ဆွန်ဟောင်မင်ရဲ့ ပင်ကိုဗီဇနဲ့ အမြန်နှုန်းအကြောင်း

ဆွန်ဟောင်မင်ရဲ့ ပင်ကိုဗီဇနဲ့ အမြန်နှုန်းအကြောင်း
Photos: Twitter
Photos: Twitter
Published 26 November 2023
Chan Myae

အရည်အသွေးနဲ့ ပတ်သက်ပြီးပြောရရင် အရင်ဆုံးပြောစရာရှိတာက ဆွန်ရဲ့ အမြန်နှုန်းပါ။ ဒီပို့စ်မှာလည်း ဆွန်ဘာကြောင့် အရမ်းမြန်သလဲ၊ မြန်မှန်းမသိသာဘဲ မြန်တာလဲဆိုတာကို အဓိက ဦးတည်ရေးမှာဖြစ်ပါတယ်။ သူက လျှပ်စီးလိုမြန်တဲ့ အမြန်နှုန်း ပိုင်ဆိုင်ထားသူဖြစ်ပြီး ဒီအချက်က သူ့ကို အရမ်းအထောက်အကူပြုပါတယ်။ နောက်တစ်ခုက ဆွန်ဟောင်မင် ဘောလုံးကို လိမ်ခေါက်တဲ့ ပုံစံပါ။ အရမ်းကို ရိုးရှင်းပြီးထိရောက်တဲ့ ကစားသမား ဖြစ်ပါတယ်။ နောက်ဆုံးအရည်အသွေးကတော့ အဆုံးသတ် အရည်အသွေးဖြစ်ပြီး၊ အဲဒီမှာ ထပ်ပြီးအားသာတာက တိကျသေသပ်မှုနဲ့ အားပါပြင်းထန်မှုနှစ်ခုစလုံးမှာ ဘယ်ခြေရော၊ ညာခြေပါ အတူတူနီးပါး အသုံးချနိုင်ခြင်းဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ သားက သူ့ကို ဆွန်နယ်လ်ဒိုလို့ ခေါ်ပါတယ်။ သူ ရည်ရွယ်တာက ဘရာဇီးလ် ရော်နယ်လ်ဒိုကြီး၊ တစ်နည်းအားဖြင့် ရော်နယ်လ်ဒိုနာဇရီယိုပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို ခရစ္စတီယာနိုရော်နယ်လ်ဒိုလို ကစားသမားမျိုးနဲ့ ပိုဆင်တယ်လို့ ထင်ပါတယ်။  

 

Most Read

Most Recent