုံငွေရှာဖွေသောပွဲများတွင် နိုင်ငံခြားရေးမူဝါဒကို ပြောလေ့ရှိသည်ဟု ဝါရှင်တန်ပို့စ်က ဖော်ပြထားသည်။

၎င်း၏သမ္မတသက်တမ်းအတွင်း ရုရှားက ယူကရိန်းကိုကျူးကျော်ခဲ့လျှင်သို့မဟုတ် တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ခဲ့မည်ဆိုလျှင်မော်စကိုနှင့် ပေကျင်းတို့ကို ဗုံးကြဲခဲ့လိမ့်မည်ဟု ရန်ပုံငွေရှာသောပွဲတစ်ပွဲတွင် ထရန့်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဟောင်းသည် အဆိုပါ စကားလုံးများဖြင့်အလှူရှင်အချို့ကို အံ့အားသင့်စေခဲ့သည်ဟု ဝါရှင်တန်ပို့စ်ကဖော်ပြထားသည်။

ထရန့်၏ပထမဆုံး သမ္မတသက်တမ်းတွင် ရုရှားက ခရိုင်းမီးယားနှင့် ယူကရိန်း၏ဒွန်းဘက် ဒေသအချို့ကို သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲတွင် ထရန့်အနိုင်ရမည်ဆိုပါက နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းမဟုတ်ဘဲ သုံးရာခိုင်နှုန်းသုံးစွဲကြရန် ၎င်းက မေတ္တာရပ်ခံနိုင်သည်ဟု မကြာသေးမီက သတင်းအချို့တွင် ဖော်ပြထားသည်။

နေတိုးအဖွဲ့ဝင်များ ကာကွယ်ရေးအသုံးစရိတ် တိုးသုံးလာစေရန် ယင်းနိုင်ငံများကို တိုက်ခိုက်ရန် ရုရှားကို အားပေးအားမြောက်လုပ်မည်ဟု ဖေဖော်ဝါရီလထဲတွင် ထရန့်ပြောခဲ့သော စကားက နေတိုးအဖွဲ့ထဲတွင် အငြင်းပွားစရာဖြစ်စေခဲ့သည်။

■ Photo credits: Getty Images,Reuters,AFP

Most Read

Most Recent