ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 12 May 2024

မန်ယူ - အာဆင်နယ် (တနင်္ဂနွေည ၁၀း၀၀ နာရီ)

မန်စီးတီးအသင်းက ဖူလ်ဟမ်နဲ့ စပါးတို့ကို နှစ်ပွဲဆက် အဝေးကွင်းကစားရမှာဖြစ်ပြီး အာဆင်နယ်နဲ့ ရာသီပိတ်မတိုင်ခင် ပွဲစဉ်အတူတူ ဖြစ်သွားမယ်။ အာဆင်နယ်က အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အနိုင်ကစားထားမယ်ဆိုရင် စီးတီးရဲ့ ၂ ပွဲ မှာ ၆ မှတ် အပြည့်မရရင် အာဆင်နယ်က အမှတ်ပေးဇယား ထိပ်ဆုံးကနေ ရာသီပိတ်ပွဲစဉ်ကို ကစားရမယ်။ ရာသီပိတ်ပွဲစဉ်က အာတီတာရဲ့အသင်းဟောင်း အဲဗာတန် ဖြစ်နေမယ်။ အိမ်ကွင်းမှာ ကစားရမယ်။ အာဆင်နယ် ချန်ပီယံ ဖြစ်သွားနိုင်တယ်။ အာဆင်နယ်အတွက် အရမ်းအရေးကြီးတဲ့အချက်က စီးတီး အမှတ်လျော့ခဲ့ရင် အခွင့်အရေးကို အပြည့်အ၀ အသုံးချနိုင်ဖို့ ဖြစ် ပြီး ဒီပွဲကို အနိုင်ကစားဖို့ပါ။ ယူနိုက်တက်က နောက်ဆုံးပွဲမှာ ပဲလေ့စ်ကို ရှုံးခဲ့တဲ့ ခြေစွမ်းက စိတ်ပျက်စရာဖြစ်သလို၊ အသင်းရဲ့  အခြေအနေကလည်း ထိုးကျနေတယ်။ အာဆင်နယ်ပဲ နိုင်လိမ့်မယ်။ 

Most Read

Most Recent