■ ပရိသတ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်မည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းအတွက် ဆန်ခါတင်ကစားသမား (၆၀)ဦးစာရင်း ထုတ်ပြန်     

■ ပရိသတ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်မည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းအတွက် ဆန်ခါတင်ကစားသမား (၆၀)ဦးစာရင်း ထုတ်ပြန်     
Published 24 May 2024

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ပရိသတ်များ၏ ဆန္ဒမဲဖြင့်ရွေးချယ်မည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းအတွက် ဆန်ခါတင်ကစားသမား (၆၀)ဦးစာရင်းကို ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

    

ပရီးမီးယားလိဂ်က ဂိုးသမား၊ နောက်တန်းအစွန်လူ၊ နောက်တန်းအတွင်းလူ၊ ဗဟိုကွင်းလယ်လူ၊ ကွင်းလယ်တိုက် စစ်ကစားသမား၊ တိုက်စစ်မှူး ဟူ၍ နေရာ(၆)မျိုးခွဲခြားကာ နေရာတစ်ခုစီအတွက် ဆန်ခါတင်ကစားသမား(၁၀)ဦးစီ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ဆန်ခါတင်စာရင်းတွင် ပါဝင်သည့် ကစားသမားများမှာ ဂိုးသမား - အယ်လစ်ဆန်(လီဗာပူးလ်)၊ အီဒါဆန်(မန်စီးတီး)၊ ကာမင်စကီး(လူတန်)၊ လေနို(ဖူလ် ဟမ်)၊ မာတီနက်ဇ်(အက်စတွန်ဗီလာ)၊ နေတို(ဘုန်းမောက်)၊ အိုနာနာ(မန်ယူ)၊ ပစ်ဖို့ဒ်(အဲဗာတန်)၊ ရာယာ(အာဆင်နယ်)၊ ဗစ်ကာရီယို(စပါး)၊ 

နောက်တန်းအစွန်လူ - နူရီ(ဝုလ်ဗ်)၊ အာ နိုးလ်(လီဗာပူးလ်)၊ ဒါလော့(မန်ယူ)၊ ဒေါက်တီ(လူတန်)၊ ပေါ်ရို(စပါး)၊ ရော်ဘင်ဆန်(ဖူလ်ဟမ်)၊ ထရစ်ပီယာ(နယူးကာ ဆယ်)၊ အူဒိုဂီ(စပါး)၊ ဝေါ်လ်ကာ(မန်စီးတီး)၊ ဘင်ဝှိုက်(အာဆင်နယ်)၊ 

နောက်တန်းအတွင်းလူ - အန်ဒါဆန်(ပဲလေ့စ်)၊ ဘ ရန့်ဝိတ်(အဲဗာတန်)၊ ဂါဘရီယဲလ်(အာဆင်နယ်)၊ မူရီလို(နော်တင်ဟမ်)၊ ဆာလီဘာ(အာဆင်နယ်)၊ ရှား(နယူးကာဆယ်)၊ တာကောစကီး(အဲဗာတန်)၊ ဗန်ဒီဘန်(စပါး)၊ ဗန်ဒိုက်(လီဗာပူးလ်)၊ ဇာဘာညီ(ဘုန်းမောက်)၊ 

ဗဟိုကွင်းလယ်လူ - ဒီဘရိုင်းနား(မန်စီးတီး)၊ ဘရူနိုဖာနန်ဒက်စ်(မန်ယူ)၊ ဂရော့စ်(ဘရိုက်တန်)၊ ဂီမာရေ့စ်(နယူးကာဆယ်)၊ ဒူးဂလပ်စ်လူးဝစ်ဇ်(အက် စတွန်ဗီလာ)၊ မက်အယ်လစ္စတာ(လီဗာပူးလ်)၊ ဂျွန်မက်ဂင်း (အက်စတွန်ဗီလာ)၊ အော်ဒီဂွါ၊ ဒက်ကလန်ရိုက်စ်(အာဆင် နယ်)၊ ရိုဒရီ(မန်စီးတီး)၊ 

ကွင်းလယ်တိုက်စစ် - ဘာနာဒိုဆေးလ် ဗား(မန်စီးတီး)၊ ဘေလီ(အက်စတွန်ဗီလာ)၊ ဘိုဝင်(ဝက်စ်ဟမ်း)၊ အက်ဇီ(ပဲလေ့စ်)၊ ဖိုဒန်(မန်စီးတီး)၊ ဂေါ်ဒွန်(နယူးကာဆယ်)၊ ကူဒူစ်(ဝက်စ်ဟမ်း)၊ ပါလ်မာ(ချယ်လ်ဆီး)၊ ဆာကာ (အာဆင်နယ်)၊ ဆာလာ(လီဗာပူးလ်)၊ 

တိုက်စစ်မှူး - ကွန်ညာ (ဝုလ်ဗ်)၊ နူနက်ဇ်(လီဗာပူးလ်)၊ ဟာလန်း(မန်စီးတီး)၊ ဟာ ဗက်ဇ်(အာဆင်နယ်)၊ အီဆက်ခ်(နယူးကာဆယ်)၊ ဆိုလန်ကီ (ဘုန်းမောက်)၊ ဆွန်ဟောင်မင်(စပါး)၊ ဝက်ကင်စ်(အက်စတွန် ဗီလာ)၊ ဝစ်ဆာ(ဘရန့်ဖို့ဒ်)၊ ခရစ္စဝုဒ်(နော်တင်ဟမ်)တို့ဖြစ်သည်။ 

ပရိသတ်များအနေဖြင့် မေ(၂၇)အထိ ဆန္ဒမဲပေးနိုင်မည်ဖြစ်ပြီး မေ(၂၈)တွင် အကောင်းဆုံးအသင်းကို ကြေညာမည်ဟု သိရသည်။

Most Read

Most Recent