ဒဏ်ရာပြဿနာနှင့် ရုန်းကန်နေရသည့် ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ကို မီခေးလ် ဝေဖန်

ဒဏ်ရာပြဿနာနှင့် ရုန်းကန်နေရသည့် ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ကို မီခေးလ် ဝေဖန်
Photo : Getty Images
Photo : Getty Images
Published 18 January 2024

ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း မီခေးလ်က ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသည့် လက်ရှိအသင်းခေါင်းဆောင် မီခေးလ်ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။

အသက် (၂၄)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမား ရီးစ်ဂျိမ်းစ်သည် ချယ်လ်ဆီးအကယ်ဒမီထွက်ဖြစ်ပြီး နည်းပြ ပိုချက်တီနိုလက်ထက်တွင် ဝါရင့်ကစားသမားများကိုကျော်ကာ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

သို့သော် ရီးစ်ဂျိမ်းစ်သည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၉) ပွဲသာ ကစားနိုင်သေးသည်။ ထို့ကြောင့် မီခေးလ်က ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်၏ ဦးဆောင်မှုကို မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

မီခေးလ်က "ရီးစ်ဂျိမ်းစ်ကို ဘောလုံးသမားတစ်ယောက်အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ ကျွန်တော် သဘောကျပါတယ်။ သူ ချယ်လ်ဆီးအသင်းခေါင်းဆောင် ဖြစ်သင့်တယ်လို့လည်း ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာ မကြာခဏရနေတဲ့ ကစားသမားတစ်ယောက်ဟာ ချယ်လ်ဆီးအသင်းမှာ အသင်းခေါင်းဆောင် မဖြစ်သင့်ပါဘူး။ ဂျွန်တယ်ရီဟာ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး အသင်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ ဒဏ်ရာရနေချိန်မှာတောင် အသင်းနဲ့အတူ လေ့ကျင့်ပြီး ကစားခဲ့တာပါ။ အသင်းခေါင်းဆောင်ဆိုတာ အသင်းအတွက် အမြဲတမ်းရှိနေရမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent