အာဆင်နယ်အသင်းသည် ဂီတာဖေးအသင်းမှ စပိန်တိုက်စစ်မှူး မာယိုရယ်လ်ကို ပေါင်(၂၂)သန်းဖြင့် ကမ်းလှမ်းလိုက်ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးအသစ် အားဖြည့်ရန်စီစဉ်လျက် ရှိသည်။
အာဆင်နယ်အသင်းအနေဖြင့် ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးကို ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း ပြောင်းရွှေ့ကြေးမြင့်မားသဖြင့် အခက်တွေ့နေကြောင်း သိရသည်။
ထို့ကြောင့် အာဆင်နယ်အသင်းသည် ယခုအခါ ယခုရာသီ လာလီဂါပြိုင်ပွဲတွင် (၁၉)ပွဲကစားပြီး (၁၂)ဂိုး သွင်းယူထားသည့် မာယိုရယ်လ်ကို မျက်စိကျနေ ခြင်းဖြစ်ကြောင်း သိရသည်။
မာယိုရယ်လ်(၂၆ နှစ်)ကို အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် ဘရန့်ဖို့ဒ်နှင့် ဖူလ်ဟမ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။















