ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Grab EV Taxi Service အားဝန်ဆောင်မှု ပေးနေပြီဖြစ်ပြီးွှ Terminal 1 နှင့် 3 ရှိ Grab Taxi Service Counter များမှတစ်ဆင့် ဘို ကင်ပြုလုပ်စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရ သည်။
နိုဝင်ဘာ ၁ ရက်မှစတင်ကာ ရန်ကုန်မြို့ နှင့် မန္တလေးမြို့အကြား စီးနင်းလိုက်ပါကြမည့် ခရီးသည်များအားလုံး Arrival နှင့် Departure Card များအား ဖြည့် စွက်ရမည် ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် တရားဝင်ခရီးသွား စာရွက်စာတမ်းအပြည့် အစုံယူဆောင်လာရမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာန၏ ညွှန်ကြားချက်အရ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ နှင့် မန္တလေးမြို့အကြား စီးနင်းလိုက်ပါကြမည့် ခရီးသည်များအားလုံး ဆိုက်ရောက်နှင့် ထွက် ခွာပုံစံများကို မဖြစ်မနေ ဖြည့်စွက်ရန် လိုအပ် မည်ဖြစ်သည်။
စည်းကမ်းသတ်မှတ်ချက်မှာ ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာခရီးသည်များအနေဖြင့် Departure Card (ထွက်ခွာပုံစံ) နှင့် မန္တလေး မှ ရန်ကုန်သို့ ဆိုက်ရောက်ခရီးသည်များအနေ ဖြင့် Arrival Card (ဆိုက်ရောက်ပုံစံ) များ အား ဖြည့်စွက်ရမည်ဖြစ်သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းက ကျောင်းသူကျောင်းသားများနှင့် သင်္ဘောသား များအတွက် လေယာဉ်လက်မှတ်များကို အထူးအစီအစဉ်အနေဖြင့် စျေးအသက်သာ ဆုံး နှုန်းထားနှင့်ရောင်းချပေးမည့်အပြင် ၄ဝုါ သယ်ဆောင်ခွင့်ပေးအပ်သွားမည် ဖြစ် ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် စင်ကာပူနှင့် ဘန်ကောက် လေကြောင်းခရီးစဉ်များတွင် လိုက်ပါမည့် ကျောင်းသူကျောင်းသားများနှင့် သင်္ဘော သားများအတွက် လေယာဉ်လက်မှတ်များး ကို စျေးအသက်သာဆုံးနှုန်းထားနှင့် ရောင်းချ ပေးသွားမည်ဖြစ်ရာ လက်မှတ်ဝယ်ယူမည့် ကျောင်းသူကျောင်းသားများအနေဖြင့် မြန်မာ အမျိုးသားလေကြောင်းလက်မှတ်အရောင်း ကောင်တာများတွင်ID Card ပြသ၍ ဝယ်ယူ နိုင်မည်ဖြစ်သည်။
၂၀၂၃-၂၀၂၄ ဂယာဘုရားဖူးရာသီ အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ ရန်ကုန်-ဂယာ-ရန်ကုန် လေယာဉ်စင်းလုံး ငှား ခရီးစဉ်အား အောက်တိုဘာ ၁၈ ရက်တွင် ပြန်လည် စတင်ပျံသန်းခဲ့သည်။
မြန်မာစံတော်ချိန် ၁၂နာရီ ၁၅မိနစ်တွင် ခရီးသည် ၁၅၉ဦးပါဝင်သော Boeing 737-800 NG လေယာဉ် ခရီးစဉ်အမှတ် UB-7001 နှင့် ထွက်ခွာခဲ့ပြီး အိန္ဒိယနိုင်ငံစံတော်ချိန် ၁၃ နာရီ ၄၅ မိနစ်တွင် ဂယာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ဂယာ-ရန်ကုန် လေယာဉ်စင်းလုံးငှား ခရီးစဉ်အားလာမည့်ပွင့်လင်းရာသီ ကာလ တစ်လျှောက်ပျံသန်းသွားမည်ဖြစ်ပြီး ခရီး သည်များအနေဖြင့် လေယာဉ်လက်မှတ်ဝယ် ယူရန် တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော Sole Charter-Interconnection Travel ူ သို့ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း သည် ရန်ကုန်-ဂယာ-ရန်ကုန် လေယာဉ်စင်း လုံးငှားခရီးစဉ်အား ပွင့်လင်းရာသီကာလ တစ်လျှောက် အောက်တိုဘာလမှ ဧပြီလ အထိ ပျံသန်းသွားမည်ဖြစ်ကြောင်းသိရ သည်။















