ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော ကျောက်တစ်လုံးကြီးဒေသ

ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော ကျောက်တစ်လုံးကြီးဒေသ
Published 17 March 2024

 

 

 

 

 

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး မြို့နယ်တွင် တည်ရှိသော ပအိုဝ်းတိုင်းရင်းသား ဒေသလေးသည် ကျောက်တစ်လုံးကြီးမြို့ဖြစ် သည်။ ကျောက်တစ်လုံးကြီးမြို့သည် ယခင်က မြို့နယ်ခွဲ အဆင့်မှ (၂၀-၂-၂၀၀၃) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ကျောက်တစ်လုံးကြီးမြို့ အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကျောက်တစ်လုံးကြီးမြို့၏ ဧရိယာမှာ ၄ ဒသမ ၆၃ စတုရန်းမိုင် ကျယ်ဝန်းကြောင်း တောင်ကြီးခရိုင် ဒေသအချက်အလက်တွင် ဖော်ပြထားသည်။

တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန (ရုံးချုပ်) ရက်စွဲပါ စာအမှတ် (၁၅-၇-၂၀၁၄) ဖြင့် မြို့နယ်ခွဲအဖြစ်မှ မြို့ အဖြစ်သို့ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခရိုင်ဒေသအ ချက်အလက်များ ထုတ်ပြန်ချက်အရ သိရ သည်။

တောင်ကြီးခရိုင်အတွင်းရှိ မြို့အဖြစ်သို့ ပြင်ဆင်ဖွဲ့စည်းခဲ့သော မြို့များမှာ ကျောက် တစ်လုံးကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင် မြို့၊ အောင်ပန်းမြို့၊ အင်တောမြို့ ၊ ဟဲဟိုးမြို့၊ နန်းပန်မြို့တို့ ဖြစ်ကြသည်။

တောင်ကြီးခရိုင်တွင် မြို့နယ်ငါးမြို့နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှစ်ခု ပါဝင် သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ခုတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်တို့ ဖြစ်ကြပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဟိုပုံးမြို့နယ်၊ ဆီဆိုင် မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ ပါဝင်သည်။

တောင်ကြီးခရိုင် ငါးမြို့နယ်ရှိသည့်အ နက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၃၀-၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာ ဖြင့် မူလတောင်ကြီးခရိုင်၏ မူလမြို့နယ် ငါး မြို့နယ်အနက် တောင်ကြီးမြို့နယ်၊ ရပ်စောက် မြို့နယ်နှစ်မြို့နယ်ကို တောင်ကြီးခရိုင်အဖြစ် လည်းကောင်း၊ ကလော၊ ညောင်ရွှေ၊ ဖယ်ခုံ စသည့် မြို့နယ်သုံးမြို့နယ်ကို ကလောခရိုင် အဖြစ်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန် ချက်အရ သိရသည်။

(၂၀-၂-၂၀၀၃) ရက်စွဲပါ အမိန့်ကြော် ငြာစာဖြင့် တောင်ကြီးမြို့နယ်တွင် ကျောက် တစ်လုံးကြီးမြို့အဖြစ်လည်းကောင်း၊ (၁၃-၃-၂၀၀၇) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် အေးသာယာနှင့် ရွှေညောင်မြို့ကိုလည်း ကောင်း၊ (၅- ၁၁-၂၀၁၄) ရက်စွဲပါ အမိန့် ကြော်ငြာစာဖြင့် ကလောမြို့နယ်တွင် အောင် ပန်းမြို့အဖြစ်လည်းကောင်း ၊ (၂၂-၅-၂၀၁၄) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပင်လောင်း မြို့နယ်တွင် နောင်တရားမြို့နှင့် (၂၃-၆-၂၀၁၅) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပေါင်း လောင်းမြို့တို့ကို ဖွဲ့စည်းခဲ့သည်။ (၁၉-၆-၂၀၁၃) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ် စောက်မြို့နယ်တွင် အင်တောမြို့အဖြစ်လည်း ကောင်း ဖွဲ့စည်းခဲ့သည်။

 

တောင်ကြီးမြို့နယ်ရှိ ပအိုဝ်းတိုင်းရင်းသားဒေသ

တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ အေးသာယာမြို့နှင့် ကျောက် တစ်လုံးကြီးမြို့ဟူ၍ မြို့လေးမြို့ပါဝင်သည်။ တောင်ကြီးမြို့နယ်တွင် ပါဝင်သော ကျောက် တစ်လုံးကြီးမြို့သည် ရှေးယခင်ကပင် ပအိုဝ်း တိုင်းရင်းသားများ နေထိုင်ခဲ့ကြပြီး ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် မွေတော်ကက္ကူစေတီ တော်များလည်း တည်ရှိသည်။

တောင်ကြီးမြို့မှ ကျောက်တစ်လုံးကြီးမြို့ ကိုသွားမည်ဆိုလျှင် အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းမှတစ်ဆင့် ကံကြီးမီးရထားသံ လမ်းကို ကျော်လိုက်လျှင် သွားရသော လမ်းမ ကြီးအတိုင်း ကျောက်တစ်လုံးကြီးကို သွားနိုင် သည်။ တောင်ကြီးမြို့မှ ကျောက်တစ်လုံးသို့ သွားလာရာ လမ်းတစ်လျှောက်တွင် ဖြတ် ကျော်လာရသော ရွာစဉ်များမှ လှပသော တော တောင်ရှုခင်းများကိုလည်း မြင်တွေ့ခံစားနိုင် ပေသည်။

တောင်ကြီးမြို့အထွက် ကံကြီးကျော်လျှင် ပန်သခွား၊ ထီဗွာ၊ ကောင်ရွှေ၊ လုံးကောင်၊ လွယ်ကောင်းရွာသစ်ကြီး ၊ နားဘောင်ဒေသ၊ ထီဟန်းဆွေး စသောကျေးရွာများကို ဖြတ် သန်းရသည်။ ထီဟန်းဆွေးကျေးရွာသည် တောင်ကြီးမြို့အဆုံးသတ် ကျေးရွာဖြစ်ပြီး ထို ရွာကျော်သည်နှင့် ကျောက်တစ်လုံးကြီးကို ဝင်ရောက် လာပြီ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုမှ  ထမ်းဘုရားတည်ရှိရာ ကျောက်တိုင် ရွာ၊ ညောင်ဝိုင်းရွာ၊ နောင်ကား၊ နောင်ပစ်၊ ပုံ ဆွေပင်၊ ဝင်းယ၊ ၀ါးလှ၊ နားရီ၊ ဟမ်းဆီး၊ ထီထပ်၊ ဂနိုင်ထော့၊ နောင်ယာဆိုင်း (လမ်းခွဲ) နှင့် ထီ>ပန် တို့ကို ကျော်ဖြတ်ပြီးလျှင် ကျောက်တစ်လုံး ကြီးမြို့ကို ရောက်ရှိပါသည်။

ထူးခြားချက်မှာ ရှေးဟောင်း ထမ်းဘုရား တည်ရှိသော ကျောက်တိုင်ရွာ၊ ရှေးဟောင်း သမိုင်းဝင် ရွှေလင်ဗန်းဘုရားများတည်ရှိသော ဟမ်းဆီးရွာတို့တွင် ရှေးဟောင်းမွေတော် စေ တီတော်များကို ဖူးမြင်နိုင်ပေသည်။ ထို့ပြင် ဟမ်းဆီးကျေးရွာတွင် ပိတောက်တစ်ထောင် စေတီတော်များကိုလည်း သွားရောက်ဖူးမြော် နိုင်ပေသည်။

နောင်ယာဆိုင်းကျေးရွာ ရောက်လျှင် လမ်းခွဲနှစ်ခုကို မြင်တွေ့ရပေမည်။ လမ်းဘယ် ဘက်အတိုင်းသွားလျှင် ဆိုက်ခေါင်သွားလမ်း ဖြစ်ကာ လမ်းညာဘက်အတိုင်းသွားလျှင် ထီပြွန်ကျေးရွာကျော်သည်နှင့် ကျောက်တစ်လုံး ကြီးမြို့ကို ရောက်ပေမည်။ လမ်းနာမည်မှာ ကျွန်းတောင်-ကျောက်တစ်လုံးကြီး-နောင် ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက် မယ်လမ်းဖြစ်ပါသည်။

 

ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရား

ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူ ဘုရားစေတီစုသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကျောက် တစ်လုံးမြို့၊ ကက္ကူကျေးရွာအုပ်စု၊ မွေတော် ကျေးရွာအနီးတွင် တည်ရှိသည်။ တောင်ကြီး မြို့မှ ကျောက်တစ်လုံးကြီးမြို့သွားလမ်းအ တိုင်းသွားလျှင် ရောက်ရှိနိုင်သည်။

တောင်ကြီးမြို့မှ တောင်ဘက် ၂၆ မိုင် အကွာတွင် တည်ရှိပြီး မော်တော်ဆိုင်ကယ်ဖြင့် တစ်နာရီကျော် မောင်းရသည်။

မြန်မာဘုရင်များလက်ထက် ရှမ်းပြည် နယ်ကို စော်ဘွားများအုပ်ချုပ်ခဲ့ကြပြီး အုပ်ချုပ် ရေး၊ တရားစီရင်ရေး၊ နယ်မြေလုံခြုံရေးတို့ကို အစစတာဝန်ယူရခြင်းဖြစ်သည်။

ကက္ကူရွာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ကာလက ညောင်ရွှေစော်ဘွား၏အုပ်ချုပ်ခံနယ်မြေတစ်ခုဖြစ်ပြီး တောင်ပတ်လည်ဝိုင်းရံထားသည့်ရွာကြီးတစ်ခုဖြစ်သည်။ ထို့ပြင် အဆိုပါခေါင်းလောင်းစာမှာပင် “ကက္ကူ နောင်ခဲ၊ ကွပ်ကဲစိုးပိုင်၊ မြေတိုင်နှင့်” ဟု ပါရှိ ရာ ကက္ကူရွာကြီးသည် ဟိန်အုပ်ချုပ်သောရွာ ဖြစ်ကြောင်း ကက္ကူ အကြောင်း ပြုစုထားသော စာတမ်းတစ်စောင်အရ သိရသည်။ ထိုစာတမ်း ကို ကြည်ကြည်ချို တောင်ကြီးတက္ကသိုလ်မှ ပြုစုထားခြင်းဖြစ်ပြီး ကက္ကူမွေတော်သမိုင်း နှင့် အနုပညာဗိသုကာ လက်ရာများအကြောင်း ကို ပြုစုထားခြင်း ဖြစ်သည်။

ယခုအချိန်ကာလတွင် နိုင်ငံရေးအခြေ အ နေ ကြောင့် ခရီးသွားဘုရားဖူးဧည့်သည် နည်းပါးနေသည်ကို မြင်တွေ့ရပြီး မွေတော် ကက္ကူဘုရားကို ပိတ်ရက်မရှိ ဖွင့်ထားကြောင်း ဘုရားဂေါပကအဖွဲ့က ဆိုသည်။

တောင်ပေါ်ဒေသ ဆောင်းရာသီ အကုန် နွေအကူးရာသီဖြစ်သောကြောင့် ပူပြင်းခြောက် သွေ့လျက်ရှိပြီး ကက္ကူစေတီတော်များရှေ့ တွင်ရှိသော ညောင်ပင်တန်း၌ သစ်ရွက်ခြောက် များ ပြန့်ကျဲနေသည်ကိုလည်း မြင်တွေ့ရသည်။ ထို့ပြင် နွေဦးရာသီ ဖြစ်သောကြောင့် သစ်ပင် များတွင် ခြောက်သွေ့၍ ရိုးတံကျဲကျဲ ဖြစ်လာ သည်ကိုလည်း လွမ်းစရာမြင်တွေ့ရသည်။

ကက္ကူစေတီတော်များကို ဖူးမြင်ရသည် မှာ စိတ်တွင်းအေးချမ်းမှုရရှိသော်လည်း ပူပြင်း သော ရာသီဥတုကြောင့် ရင်ထဲတွင် တဒင်္ဂ အေးမြခြင်းသာ ဖြစ်ပေါ်ခဲ့သည်။ ကက္ကူမွေ တော်ဘုရားကို ဒေသခံများက မွေတော်ကက္ကူ ဘုရားဟုလည်းကောင်း၊ တစ်ခါတလေ ကက္ကူ ဘုရားဟုလည်းကောင်း ခေါ်ဆိုကြသည်။ ရှေး ဟောင်းသမိုင်းဝင် ဖြစ်သော ကြောင့် မွေတော် တပ်၍ ပြောဆိုကြကာ မွေတော်ကက္ကူဘုရား ဟုလည်း ခေါ်ကြသည်။ ကက္ကူဘုရားဟု ဆို လိုက်သည် နှင့် စေတီတော်အများအပြားကို သိမြင်ကြသဖြင့် ကက္ကူမွေတော် ဘုရားစေတီစု ဟုလည်း ဆိုနိုင်ပေသည်။

၂၀၁၆ ခုနှစ် ဧပြီတွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် ကက္ကူစေတီတော်စုများ အရန်စေတီပေါင်း ၁၇၀၀ ကျော် ပြိုလဲပျက်စီး ခဲ့သဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရသည်ကိုလည်း အမှတ်ရမိသည်။ ထိုစဉ်က သတင်းကြားပြီး နောက်တစ်နေ့တွင် နံနက်စောစော ဆိုင်ကယ် ဖြင့် ကက္ကူဘုရားရှိရာသို့ သွားရောက်မှတ် တမ်းယူခဲ့ရသည်ကိုလည်း မှတ်မိနေပါသေး သည်။ ယခုအခါ အဆိုပါစေတီတော်များ အားလုံးကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

 

ဘုရားသမိုင်း အကျဉ်း

ကက္ကူဟူသောဝေါဟာရအဓိပ္ပာယ်မှာ တိုင်းရင်းသားဘာသာစကားဖြင့် အဓိပ္ပာယ် ဖွင့်နိုင်သော်လည်း စေတီဘုရားများ၏ ဘွဲ့ တော် အမည်အရာဌာန၌ ဘုရား၏ဂုဏ်တော် နှင့် ပြည်စုံကိုက်ညီခြင်း မရှိသည်ကို တွေ့ရ သည်။ ပအိုဝ်းတိုင်းရင်းသား ဘာသာစကား ဖြစ်သော ကက်နှင့် ကူ ပေါင်းစပ်ထားပြီး ကက် မှာ ကင်းစခန်း၊ ကူမှာ နယ်ခြားဖြစ်ပါသည်။

ကက္ကူမွေတော်ဘုရား တည်ရှိရာဒေသ သည် ရှေးအခါက ဆီဆိုင်စော်ဘွားနှင့် ညောင် ရွှေစော်ဘွားနယ်၏ အစပ်ဒေသဖြစ်ကာ ထို နယ်ခြားကင်းစခန်းနေရာ ရပ်ရွာဒေသတွင် တည်ရှိသော စေတီဘုရားကို ကက္ကူဘုရား ဟူ၍ ခေါ်ဆိုကြခြင်းဖြစ်သည်။

ထိုထက်လေးနက်၍ ဘုရား၏ ဂုဏ်ပုဒ် များနှင့် လိုက်လျောညီထွေရှိပြီး ပို၍ပြည့်စုံ သော အခြားအဓိပ္ပာယ်ဖွင့်ဆိုချက်လည်းရှိ သေးသည်။ ဤဘဒ္ဒကမ္ဘာတွင် ပွင့်ထွန်းသည့် ဘုရားရှင် ဘွဲ့တော်အမည်များကို မြန်မာမှု ပြုပြီး ခေါ်ဆိုသုံးစွဲခဲ့ရာ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ၊ အရိမေတ္တယျဘုရားရှင် ငါးဆူ၏ အမည်တော်များ ဖြစ်လာကြသည်။ လောကီဝိဇ္ဇာဓိုရ်ဂိုဏ်းများက ဂမ္ဘီရပညာဖြင့် ထိုထက်အကျဉ်းချုံး၍ ဖော်ပြရာတွင် သံ၊ ဂုံ၊ ပ၊ မ၊ ယျယူ၍ အက္ခရာငါးလုံးမျှသာ ကျန်တော့ သည်။

ဤဘဒ္ဒကမ္ဘာတွင် ရှေးဦးစွာပွင့်ထွန်း သော ဘုရားရှင်များ၏ အမည်တော်မှာ ကကု သန္ဓဘုရားရှင် ဖြစ်သည်။ မြန်မာမှုအမည်ဖြင့် ကကုသန်ဘုရား ဖြစ်သည်။ တိုခြင်း၊ ကျဉ်းခြင်း၊ ပေါ့ပါးခြင်း၊ လွယ်ကူခြင်းကို ကြိုက် နှစ်သက် တတ်သော လူ့ဓလေ့ဝသီကြောင့် ကကုသန် မှ (သန်) ကို ချန်ထား၍ ကကုဖြစ်ရသည်။ အသံ၏ သဘာဝအရ အသံနှစ်ခုသည် သံတို သံပေါ့ ဖြစ်နေပါက နှုတ်ဖြင့် မြွက်ကြားရာတွင် သံလေးသံရှည်သို့ ကူးပြောင်းတတ်ပါသည်။                

သို့ဖြစ်၍ ကကုမှ ကက္ကူ  (အသံထွက်မှာ ကတ်ကူ) သို့ ရွေ့လျောပြောင်းလဲခြင်း ဖြစ် သည်ဟု ဘုရားသမိုင်းဖော်ပြချက်အရ သိရ သည်။

ဤကက္ကူစေတီစုတွင် ဂေါတမ ဘုရားရှင် ၏ ဓာတ်မွေတော်ကို ဌာပနာထားသော်လည်း ဘုရားစေတီ၏ ဘွဲ့အမည်ကိုမူ နောင်တော် ကကုသန်ဘုရားရှင်၏ ဘွဲ့အမည်တော်ကို ယူ၍ ကက္ကူဟု အမည်မှည့်ထားခြင်းဖြစ် သည်။ ဤဘဒ္ဒကပ်ကမ္ဘာတွင် ရှေးဦးစွာ ပွင့် ထွန်းသော အကြီးဆုံး ဖြစ်သည့် နောင်တော် ကကုသန်ဘုရားရှင်အား ဂုဏ်ပြုပူဇော် လို သောကြောင့်ဖြစ်ကြောင်း သိရသည်။

ကက္ကူမွေတော် ဓာတ်မြတ်ကျော်ကို စတင်တည်ထား ကိုးကွယ်သည့် ပုဂ္ဂိုလ်များမှာ ရှင်သောနနှင့် ရှင်ဥတ္တရ ရဟန္တာ မထေရ်မြတ် တို့နှင့် စေတီပေါင်း (၈၄၀၀၀) ရှစ်သောင်း လေးထောင် တည်ထားကိုးကွယ်သော သာသ နာပြုဒါယကာ သာသနာ့မွေခံထိုက်သော ဘုရင်မင်းမြတ် သီရိဓမ္မာသောကမင်းကြီးတို့ ပင်ဖြစ်သည်။

ကက္ကူမွေတော် ဓာတ်မြတ်ကျော်စေတီစု တွင် သီရိဓမ္မာသောကမင်း၏ သာသနာပြုလုပ် ငန်းနှင့် ဆက်စပ်သည့် ထူးခြားသောအရာဖြစ် စဉ် ခြောက်ခုကို တွေ့မြင်ရသည်။

(၁) သရီရဓာတ်မွေတော်များကို ဌာပနာ သွင်းပြီး တည်ထားကိုးကွယ်သည့် စေတီဘုရား (ဓာတုစေတီ) ရှိခြင်း၊

(၂) ညေယျငါးဖြာလေးသစ္စာကို ထိုးထွင်း သိမြင်ပြီး မာန်ငါးပါး အောင်မြင်ရာ အပရာဇိတ ပလင်ပေါက်ရောက်ရာ မဟာဗောဓိပင် (ညောင် ပင်) ကို စိုက်ပျိုးထားရှိခြင်း (ပရိဘောဂစေတီ)၊

(၃) ရှင်သောနနှင့် ရှင်ဥတ္တရတို့ သမုတ် ထားသော ရှေးဟောင်းရဟန္တာသိမ်တော် တည်ရှိခြင်း၊

(၄) ကျောင်းပေါင်း (၈၄၀၀၀) ရှစ် သောင်းလေးထောင်၌ ပါဝင်သော ရှေးဟောင်း ကျောင်းအထိမ်းအမှတ်အဖြစ် အဆောက်အ အုံများ ကြွင်းကျန်ခြင်းမရှိသော်လည်း ရှေး ဟောင်းကျောင်းနေရာတည်ရှိခြင်း၊

(၅) ရေတွင်းပေါင်း ရှစ်သောင်းလေး ထောင်တွင် ပါဝင်သော အထိမ်းအမှတ် ရေ တွင်းရှိခြင်း၊

(၆) ရေကန်ပေါင်း ရှစ်သောင်းလေး ထောင်တွင် ပါဝင်သော အထိမ်းအမှတ် ရေ ကန်ရှိခြင်းတို့ ဖြစ်ပါသည်။

ထိုအရာခြောက်မျိုးတို့ အခိုင်အမြဲ ထင်ရှား တည်ရှိသဖြင့် ကက္ကူဘုရားတည်နေရာကို မွေ တော် ရှေးဟောင်းဘုရားနယ်မြေအဖြစ် ထင် ရှားခြင်း ဖြစ်သည်။

 

ယွန်းရှမ်းတို့၏လက်ရာ ကက္ကူမွေတော်ဘုရား ဖူးမြော်ခြင်း

ကက္ကူမွေတော်ဘုရားဝင်းအတွင်း ဝင် လိုက်သည်နှင့် စေတီတော်များကို စီတန်းစွာ ကြည်နူးဖွယ်ဖူးမြင်နိုင်ပေမည်။

စေတီတော်များ၏ လက်ရာများကို ရှေး လက်ရာများအတိုင်း အတတ်နိုင်ဆုံး ပြန်လည် ထိန်းသိမ်းထားခြင်းဖြစ်ကာ ဘုရားထီးတော် များမှာ မည်သည့်ဒေသနှင့်မျှမတူဘဲ တစ်မူထူး ခြားသည်ကို မြင်တွေ့နိုင်ပေမည်။

အဆိုပါ ကက္ကူဘုရားထီးတော်များကို ရှမ်းဘုရားထီးတော်ဟုလည်း ခေါ်ကြသည်။ မြန်မာပြည်၌ မြင်တွေ့ရသော ဘုရားထီးတော် နှင့်မတူဘဲ တစ်မူထူးခြားမှုရှိပါသည်။ ထီး တော်အနက်ရောင် အများစုဖြစ်ကြပြီး သေး သေးသွယ်သွယ် အပေါ်ကိုချွန်တက်သွား သည်ကို ဖူးမြင်နိုင်ပေမည်။

ရှမ်းတိုင်းရင်းသားများတို့သည် ကက္ကူမွေ တော်ဘုရားစုကို ယွန်းရှမ်းတို့၏လက်ရာဟု ယုံကြည်ထားကြပြီး ရှမ်းသမိုင်းပြုစုသော သု တေသီများကလည်း ယွန်းရှမ်းတို့၏ လက်ရာ ဟု ဖော်ထုတ်ထားကြသည်။

ထို့ပြင် စေတီတော်၌ ထုလုပ်ထားသော ဗိသုကာလက်ရာများနှင့် မပြုပြင်မီ ခေတ်အ လိုက် ဘုရားလက်ရာများကိုလည်း လေ့လာ နိုင်ပေမည်။

ကက္ကူစေတီစုတွင် ၁၉၂၈ ခုနှစ်မှတ်တမ်း အရ စေတီစုစုပေါင်း ၂၅၄၈ ဆူရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တစ်နေရာတည်း စေတီတော်အများဆုံး တည် ရှိသော နေရာတစ်ခုလည်း ဖြစ်နိုင်ခြေရှိပါ သည်။ ထိုသို့ အလားသဏ္ဌာန်တူသော စေတီ တော် အများဆုံးကို တစ်နေရာတည်း တည် ထားကိုးကွယ်သော ဘုရားများလည်းရှိပါ သေးသည်။

ဟမ်းဆီးကျေးရွာတွင် ရှေးဟောင်းရွှေ လင်ဗန်းဘုရား၊ မဟာမြတ်မုနိစေတီတော်မြတ် ကြီး တွင်လည်း စေတီတော်အများအပြားကို တစ်စုတစ်ဝေးတည်း ဖူးမြော်နိုင်မည်ဖြစ်သည်။ ကက္ကူဘုရားကဲ့သို့ စေတီတော်မများသော် လည်း ပင်မစေတီတော် နှင့် အရန်စေတီတော် အများအပြား တည်ထားကိုးကွယ်ထားသည် မှာ ခပ်ဆင်ဆင်တူသည်ကို မြင်တွေ့နိုင်သည်။

ထို့ပြင် ညောင်ရွှေမြို့နယ်ရှိ ရွှေအင်းတိန် ဘုရားများတွင်လည်းကောင်း၊ ညောင်ရွှေမြို့ နယ် စံကားမြို့ဟောင်းအနီးရှိ တာခေါင် မွေ တော်စေတီစုတွင်လည်းကောင်း စေတီစုများ တည်ရှိပါသေးသည်။

စကားရွာတွင် ရှေးဟောင်းသမိုင်းဝင် ဘုရားပေါင်း ၁၂၀ ဆူရှိပြီး သာခေါင်ရွာ၌ ရှေး ဟောင်းသမိုင်းဝင် ဘုရားပေါင်း ၂၃၆ ဆူရှိပါ သည်။ သာခေါင်ဆွမ်းလောင်းပွဲကို နတ်တော် လပြည့်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိမြဲဖြစ် သည်။ တာခေါင်မွေတော်စေတီစုတို့သည် ကက္ကူမွေတော်ဘုရားကဲ့သို့ပင် ယွန်းရှမ်းများ ၏ လက်ရာရှေးဟောင်းဗိသုကာအမွေအနှစ် များကို လေ့လာနိုင်ပေသည်။

ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန် မြတ်စွာဘုရားကြီး၌ အရံစေတီတော် ၁၀၅၄ ဆူရှိပြီး ကက္ကူဘုရားကဲ့သို့ပင် ရှေးဟောင်း လက်ရာများကို သွားရောက်လေ့လာနိုင်ပေ သည်။

 

ကျောက်တစ်လုံးကြီးမြို့

ကျောက်တစ်လုံးကြီးမြို့သည် တောင်ကြီး မြို့နယ်တွင် ပါဝင်သော်လည်း ရောက်ဖူးသူ၊ သိရှိသူ နည်းပါးလိမ့်မည်။

နောင်ယာဆိုင်းလမ်းခွဲအတိုင်းဝင်လျှင် ထီ>ပန်- ဥမင်ကျေးရွာကို ကျော်ဖြတ်ပြီးနောက် ကျောက်တစ်လုံးကြီးကို ရောက်ရှိမည် ဖြစ်ပေ သည်။

စာရေးသူ ငယ်စဉ်အခါ တက္ကသိုလ်ဝင် တန်းဖြေဆိုပြီးနောက် နေအိမ်မှထွက်ပြေး၍ ကျောက်တစ်လုံးကြီးမြို့တွင် သနပ်ဖက်ကုန် ကူး ရောင်းဝယ်ရေးကို နှစ်နှစ်ကျော် လုပ်ကိုင်ခဲ့ ဖူးသဖြင့် လွမ်းမောမိပါသည်။ ထိုစဉ်က လူပျို ပေါက်အရွယ်ဖြစ်သဖြင့် သနပ်ဖက်များကို ကျေးရွာများဆင်း၍ လိုက်လံဝယ်ယူရကာ တောင်ကြီးမြို့တွင် မော်တော်ကားဖြင့် သွား ရောက်ရောင်းချခဲ့ခြင်းကို အမှတ်ရနေမိသည်။ ထိုစဉ်က တစ်ရက်လျှင် တစ်စီးသာ ထွက်သော လိုင်းကားဖြင့် ကျောက်တစ်လုံးကြီးဒေသကို သွားရောက်ခဲ့ခြင်းဖြစ်ကာ အေးချမ်းသော ကျေးလက်ဒေသအငွေ့အသက်ကို ခံစားရ သည်။

ထိုစဉ်က ကျေးရွာများတွင် သွားရောက် လည်ပတ်ရင်းဖြင့် ရိုးသားဖြူစင်သော ပအိုဝ်း တိုင်းရင်းသားတို့၏ ဓလေ့စရိုက်များနှင့် နေ ထိုင်မှုများကို နှစ်သက်သဘောကျမိခြင်းဖြစ် သည်။ ကျောက်တစ်လုံးကြီး အထကကျောင်း ကိုလည်း သွားရောက်လည်ပတ်ခဲ့ဖူးသည်ကို အမှတ်ရမိသည်။ အတိတ်အကြောင်းများကို ပြန်တွေးတောကြည့်လျှင် အိပ်မက်တစ်ခုပမာ ထင်မှတ်တော့သည်။

ယခုအခါ ကျောက်တစ်လုံးကြီးမြို့သည် တိုးတက်ပြောင်းလဲနေပြီး နှစ်ပေါင်း ၂၀ ကျော် အတွင်း မမှတ်မိနိုင်လောက်အောင် ကွာခြား သွားခဲ့ပြီဖြစ်သည်။

ကျောက်တစ်လုံးကြီးမြို့အဝင်တွင် မဟာ ဝံသ ဗုဒ္ဓဂယာ စေတီတော်ကို တည်ထားကိုး ကွယ်သည်ကို ကြည်ညိုဖွယ် ဖူးမြင်ရပေသည်။ အဆိုပါ မဟာဝံသ ဗုဒ္ဓဂယာစေတီတော် ထီး တော်တင်လှူထားသည်မှာ တပေါင်းလပြည့် တွင် တစ်နှစ်ပြည့်မြောက်မည်ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ကျောက်တစ်လုံးကြီးမြို့အဝင်တွင် တည် ရှိသော ရေကန်ကိုလည်း စေတီတော်ပေါ်မှ လှမ်းမြင်နိုင်ပေသည်။

ပထမနိမ္မိတ သပိတ်မြတ်စေတီရှေ့တွင် ပိဋကတ်သုံးပုံ တင်ဆောင်လာသော မင်္ဂလာ ဆင်တော်အရုပ်ကိုလည်း မြင်တွေ့ရသည်။

 

မြို့သမိုင်းအကျဉ်း

ကျောက်တစ်လုံးကြီးမြို့အကြောင်းကို ပြည်ထောင်စုထဲက ပအိုဝ်းစာအုပ်ထဲတွင် မှတ်တမ်း ရေးသားဖော်ပြထားသည်ကို တွေ့ရ သည်။

ရှေးနှစ်ပေါင်းများစွာက မွန်ဂိုလီးယား တောင်တန်းမှ ရေကြည်ရာမြက်နုရာ ဆင်း သက်လာခဲ့သော ပအိုဝ်းတိုင်းရင်းသားများ သည် အလယ်ကျောတောင်တန်းဖြစ်သော ယူနန်တောင်တန်း၊ လားရှိုးတောင်တန်း၊ မိုင်း နောင်လွယ်ဝိုးလံတောင်တန်းမှ ယခု လွိုင်လင် ပင်လုံရှိ စင်းသင်းတောင် အထူးဒေသဖြစ် သော လွယ်ချယ်၊ လွယ်သဲင်၊ လွယ်လဝ်နှင့် လွယ်ကန်းဒေသများတွင် အခြေချနေထိုင်လာ ခဲ့ပြီး ရဲစွမ်းသတ္တိ ပြည်စုံသော ဦးစီးမှူးအဖြစ် ခေါင်းဆောင်ဖြစ်သူ ဗိုလ်ကျော်ဦး၊ ဗိုလ်ကျော် ခေါင်၊ ဗိုလ်ကျော်လှနှင့် ဗိုလ်ပန္တဆိုသော ပုဂ္ဂိုလ်လေးဦးတို့သည် ထိုနေထိုင်ရာ တောင် လေးတောင်ဒေသမှ တောင်ဘက်ကို ဆက် လက် ဆင်းလာကြသည်ဟု ဖော်ပြထားသည်။

ယခု ကျောက်တစ်လုံးကြီးသည် တောင်ငူ ဘုရင့်နောင်မင်းတရားကြီး မရောက်ခင်က ကျောက်တစ်လုံးကြီးဆိုသော ဝေါဟာရ အမည် သညာ မရရှိသေးချေ။ ဘုရင့်နောင်မင်းတရား ကြီးနှင့် မိုးနဲပအိုဝ်းစော်ဘွားကြီး နှစ်ဦးတို့သည် ကျောင်းနေဖက်သူငယ်ချင်းလို အင်မတန် လက်ပွန်းတတီး ခင်မင်ရင်းနှီးသည့်အတွက် တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်ကြီးမား၍ ကျေးဇူးတရားများစွာရှိခြင်းကြောင့် အရေး အကြောင်းဖြစ်ဖြစ် သတိရအောက်မေ့၍ဖြစ် စေ၊ အချင်းချင်းသွားရောက်လည်ပတ်ကြရာ တွင် ဆင်မြင်းစီး၍ သွားလာနေရကြောင်းသိ ရသည်။

တစ်ချိန်တွင် ဘုရင့်နောင်မင်းတရားကြီး က မိုးနဲပအိုဝ်းစော်ဘွားကြီးထံ သွားရောက် လည်ပတ်ရာ ကျောက်တစ်လုံးကြီးတွင် စခန်း ချ ရပ်နားရာ ရှေးပဝေသဏီကတည်းက ရပ် သူရွာသားများ နှစ်ဦးနှစ်ဆန်း မင်္ဂလာအချိန် အခါတွင် သမာဓိနတ်နန်းတည်ရှိရာ ကျောက် တုံးကြီးရှိသော နေရာဌာနကို အိုးစည်ဗုံမောင်း များဖြင့် သွားရောက် ပူဇော်ပသ ရိုသေနေ သောအချိန် နှင့် တိုက်ဆိုင်နေလေတော့သည်။

ဘုရင့်နောင်မင်းတရားကြီး လူယုံတော် က သွားရောက်စုံစမ်းသိရှိလာခဲ့ရာ ဘုရင့် နောင်မင်းတရားကြီး တည်းနေသော စခန်းကို ကျောက်တစ်လုံးကြီးစခန်းဟူ၍ စာတန်းဆိုင်း ဘုတ်ချိတ်ဆွဲထားသည့်အတွက်ကြောင့် ရပ်သူ ရွာသားများသည် ထိုနေရာတွင် ဘုရင့်နောင် မင်းတရားကြီးက စခန်းအမည်သမုခ်ပညတ် ရေးသားပေးခဲ့ခြင်းဟုဆိုကာ ကျောက်တစ်လုံး ကြီးဟု အမည်တွင်ကြောင်း သိရသည်။

ဘုရင့်နောင်မင်းတရားကြီးအပြန်တွင် ယခုကျောက်တိုက်ရွာ အရှေ့မြောက်အရပ် တွင် ခရီးတစ်ထောက် ရပ်နားသည့် နေရာတွင် ကျောက်တစ်လုံးကြီးနှင့် ဆင်တူနေသော ကျောက်လုံးတစ်လုံးရှိသည့်အတွက် ကျောက် လုံးငယ်ဟု စာတန်းမှတ်သားချိတ်ဆွဲထားပြန် သည့်အတွက်ကြောင့် ကျောက်တစ်လုံးငယ် ဟူ၍ ယနေ့တိုင်ရှိပါသည်။

အမှန်တွင် ကျောက်တစ်လုံးကြီးမှာရော ကျောက်တစ်လုံးငယ်မှာပါ ကျောက်တုံးများ သည် နှစ်လုံးစီရှိကြောင်း၊ ထို့ကြောင့် ကျောက် တစ်လုံးဆိုသော အမည်သည် တကယ်စင်စစ် အားဖြင့် ဘုရင့်နောင်မင်းတရားကြီး ရောက်ရှိ လာပြီးနောက်မှသာ ကျောက်တစ်လုံး အမည် တွင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်တစ်လုံးကြီးမြို့ကို အခြေအနေ ပေးလျှင် ထပ်မံသွားရောက်၍ လေ့လာသွားဦး မည်ဖြစ်ကြောင်း ခရီးသွားဆောင်းပါးကို မှတ်တမ်းတင်ဖော်ပြလိုက်ပါသည်။

Most Read

Most Recent