စပိန်လာလီဂါပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 26 May 2024

ဂီတာဖေး - မာယော့ကာ (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

နောက်ဆုံးနှုတ်ဆက်ပွဲသာသာ ဒီပွဲကလည်း အဝေးကွင်း အားနည်းတဲ့ မာယော့ကာဆီက ဘာမှမျှော်လင့်မထားတာအ ကောင်းဆုံးထင်တယ်။ လာလီဂါမှာဆက်ရှိနိုင်ဖို့ ပြီးခဲ့တဲ့ပွဲစဉ် (၃၇)အထိအားထည့်ထားရတဲ့ မာယော့ကာဒီပွဲကိုတော့ လွတ် လွတ်လပ်လပ်ပဲကစားမှာပါ။ အိမ်ရှင်ဂီတာဖေးပဲကြိုက်တယ်။

ဆယ်လ်တာဗီဂို - ဗလင်စီယာ (တနင်္ဂေနွေည ၈း၄၅ နာရီ)

လာလီဂါမှာတင်ကျန်ဖို့သေချာပြီးနောက်မှာလည်း လက် ရှိအိမ်ကွင်းကစားအားကို ဆယ်လ်တာဗီဂိုတို့လျှော့ချသွားဖို့မရှိပါဘူး။ ဗလင်စီယာက ရာသီသိမ်းခြေစွမ်း အကောင်းကြီးမဟုတ် သလိုအဝေးကွင်းလည်းအားနည်းပါတယ်။ ဆယ်လ်တာဗီဂို က ဖိအားကင်းကင်းနဲ့ကစားနေချိန်ဖြစ်ပြီး အိမ်ကွင်းမှာနှုတ်ဆက် ရင်းရာသီပိတ်ရမှာဖြစ်လို့လည်း သာမန်ထက်ပိုပြီး အားထုတ် လာပါလိမ့်မယ်။ အိမ်ရှင်ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲရွေးထား ရမယ်ထင်တယ်။

လက်စ်ပါမားစ် - အလာဗတ်စ် (တနင်္ဂနွေည ၈း၄၅ နာရီ)

သိပ်ပြီးစိတ်ဝင်စားစရာတော့မရှိလှပါဘူး။ နှစ်သင်းစလုံး သာမန်လောက်ပဲကစားသွားရင်း ရာသီသိမ်းနှုတ်ဆက်ဖို့ပဲရှိနိုင် တယ်။ အလာဗတ်စ်ရဲ့ ခံစစ်ကစားပုံမဆိုးမှုကြောင့် ခုတလော ခြေစွမ်းလျော့နေတဲ့ လက်စ်ပါမားစ်ဂိုးရရေး ခက်နေနိုင်သေးတယ်။ ဂိုးနည်းသရေပွဲလို့ပဲမှန်းထားချင်တယ်။ 

ဆီဗီလာ - ဘာစီလိုနာ (တနင်္လာနံနက် ၁း၃၀)

ဒီပွဲကတော့ဇာဗီရဲ့ ဘာစီလိုနာနည်းပြဘ၀ နောက်ဆုံးနှုတ်ဆက်ပွဲပါပဲ။ ဇာဗီဟာ ဒီရာသီဖလားလက်မဲ့နဲ့ ရင်ဆိုင်လိုက်ရပေမယ့် အသင်းကိုတော့ ဒုတိယနေရာရအောင်ယူပေးပြီး စပိန်စူပါဖ လားကစားခွင့်ရအောင် လုပ်ပေးနိုင်ခဲ့တယ်။ သတင်းတွေအမျိုး မျိုးအကြားမှာပဲ နောက်ဆုံး (၃)ပွဲဆက်နိုင်ပွဲရအောင်လည်း ဦး ဆောင်မှုပေးထားနိုင်တယ်။ ဆီဗီလာကတော့ လာလီဂါမှာဆက် ရှိဖို့သေချာခဲ့ပြီးနောက် ကစားပုံပြန်ကျသွားသလိုပါပဲ။ နောက် ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ဘီလ်ဘာအို၊ ကာဒစ်ဇ်နဲ့ ဗီလာရီးယဲလ် တို့ကိုအရှုံးပေးခဲ့ရတယ်။ ဒီရာသီသိမ်းခြေစွမ်းမျိုးနဲ့ဆိုရင်တော့ အိမ်ရှင်ဖြစ်နေပေမယ့်လည်း ကစားပုံအရှိန်ပိုရနေတဲ့ ဘာစီ လိုနာကို ဆီဗီလာအနိုင်ရဖို့မဖြစ်နိုင်ပါဘူး။ နောက်ဆုံးနှုတ် ဆက်ပွဲသဖွယ်ကစားမယ့် ဘာစီလိုနာနဲ့ ဂိုးအနည်းပဲရွေးမယ်။

Most Read

Most Recent