မန်စီးတီးကို စပါး အနိုင်ကစားခဲ့ပါက စပါးပုံ တက်တူးထိုးမည်ဟု ပေါလ်မာဆင် နောက်ပြောင်

မန်စီးတီးကို စပါး အနိုင်ကစားခဲ့ပါက စပါးပုံ တက်တူးထိုးမည်ဟု ပေါလ်မာဆင် နောက်ပြောင်
Photo: Sky Sports
Photo: Sky Sports
Published 13 May 2024

အာဆင်နယ်အသင်း၏ ကစားသမားဟောင်းဖြစ်ပြီး လက်ရှိအချိန်၌  ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ပေါလ်မာဆင်က စပါး- မန်စီးတီးပွဲတွင် မန်စီးတီးအသင်းကို စပါး အနိုင်ကစားခဲ့ပါက စပါးပုံ တက်တူးထိုးမည်ဟု နောက်ပြောင်ပြောကြားခဲ့သည်။

လက်ကျန်နှစ်ပွဲတွင် မန်စီးတီးအသင်း အမှတ်လျော့မှ အာဆင်နယ်အသင်းအတွက် ချန်ပီယံမျှော်လင့်ချက် ရှိမည်ဖြစ်သောကြောင့် ပေါလ်မာဆင်က ယင်းကဲ့သို့ နောက်ပြောင်ခဲ့ခြင်းဖြစ်သည်။

''အာဆင်နယ်က ဒုတိယနေရာနဲ့ အဆုံးသတ်ဖို့ အလားအလာများနေပြီး စပါးကို မှီခိုနေရပါတယ်။ သူတို့သာ အနိုင်ရခဲ့မယ်ဆိုရင် စပါးပုံ တက်တူးထိုးပါမယ်''ဟု ပေါလ်မာဆင်က ပြောကြားခဲ့သည်။

ထို့ပြင် စပါးအသင်းအနေဖြင့် လာမည့်ရာသီ၌ အာဆင်နယ်၏အထက်တွင် ရပ်တည်နိုင်မည်မဟုတ်ဘဲ အကယ်၍ ယင်းသို့ စွမ်းဆောင်နိုင်ခဲ့ပါကလည်း စပါးပုံတက်တူး ထပ်တိုးမည်ဟု ၎င်းက စိန်ခေါ်ပြောကြားခဲ့သည်။

Most Read

Most Recent