အဂတိလိုက်စားမှုသည် လုပ်ပိုင်ခွင့်အာဏာ ရှိသူများသာ ကျူးလွန်ရန် အခွင့်အလမ်းရှိသည့် ရာဇဝတ်မှု ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ အားလုံး ရိုးသားကြိုးစားရန်နှင့် အဂတိ ကင်းရှင်းရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

အဂတိလိုက်စားမှုသည် လုပ်ပိုင်ခွင့်အာဏာ ရှိသူများသာ ကျူးလွန်ရန် အခွင့်အလမ်းရှိသည့် ရာဇဝတ်မှု ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ အားလုံး ရိုးသားကြိုးစားရန်နှင့် အဂတိ ကင်းရှင်းရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
■ ပုံစာ - ဇန်နဝါရီ ၁၉ ရက်က ကျင်းပသည့် ကော်မရှင်ရုံးဦးစီးဌာနများ၏ လေးလပတ် လုပ်ငန်းအကောင်အထည်ဆောင်ရွက်မှု အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး အမှာစကားပြောကြားနေစဉ်
■ ပုံစာ - ဇန်နဝါရီ ၁၉ ရက်က ကျင်းပသည့် ကော်မရှင်ရုံးဦးစီးဌာနများ၏ လေးလပတ် လုပ်ငန်းအကောင်အထည်ဆောင်ရွက်မှု အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး အမှာစကားပြောကြားနေစဉ်
Published 20 January 2024

အဂတိလိုက်စားမှုသည် လုပ်ပိုင်ခွင့်အာဏာ ရှိသူများသာ ကျူးလွန်ရန်အခွင့်အလမ်းရှိ သည့် ရာဇဝတ်မှုဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန် ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ အားလုံး ရိုး သားကြိုးစားရန်နှင့် အဂတိကင်းရှင်းရန် လို အပ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးကပြောကြား သည်။

ဇန်နဝါရီ ၁၉ ရက်က အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ ကျင်းပသည့် ကော်မရှင်ရုံးဦးစီးဌာနများ၏ ၂၀၂၃ ခုနှစ်၊ စက် တင်ဘာမှ ဒီဇင်ဘာလအထိ လေးလပတ် လုပ် ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ် အေးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော် မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။ 

ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက နိုင်ငံ တော်အစိုးရအနေဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ထုတ်ကုန်တိုး တက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့်အပြင် နိုင်ငံသားများ၏အမျိုးသားပညာရည်မြင့်မားတိုးတက်စေရန် အခြေ ခံပညာကျောင်းများ၊ သက်မွေးပညာကျောင်း များ၊ တက္ကသိုလ်၊ ကောလိပ်များကို တိုးချဲ့ဖွင့် လှစ်ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရ၏မူဝါဒများကို အကောင်အထည်ဖော် ဆောင် ရွက်ရသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန် ထမ်းများအားလုံးသည် ရိုးသားကြိုးစားရန်နှင့် အဂတိကင်းရှင်းရန်လိုအပ်ကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို ထိရောက်စွာ ဆောင်ရွက်ရန်မှာ အဂတိလိုက်စား မှုတိုက် ဖျက်ရေးကော်မရှင်၏တာဝန်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် လုပ်ပိုင်ခွင့် အာဏာ ရှိသူများသာကျူးလွန်ရန် အခွင့်အလမ်းရှိ သည့်ရာဇဝတ်မှုဖြစ်ကြောင်း ပြောကြားသည်။

 ထို့ပြင် ၂၀၂၃ ခုနှစ် အတွင်း ကော်မရှင် အနေဖြင့် တိုင်းဒေသကြီး  ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီး ကာကွယ် ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ကျယ်ပြန့်စွာဆောင်ရွက် ခဲ့သည့်အပြင် အဂတိလိုက် စားမှုကို လက်မခံ သည့်လူမှုအသိုက်အဝန်း ဖြစ်ထွန်းပေါ်ပေါက် လာစေရေး ရည်ရွယ်လျက် အခြေခံပညာ ကျောင်းများ၌ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနှင့် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင် ရေး အသိပညာပေးလုပ်ငန်းများကို ထိရောက် စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာန အဖွဲ့အစည်းများတွင်လည်း ဌာန တွင်း အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး

 (Corruption Prevention Unit – CPU) အဖွဲ့များ ဖွဲ့စည်း၍ အများပြည်သူထံမှ တုံ့ပြန် မှုရယူခြင်းအစီအစဉ် (Public Feedback Programme – PFP ) များကို အကောင် အထည်ဖော်ဆောင်ရွက်လျက ်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များအနေဖြင့် ပေးအပ်သည့် တာဝန်ကို ထိထိ ရောက်ရောက်နှင့် ကျေပွန် စွာဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက် သည့်လုပ်ငန်း၏ အကျိုးသက်ရောက်မှုကို သိရှိရန်လိုကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်အပြင် ကော်မရှင်မှ ချမှတ် ထားသည့်ကျင့်ဝတ်များကို အထူးအလေး ထားလိုက်နာရန်လိုအပ်ကြောင်း ကောင်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးကပြောကြားသည်။    

ထို့နောက် စီမံရေးရာဦးစီးဌာန၊ နိုင်ငံတ ကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီး ဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ သက် ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ဦးစီး ဌာနများအလိုက် လေးလပတ်အတွင်း လုပ် ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ 

ဆောင် ရွက်ပြီးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များ၊ ဆက်လက်အ ကောင် အထည်ဖော်ဆောင်ရွက်မည့် အစီ အစဉ်များနှင့် ကော်မရှင်အနေဖြင့် ဖြည့် ဆည်းပေါင်းစပ်ညှိနှိုင်းပေးရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ အ တွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဦးစီးဌာနများ ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာ လအထိ လေးလပတ်လုပ်ငန်း ဆောင်ရွက်မှု များနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် လို အပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

Most Read

Most Recent