လောင်းလုံမြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ အလုပ်သမားတန်းလျားသို့ လက်လုပ်စိန်ပြောင်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိ

လောင်းလုံမြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ အလုပ်သမားတန်းလျားသို့ လက်လုပ်စိန်ပြောင်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိ
Published 22 December 2023

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ အလုပ်သမားတန်းလျားသို့ ဒီဇင်ဘာ ၂၁ ရက်က လက်လုပ်စိန်ပြောင်း ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

လောင်းလုံမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက မီးရှို့ဖျက်ဆီးသွားပြီး ပြန်လည်ဆုတ်ခွာသွားသည့် PDF အဖွဲ့များသည် လောင်းလုံမြို့၏ အရှေ့တောင်ဘက်မီတာ ၁၁၀၀ ခန့်အကွာမှ မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ (ခ)ရပ်ကွက်၊ အောင်ချမ်းသာ ဘုရားကြီးအနီးရှိ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်းလျားသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါ အလုပ်သမားတန်းလျားတွင် နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ ကလေးငယ် လေးဦးအပါအဝင် ရှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ပရဟိတအသင်းအဖွဲ့များက လောင်းလုံမှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent