■ နီကိုဝီလီယံအတွက် လျော်ကြေးစာချုပ်တန်ဖိုးအတိုင်း ကမ်းလှမ်းမှ လက်ခံစဉ်းစားမည်     

■ နီကိုဝီလီယံအတွက် လျော်ကြေးစာချုပ်တန်ဖိုးအတိုင်း ကမ်းလှမ်းမှ လက်ခံစဉ်းစားမည်     
Published 17 May 2024

ဘီလ်ဘာအိုအသင်းသည် ဘာစီလိုနာအသင်း ခေါ်ယူရန် ကြိုးစားနေသော စပိန်တောင်ပံကစားသမား နီကိုဝီလီယံအတွက် လျော်ကြေးစာချုပ်တန်ဖိုးအတိုင်း ကမ်လှမ်းမှသာ လက်ခံစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။ 

နီကိုဝီလီယံ(၂၁ နှစ်)သည် လက်ရှိအချိန်၌ ဘီလ်ဘာအိုအသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသည့်အတွက် ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် နီကိုဝီလီယံအတွက် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း ဘီလ်ဘာအိုအသင်းက ပယ်ချခဲ့ကြောင်း Football Espana က ဖော်ပြခဲ့သည်။ 

ဘီလ်ဘာအိုအသင်းက နီကိုဝီလီယံ၏ လျော်ကြေးစာချုပ်အတိုင်း ယူရို(၅၅)သန်းဖြင့် ကမ်းလှမ်းမှသာ လက်ခံစဉ်းစားမည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent