အဲရစ်ဆင်နဲ့ နှုတ်ဆက်သွားသော ရသစုံပုံရိပ်များ

အဲရစ်ဆင်နဲ့ နှုတ်ဆက်သွားသော ရသစုံပုံရိပ်များ
Photo : Getty Images
Photo : Getty Images
Published 29 August 2024
Phoe Thar

"ဝမ်းမနည်းပါနဲ့ ပြုံးနေကြပါ။ ကျွန်တော့်ရဲ့ ပုံရိပ်ကို ခင်ဗျားတို့ရဲ့မှတ်ဉာဏ်ထဲမှာ လုပ်သင့်လုပ် ထိုက်တာအားလုံးလုပ်ခဲ့သူ၊ ကြိုးစားရုန်းကန်ခဲ့သူ တစ်ယောက်အဖြစ်အမှတ်ရနေမယ်လို့မျှော်လင့်ပါတယ်။ ပရိသတ်တွေ၊ အသင်းတွေ၊ ကျွန်တော့်အတွက်ကစားပေးခဲ့တဲ့ကစားသမားတွေနဲ့ အတူရှိခဲ့ကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ကိုအံ့အားသင့်ဖွယ်အခိုက်အတန့်တွေပါပဲ။ ကိုယ့်ဘဝကို ဂရုစိုက်ပြီး ပျော်ရွှင်စွာရှင်သန်နေထိုင်ကြပါ" ဒီစကားကို ဆွီဒင်လူမျိုးဝါရင့်နည်းပြကြီး ဆဗန်ဂိုရန်အဲရစ်ဆင်က Amazon Prime က ရိုက်ကူးခဲ့တဲ့ သူ့အကြောင်း Documentary မှာ ပြောကြားခဲ့တာဖြစ်ပြီး၊ စိတ်မကောင်းစရာကတော့ ဒါဟာ သူချစ်မြတ်နိုးခဲ့တဲ့ ဘောလုံးရပ်ဝန်းတစ်ခုလုံးအတွက်နောက်ဆုံးနှုတ်ဆက်စကားဖြစ်ခဲ့တာပါပဲ။

 

Most Read

Most Recent