အာဖရိကတွင် မကြုံစဖူးအစားအစာ အကျပ်အတည်းကြောင့်လူလေးဦး၌ သုံးဦးထက် မနည်းသည် ကျန်းမာစွာ စားသောက် နိုင်ခြင်းမရှိဘဲ ငါးပုံတစ်ပုံသည်အာဟာရချို့တဲ့လျက်ရှိသည်ဟု ကုလသမဂ္ဂအေဂျင်စီများက အာဖရိကသမဂ္ဂကော်မရှင်းနှင့်အတူ အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အာဖရိကပဋိပက္ခများနှင့်အတူ ယူကရိန်းအပေါ် ရုရှားစစ်ပွဲကြောင့်ကမ္ဘာ့ဆန်စပါး ထောက်ပံ့မှုထိခိုက်သည့်အပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် COVID-19 ကပ် ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများကြောင့် လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိသည့်အာဖရိကသည် ဆာလောင်ငတ်မွတ်မှုအဆင့်မြင့်တက်နေသည့်အပြင် အာဟာရချို့တဲ့နေသည်ဟုအ စီရင်ခံစာတွင်ဖော်ပြထားသည်။
လူပေါင်းသန်းချီသည် မဝေးသောအနာဂတ်အချိန်တွင် ပိုမိုဆိုးရွားသော အငတ်ဘေးနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်းအစီရင်ခံစာတွင် သတိပေးထားသည်။
၂၀၅၀ ပြည့်နှစ်တွင် လူငယ်ဦးရေနှစ်ဆမြင့်တက်လာခြင်းနှင့်အတူ အာဖရိကသည် ဆင်းရဲချို့တဲ့သူ လျှင်မြန်စွာ ပိုမိုတိုးပွားလာနိုင်ကာ အချို့သူများသည် ပိုမိုကောင်းမွန်သောဘဝနေထိုင်မှုကို ကတိပြုထားသောစစ် သားများ၏ အာဏာသိမ်းမှုများကို စတင်အောင်ပွဲခံနေကြသည်။
သဘာဝအရင်းအမြစ်များပေါကြွယ်ဝသော်လည်း အာဖရိကသည် ၂၀၂၅ ခုနှစ်တွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုပုံစံအားလုံးကို အဆုံးသတ်ရန် ၎င်း၏ကတိကဝတ်များကို ပြည့်မီနိုင်ရန်အတွက် အလှမ်းဝေး ကွာလျက်ရှိသည်။
အနောက်နှင့် အလယ်အာဖရိကတို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုသည် လူသန်းပေါင်းများစွာကို ၎င်းတို့၏အသိုင်းအဝိုင်းများမှ ထွက်ခွာရန်အခြေအနေဖြစ်စေခဲ့ပြီး အရှေ့အာဖရိကတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် ဆိုးရွားသောရာသီဥတုသည်လယ်သမားများအတွက် ကြီးမားသောခြိမ်းခြောက်မှုများဖြစ်စေခဲ့သည်။
ဝင်ငွေသည် မြင့်တက်လာသောအစား အစာစျေးနှုန်းများကိုလိုက်မီနိုင်ခြင်းမရှိသည့် အတွက် မိသားစုအများအပြားသည် စားသောက်ရန်ခက်ခဲသည့်အခြေအနေကိုကြုံ တွေ့လာရသည်။
အာဖရိကလူဦးရေ၏ ၇၈ ရာခိုင်နှုန်းခန့် သို့မဟုတ် လူတစ်ဘီလျံကျော်သည်ကျန်းမာ သောစားသောက်ပုံကိုမတတ်နိုင်ကြဘဲ ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာအရ ၄၂ ရာခိုင် နှုန်းရှိကာ ယင်းအရေအတွက်သည်ဆက် လက်မြင့်တက်နေသည်ဟု အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း၊ အာဖရိကဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးကော်မရှင်၊ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ်နှင့် အာဖရိကသမဂ္ဂကော် မရှင်တို့ ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်တွင်အာဖရိကနိုင်ငံသား ၃၄၂ သန်းသည် ဆိုးရွားသောအစားအစာ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့်ကြုံတွေ့ခဲ့ရသည်ဟု အစီရင်ခံစာတွင်ဆိုသည်။ယင်းသည် ကမ္ဘာတစ်ဝန်းလုံးရှိ ဆာလောင်ငတ်မွတ်သူ ၇၃၅ သန်း၏ ၃၈ ရာခိုင်နှုန်းရှိသည်ဟု၎င်းက ဆိုသည်။
အာဖရိကတွင် အစားအစာအကျပ်အတည်းအများဆုံးကြုံတွေ့ခဲ့သူများတွင် အသက်ငါးနှစ်အောက် ကလေးအများဆုံးဖြစ်ပြီး ၎င်းတို့ထဲမှ ၃၀ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့မှုကြောင့် ကြီးထွားနှုန်းတန့်နေသည်ဟု အစီရင်ခံစာတွင်ဆိုသည်။
အာဖရိကတွင် COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက နောက်ထပ်အာဟာရချို့ တဲ့သူ ၅၇ သန်းရှိကာ လွန်ခဲ့သည့်နှစ်က အာဟာရချို့တဲ့သူစုစုပေါင်း ၂၈၂ သန်းနီးပါးရှိလာခဲ့သည်ဟုဆိုသည်။ အာဖရိက၏စီးပွားရေးအင်အားအကြီးဆုံး နိုက်ဂျီးရီးယားတွင် လူဦးရေ၏ ၉၃ ရာခိုင်နှုန်း နီးပါးဖြစ်သော လူ သန်း ၂၁၀ ကျော်သည်ကျန်းမာစွာ စားသောက်နိုင်ခြင်းမရှိကြောင်း အစီရင်ခံစာတွင်ဆိုသည်။
Ref: AP















