မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းက အင်္ဂလန် သို့မဟုတ် စပိန်တွင် နည်းပြလိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
နစ္စတယ်ရွိုင်းသည် ၂၀၂၃ မေလတွင် PSV အသင်း၏နည်းပြရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ကမ်းလှမ်းမှုများရရှိခဲ့သော်လည်း ငြင်းပယ်ခဲ့သူဖြစ်သည်။
၎င်းက ''ကျွန်တော့်ဆီ ကမ်းလှမ်းမှုများစွာ ရောက်ရှိခဲ့ပြီး ကျွန်တော့်နိုင်ငံကလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အင်္ဂလန် ဒါမှမဟုတ် စပိန်မှာ အလုပ်လုပ်ချင်ပါတယ်။ ကျွန်တော် ကစားခဲ့ဖူးတဲ့ လိဂ်ပြိုင်ပွဲတစ်ခုမှာ နည်းပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနိုင်ငံတွေက ဘာသာစကားကို ကောင်းကောင်းပြောဆိုနိုင်လို့ပါ။ ကျွန်တော့်မှာ အတွေ့အကြုံတွေလည်း ရှိနေပြီလို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။
အင်္ဂလန် သို့မဟုတ် စပိန်တွင် နည်းပြလိုသည်ဟု နစ္စတယ်ရွိုင်း ပြောကြား
Most Read
Most Recent
12 hours ago
12 hours ago