■ စီးရီးအေပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 29 December 2023

အတ္တလန်တာ - လက်ချီ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၆:၀၀ နာရီ)

လက်ချီက အထက်မရောက်၊ အောက်မရောက်အသင်းဖြစ်ပြီး ကွင်းတွင်းခြေစွမ်းကလည်း သာမန်ထက်မပိုပါဘူး။ အတ္တလန်တာက အိမ်ကွင်းနောက်ဆုံး (၂)ပွဲမှာ (၇)ဂိုးအထိသွင်းနိုင်ခဲ့တယ်။ အိမ်ရှင်ဘက်က ရပ်တည်သင့်တယ်။



ကာဂလီယာရီ - အမ်ပိုလီ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၈:၃၀ နာရီ)

တန်းဆင်းဇုန်ထဲက (၂)သင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီး လက်ရှိခြေစွမ်းအရလည်း ကွာဟချက်နည်းပါးပါတယ်။ ဒါပေမဲ့ အိမ်ကွင်းအားသာချက်ရှိတဲ့ ကာဂလီယာရီကို ကြိုက်တယ်။ ဂိုးနည်းနိုင်တယ်။



အူဒီးနီးစ် - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၈:၃၀ နာရီ)

အူဒီးနီးစ်က စီးရီးအေနောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး ပေးဂိုးနှုန်းလည်း မြင့်လာတာတွေ့ရတယ်။ ဒါကြောင့် ဘိုလော့ဂ်နာကို တားဆီးဖို့တော့ သိပ်ပြီး မလွယ်ကူနိုင်ဘူး။ အဝေးကွင်းဖြစ်ပေမဲ့ ဘိုလော့ဂ်နာကို ရွေးချယ်ချင်တယ်။



ဗီရိုနာ - ဆလာနီတာနာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၁၁:၃၀ နာရီ)

ဗီရိုနာက ဖီအိုရင်တီးနားကို အနိုင်ယူပြီး တန်းဆင်းဇုန်ထဲက ရုန်းထွက်နိုင်ခဲ့တယ်။ ဆလာနီတာနာကလည်း နောက်ဆုံးပွဲမှာ အေစီမီလန်ကို သရေကစားခဲ့ပြီး ပွဲတိုင်းကို ဖိဖိစီးစီးကစားနေတယ်။ ဆလာနီတာနာကို ကြိုက်တယ်။



အေစီမီလန် - ဆာဆူအိုလို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၀ ရက် ည ၁၁:၃၀ နာရီ)

အေစီမီလန်က အဝေးကွင်းဆိုရင် ကျဆင်းတတ်ပေမဲ့ အိမ်ကွင်းကစားပုံကတော့ အားရစရာကောင်းဆဲပါ။ အိမ်ကွင်း နောက်ဆုံး (၃)ပွဲဆက် အနိုင်ရခဲ့ပြီး သွင်းဂိုးတွေကိုလည်း ခပ်လွယ်လွယ်ရလာတာ တွေ့ရတယ်။ ဆာဆူအိုလိုကတော့ သာမန်ထက်မပိုတဲ့ အသင်းလို့ ဆိုရမှာဖြစ်ပြီး ခံစစ်ကလည်း ဂိုးတွေတောက်လျှောက်ပေးနေရတယ်။ အေစီမီလန်အသင်း အိမ်ကွင်းမှာ ဂိုးမိုးရွာလိမ့်မယ်။



ဂျူဗင်တပ်စ် - ရိုးမား (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၁ ရက် နံနက် ၂:၁၅ နာရီ)

နည်းပြ အယ်လီဂရီရဲ့ ဂျူဗင်တပ်စ်က ပြီးခဲ့တဲ့ရာသီနဲ့ ခြားနားတဲ့ပုံစံကို ပြသနေတယ်။ ရာသီဝက်မကျိုးခင်အထိ ရလဒ်ကောင်းတွေ တောက်လျှောက်ရယူနေတယ်။ ဗလာဟိုဗစ်က အရမ်းအားကိုးရပြီး ပြိုင်ဘက်ခံစစ်ကစားသမားတွေကို အကြိမ်ကြိမ်ဒုက္ခပေးနိုင်တဲ့ ကစားသမားဖြစ်တယ်။ ရိုးမားက အဝေးကွင်းနောက်ဆုံးပွဲမှာ ဘိုလော့ဂ်နာကို ရှုံးခဲ့တယ်။ ဒါ့အပြင် ရိုးမားရဲ့ ဒီရာသီအဝေးကွင်းစွမ်းဆောင်ရည်ကိုကြည့်ရလည်း အားရစရာသိပ်မရှိဘူးလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ ရာသီက (၂)ကျော့စလုံးမနိုင်ခဲ့ပေမဲ့ ဒီပွဲတော့ ဂျူဗင်တပ်စ်ကို ကြိုက်တယ်။

Most Read

Most Recent