ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်နေသော ကူးစက်ရောဂါ ဖြစ်ပွားမှု

ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်နေသော ကူးစက်ရောဂါ ဖြစ်ပွားမှု
Photo: AFP
Photo: AFP
Published 16 May 2024
TRANSLATED - မေသုတ

လူသားများသည် ကမ္ဘာကြီးအားပိုမိုပူနွေးလာစေရန်၊ ပိုမိုညစ်ညမ်းလာစေရန်နှင့် မျိုးစိတ်အများအပြားအတွက် နေထိုင်နိုုင်ရန် သာတောင့်သာယာရှိမှုပိုမိုနည်းပါးလာစေရန် လုပ်ဆောင်လျက်ရှိပြီးထိုအပြောင်းအလဲများက ကူးစက်ရောဂါများ ပျံ့နှံ့လာစေရန် ပိုမိုတွန်းအားပေးလျက်ရှိသည်။

ပိုမိုပူနွေးပြီး ပိုမိုစိုစွတ်သော ရာသီဥတုများသည် ခြင်များကဲ့သို့ ရောဂါပိုးသယ်ဆောင်သော ပိုးမွှားများတည်ရှိမှုကို ပိုမိုချဲ့ထွင်လာနိုင်စေပြီး   တိရစ္ဆာန်တို့နေထိုင်ရာဘုံဆုံးရှုံးလာခြင်းသည် ရောဂါပိုး သယ်ဆောင်သော တိရစ္ဆာန်များကို လူသားများနှင့် နီးနီးကပ်ကပ် ထိတွေ့လာစေသည်။

အဆိုပါ အကျိုးဆက်များမည်သို့မည် ပုံရှုပ်ထွေးသလဲဆိုသည်ကို သုတေသနတစ်ခုက ထုတ်ဖော်ထားသည်။ ရာသီဥတုနှင့် ကမ္ဘာကို လူသားတို့၏သက်ရောက်မှုက ရောဂါအချို့ဖြစ်ပွားမှုကို ပိုမိုမြန်ဆန်လာစေပြီး အခြားသူတို့အတွက် ရောဂါကူးစက်မှု ပုံစံများကိုပြောင်းလဲစေသည်ဟု အဆိုပါ သုတေသနတွင်ဖော်ပြထားသည်။

ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းသည်ကူးစက်ရောဂါဖြစ်ပွားမှုများ မြင့်တက်ရာတွင်ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်နေဖွယ်ရှိသည်ဟု Nature ဂျာနယ်တွင် ယခုသီတင်းပတ်၌ လေ့လာတွေ့ရှိချက်ကို ဖော်ပြထားသည်။

ဇီဝမျိုးစုံ မျိုးကွဲများဆုံးရှုံးခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ ဓာတုညစ်ညမ်းမှု၊ နေထိုင်ရာနေရာများဆုံးရှုံးခြင်း သို့မဟုတ် ပြောင်းလဲခြင်းနှင့် မျိုးစိတ်များ မိတ်ဆက်ခြင်းသက်ရောက်မှုနှင့် လူသားများ၊ တိရစ္ဆာန်များနှင့်အပင်များတွင် ကူးစက်ရောဂါများဖြစ်ပွားမှုများမည်ကဲ့သို့ အကျိုးသက်ရောက်ပုံကို လေ့လာရန် လက်ရှိသုတေသနလေ့လာတွေ့ရှိချက်များမှ အချက်အလက်ပေါင်း ၃,၀၀၀ နီးပါးနှင့်ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ခဲ့သည်။

ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးရခြင်းသည် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်ပြီး ယင်းတို့တွင်ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုနှင့် ဆန်းသစ်သောမျိုးစိတ်များ စတင်ပေါ်ပေါက်မှုတို့သည် အဓိကပြဿနာများဖြစ်သည်။ကပ်ပါးကောင်များသည် ပိုမိုပေါများလာပြီး အလားအလာရှိသော လက်ခံကောင် များထံ ပိုမိုကပ်တွယ်လာကြသည်ဟု နိုထရီဒိန်း တက္ကသိုလ်ဇီဝဗေဒသိပ္ပံဆိုင်ရာပါ မောက္ခတစ်ဦးဖြစ်ပြီး သုတေသနစာတမ်းကိုရေးသားခဲ့သည့် ဂျေဆန်ရိုဟာကရှင်းလင်းပြောကြားခဲ့သည်။

အရေအတွက်များပြားသောမျိုးစိတ်များသည် ကပ်ပါးကောင်များကို ခုခံကာကွယ်မှုထက် ကြီးထွားခြင်း၊ မျိုးပွားခြင်းနှင့် ပြန့်ပွားခြင်းတို့ကို အာရုံစိုက်လေ့ရှိသည်ဟု ၎င်းက အေအက်ဖ်ကို ပြောကြားခဲ့သည်။

သို့သော် ကပ်ပါးပိုးများကို ပိုမိုခံနိုင်ရည်ရှိသော ရှားပါးမျိုးစိတ်များသည်ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုအန္တရာယ်ကို ပိုမိုခုခံနိုင်ခြေ အားနည်းသည်။ယင်းသည် ကပ်ပါးကောင်များအတွက် ကောင်းမွန်သောလက်ခံကောင် များအတွက် သာမန်မျိုးစိတ်များကို ဖြစ်ပေါ်စေသည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသောပိုမိုပူနွေးသော ရာသီဥတုသည် ရောဂါပိုးမွှားများအတွက်နေထိုင်ရာ နေရာသစ်များပေးစွမ်းသည့်အပြင် မျိုးပွားမှုရာသီကို ပိုမိုရှည်လျားစေသည်။

“ကပ်ပါးကောင်တွေ ဒါမှမဟုတ် ရောဂါသယ်ဆောင်တဲ့ ပိုးမွှားတွေရဲ့ မျိုးဆက်တွေပိုမိုများလာလေ ရောဂါတွေပိုများလာနိုင်လေဖြစ်ပါတယ်”ဟု ရိုဟာကပြောသည်။

 

ကူးစက်မှုပြောင်းလဲခြင်း

သို့သော် လူသားအားလုံး ကမ္ဘာနှင့်လိုက်လျောညီထွေဖြစ်အောင်နေထိုင်မှုမရှိခြင်းသည်ကူးစက်ရောဂါများကို တိုးလာစေသည်။

နေထိုင်ရာနေရာများ ဆုံးရှုံးခြင်း သို့မဟုတ် ပြောင်းလဲခြင်းသည် ကူးစက်ရောဂါများကို လျော့ကျသွားစေသည်။ယင်းမှာအဓိကအားဖြင့် မြို့ပြစနစ်နှင့် ရေသွယ်မြောင်းစနစ်များကဲ့သို့သော သန့်ရှင်းမှုဆိုင်ရာ တိုးတက်လာမှုများကြောင့်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ရောဂါများအပေါ် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၏သက်ရောက်မှုများသည် မတူညီကြပေ။

အပူပိုင်းရာသီဥတုတွင် ပိုမိုပူနွေးပြီးပို မိုစိုစွတ်သော ရာသီဥတုသည် သွေးလွန်တုပ်ကွေးရောဂါကို ပိုမိုဖြစ်ပေါ်စေသည်။

သို့သော် အာဖရိကတွင်ပိုမိုခြောက်သွေ့သော အခြေအနေများသည် လာမည့်ဆယ်စုနှစ်များအတွင်း ငှက်ဖျားကူးစက်ပျံ့နှံ့သည့်ဒေသများကို လျော့ကျသွားစေဖွယ်ရှိသည်။

Science ဂျာနယ်တွင် ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ထားသော သုတေသနလေ့ လာချက်တွင်ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ မိုးရွာသွန်းမှုနှင့် ရေငွေ့ပျံခြင်းကဲ့သို့သော ဇလဗေဒဆိုင်ရာလုပ်ငန်းစဉ်များအကြား အပြန်အလှန်အကျိုးသက်ရောက်မှုနှင့် ရေများသည် မြေကြီးအတွင်းသို့ မည်မျှလျင်မြန်စွာစိမ့်ဝင်မှုတို့ကို နမူနာယူထားသည်။

၎င်းသည် မိုးရေချိန်တစ်ခုတည်းအပေါ်အခြေခံ၍ ခန့်မှန်းမှုတွင်၂၀၂၅ ခုနှစ်မှစတင်ကာ မိုးရေချိန် ကျဆင်းခြင်းနှင့်အတူ ရောဂါကူးစက်ပျံ့ပွားလေ့ရှိသည့်နေရာများတွင်ကူးစက်မှုများ ပိုမိုလျော့ကျသွားနိုင်သည်ဟု ခန့်မှန်းထားသည်။

အာဖရိက၏အချို့နေရာများတွင် ငှက်ဖျားရာသီသည် ယခင်ခန့်မှန်းချက်ထက်လေး လပိုမိုတိုတောင်းနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ယင်းတွေ့ရှိချက်အားလုံးသည်သတင်းကောင်းဟု မသတ်မှတ်နိုင်ကြောင်း လိဒ်တက္ကသိုလ်မှ ရေသုတေသီတစ်ဦးဖြစ်သည့် တွဲဖက်ပါမောက္ခမာ့ခ်စမစ်ကဆိုသည်။

“ငှက်ဖျားအဖြစ်များတဲ့ဒေသတွေရဲ့ တည်နေရာတွေက ပြောင်းလဲသွားပါလိမ့်မယ်”ဟု ၎င်းကပြောကြားခဲ့ကာ ငှက်ဖျားကူးစက်ဖြစ်ပွားနိုင်ခြေရှိသည့် ဒေသအသစ်များတွင် အီသီယိုပီးယား၏ ကုန်းမြင့်ပိုင်းနေရာ များလည်းပါဝင်နိုင်သည်ဟု ဆိုသည်။

ယင်းဒေသများရှိလူများအနေဖြင့် ငှက်ဖျားရောဂါနှင့် ထိတွေ့မှုမရှိခဲ့ဖူးခြင်းကြောင့် ခံနိုင်စွမ်းပိုမိုအားနည်းနိုင်သည်ဟုဆိုသည်။

ထို့ပြင် ငှက်ဖျားရောဂါ ဆက်လက်တည်ရှိနိုင်သည့် သို့မဟုတ် ပိုမိုကူးစက်နိုင်သည့်နေရာများတွင် လူဦးရေလျင်မြန်စွာတိုးပွားလာမည်ဟု ခန့်မှန်းထားသောကြောင့် ရောဂါဖြစ် ပွားမှုပမာဏပိုမိုမြင့်တက်လာနိုင်သည်။

 

ကြိုတင်ခန့်မှန်းခြင်းနှင့်ပြင်ဆင်ခြင်း

ပြင်းထန်အပူဒဏ်သည် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ရသည်ဟု ရာသီဥတုသိပ္ပံပညာရှင်များက ပြောသည်။ ရာသီဥတုပြောင်းလဲမှုသည် လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် ပြောင်းလဲခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်းထန်အပူလှိုင်းများ မကြာမကြာဖြစ်ပေါ်မည်ဟုဆိုသည်။ အပူလှိုင်းကျချိန်များသည် အချိန်ပိုကြာလာမည်ဟုသိပ္ပံပညာရှင်များက သတိပေးထားသည်။

“ငှက်ဖျားရောဂါအတွက် အလွန်ကြမ်းတမ်းသောအခြေအနေများက ကျွန်တော်တို့အတွက် ပိုမိုဆိုးရွားပြင်းထန်နိုင်ဖွယ်ရှိပါတယ်”ဟုစမစ်က သတိပေးထားသည်။

“သောက်သုံးရေ ဒါမှမဟုတ် စိုက်ပျိုးရေအတွက် ရေရရှိမှုပြောင်းလဲတာဟာ အမှန်တ ကယ်ဆိုးရွားလှပါတယ်”ဟု ၎င်းကဆိုသည်။

ရာသီဥတုနှင့် ကူးစက်ရောဂါကြားဆက်နွှယ်မှုများသည် ရာသီဥတုဖောက်ပြန်မှုကိုကြိုတင်ခန့်မှန်းရာတွင် အထောက်အကူဖြစ်စေနိုင်သည်ဟုဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ခန့်မှန်းရာတွင် ဒေသအပူချိန်နှင့် မိုးရေချိန်ခန့်မှန်းချက်များကို အသုံးပြုလေ့ရှိသော်လည်း ၎င်းတို့သည် ရေတိုအတွက်သာဖြစ်ပြီး ယုံကြည်စိတ်ချနိုင်ခြင်းမရှိပေ။

အခြားရွေးချယ်စရာတစ်ခုမှာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်ကွဲလွဲမှုများ၏ ဒေသတွင်းပျမ်းမျှ ပမာဏကိုတိုင်းတာသည့် အိန္ဒိယသမုဒ္ဒရာမြစ်ဝှမ်း အညွှန်းကိန်း(IOBW)ဖြစ်ဖွယ်ရှိသည်။

ယခုသီတင်းပတ်အတွင်း IOBW ဂျာနယ်တွင် နှစ်ပေါင်း ၃၀ ကျော်အတွင်းနိုင်ငံပေါင်း ၄၆ နိုင်ငံမှ သွေးလွန်တုပ်ကွေးသုတေသနလေ့လာချက်များကို ထုတ်ပြန်ခဲ့ပြီးကမ္ဘာ့မြောက်ခြမ်းနှင့် တောင်ခြမ်းတို့တွင် IOBW ၏ အတက်အကျရှိခြင်းနှင့် ရောဂါဖြစ်ပွားခြင်းတို့ကြား အနီးကပ်ဆက်စပ်မှုကိုတွေ့ရှိခဲ့ သည်။ယင်းလေ့လာချက်သည် နောက်ကြောင်း ပြန်နေသောကြောင့် IOBW ၏ ခန့်မှန်းနိုင် ခြေစွမ်းအားအပေါ် ယခုအချိန်အထိ စမ်းသပ်ရခြင်းမရှိသေးပေ။

သို့သော် အဓိကပြည်သူ့ကျန်းမာရေး စိုးရိမ်ဖွယ်ဖြစ်သည့်ရောဂါကူးစက်ဖြစ်ပွားမှုများကို ကြိုတင်ကာကွယ်ရန်အတွက်ယင်း စောင့်ကြည့်မှုသည် အထောက်အကူပြုနိုင်ဖွယ်ရှိသည်။

သို့သော် နောက်ဆုံးတွင် တိုးပွားလာသော ကူးစက်ရောဂါများကို ဖြေရှင်းခြင်းသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကိုကိုင် တွယ်ဖြေရှင်းခြင်းပင်ဖြစ်သည်ဟု ရိုဟာက ပြောသည်။

“သုတေသနလေ့လာချက်အရ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ရောဂါကူးစက်မှုတွေဟာ တစ်သမတ်တည်း ကျယ်ကျယ်ပြန့်ပြန့်တိုးပွားလာဖွယ်ရှိနေပါတယ်။ ဒါ့ပြင်လေ့လာတွေ့ရှိချက်အရ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်နေမှုကို လျှော့ချနိုင်ဖို့လိုအပ်တဲ့အကြောင်း မီးမောင်းထိုးပြနေပါတယ်”ဟုရို ဟာက သုံးသပ်ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent