■ လာလီဂါပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 24 May 2024

အိုဆာဆူနာ - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၆:၃၀ နာရီ)

နှစ်သင်းစလုံးရာသီသိမ်းချိန်မှာ ကစားအားမချဘဲ ကြိုး စားကစားနေတယ်။ နောက်ဆုံး (၃)ပွဲစလုံးမှာလည်းအရှုံးမရှိ အောင်ကစားထားကြတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ အိမ်ကွင်းမှာ ခြေပိုမာတတ်တဲ့ အိုဆာဆူနာနဲ့ ဂိုးအနည်းပဲကြိုက်တယ်။



ဆိုစီဒက် - အက်သလက်တီကို (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၈:၄၅ နာရီ)

ဆိုစီဒက်က ယူရိုပါလိဂ်၊ အက်သလက်တီကိုက ချန်ပီယံလိဂ်ဝင်ခွင့်တွေသေချာနေပြီဖြစ်လို့ ဒီပွဲကနှုတ်ဆက်ခြေစမ်းကစားကြရုံထက်မပိုလောက်ပါဘူး။ နှစ်သင်းစလုံးရာသီသိမ်းခါနီး ခြေစွမ်းကောင်းနေကြတယ်ပြောနိုင်ပေမယ့်လည်း ဆိုစီဒက်က အိမ်ကွင်းပိုမာ၊ အက်သလက်တီကိုက အဝေးကွင်းခြေစွမ်းငြိမ် လှတယ်မဟုတ်လို့ အခုနောက်ဆုံးနှုတ်ဆက်ပွဲမှာ အိမ်ရှင်ဆိုစီဒက်အတွက် ပိုပြီးအခွင့်အရေးရှိနေနိုင်တယ်။ ဆိုစီဒက်နဲ့ ဂိုးအနည်းပဲကောင်းမယ်ထင်တယ်။



အယ်မယ်ရီယာ - ကာဒစ်ဇ် (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၁၁:၀၀ နာရီ)

တန်းဆင်း (၂)သင်းရဲ့ဒီပွဲမှာတော့ ကာဒစ်ဇ်ရဲ့အဝေးကွင်းအားနည်းမှုကို အိမ်ရှင်အယ်မယ်ရီယာ အခွင့်အရေးယူသွားနိုင်ဖို့ရှိနေတယ်။ နောက်ဆုံးနှုတ်ဆက်ပွဲလည်းဖြစ်လို့ အိမ်ကွင်းမှာ အနိုင်နဲ့နှုတ်ဆက်မယ့် အယ်မယ်ရီယာနဲ့ ဂိုးအနည်းပဲရွေးမယ်။



ဗယ်လက်ကာနို - ဘီလ်ဘာအို (မြန်မာစံတော်ချိန် မေလ ၂၅ ရက် ည ၁၁:၀၀ နာရီ)

ဘီလ်ဘာအိုက ရာသီသိမ်းခါနီးကာလမှာ အဝေးကွင်း ကစားအားက ပုံမှန်မရှိခဲ့ဘူး။ နဂိုကတည်းကအဝေးကွင်းသိပ်အားကောင်းလှတယ်မဟုတ်တဲ့အပြင် ဒီရာသီမှာတော့ ခံစစ်ပိုင်းအားနည်းမှုကပါ ဖိအားတစ်ခုလိုဖြစ်နေလို့ ဗယ်လက်ကာနိုရဲ့ အိမ်ကွင်းနှုတ်ဆက်ကစားအားကို ဘီလ်ဘာအိုတို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြန်တုံ့ပြန်ကစားရဖို့များနေတယ်။ လက်ရှိမှာ နှစ်သင်းစလုံး အမှတ်မလိုတဲ့ အခြေအနေဖြစ်လို့လည်း အမှတ်ရဖို့ပဲ ဦးစားပေးကြပါလိမ့်မယ်။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။



ရီးယဲလ်မက်ဒရစ် - ဘက်တစ် (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၁:၃၀ နာရီ)

ဒီပွဲက ပုံမှန်အချိန်မှာကစားရင် စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ ရီးယဲလ်မက်ဒရစ်က ချန်ပီယံဖြစ်၊ ဘက်တစ်ကလည်း ကွန်းဖရန့်လိဂ်ဝင်ခွင့်ရနေပြီဖြစ်လို့ နောက်ဆုံးနှုတ်ဆက်ခြေစမ်းပွဲသာသာကစားမယ့်ပွဲမျိုးဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ပြင်ဆင်စမ်းသပ်ကစားလာနိုင်တာမျိုး ရှိနေလို့ အသင်းကိုလူအပြောင်းအလဲတွေနဲ့ လက်ရှိပုံစံအတိုင်း အရှိန်မပျက်အောင် ဆက်ကစားသွားဖို့လည်းများနေတယ်။ လောလောဆယ်မှာလည်း တိုက်စစ်အရှိန်ကောင်းနေပြီး ပွဲထွက်ခွင့်ရနေတဲ့ လူငယ်လေးတွေလည်း ခြေစွမ်းပြနေလို့ ရီးယဲလ်အတွက်စိုးရိမ်စရာသိပ်မရှိလှပါဘူး။ ဘက်တစ်ကတော့ နဂိုကတည်း ကအဝေးကွင်းအားနည်းတဲ့အပြင် အခုလဲအရေးပါတဲ့ပွဲမဟုတ်လို့ အားစိုက်မှုလျော့နိုင်ပါတယ်။ ရီးယဲလ်နဲ့ ဂိုးအများပဲရွေးမယ်။

 

Most Read

Most Recent