မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခများတွင် သက်ဆိုင်ရာဘက်အသီးသီး အမြန်ဆုံးအပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန် တရုတ်နိုင်ငံက ထပ်မံတိုက်တွန်း

မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခများတွင် သက်ဆိုင်ရာဘက်အသီးသီး အမြန်ဆုံးအပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန် တရုတ်နိုင်ငံက ထပ်မံတိုက်တွန်း
Published 15 November 2023

မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခများတွင် သက်ဆိုင်ရာဘက်အသီးသီး အမြန်ဆုံးအပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန်တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning ကပြောကြားသည်။

နိုဝင်ဘာလ ၁၄ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ သဘောထားထုတ်ဖော်ရာတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခအခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးအမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ အခြေအနေအဆင့် တိုးလာခြင်းမှရှောင်ကြဉ်ရန်တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံဘက်က လက်တွေ့ကျ၍ ထိရောက်သောအစီအမံဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းမှုကို အာမခံပေးရန် တရုတ်ဘက်ကတောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Mao Ning ကပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ MNDAA၊ TNLA၊ AA တို့က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့အပါအဝင် လောက်ကိုင်၊ ကွန်းလုံ ၊ သိန္နီ ၊ လားရှိုး ၊ ကွက်ခိုင် ၊နမ့်ခမ်း တို့ကို နယ်မြေခွဲကာ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ရာ တပ်မတော်နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး  မှစတင်ကာ ရှမ်းမြောက်တခွင် တိုက်ပွဲကြီးငယ်များဖြစ်ပွားလျက်ရှိပြီး တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက်အပစ်ခတ်ရပ်စဲမှုများပြုလုပ်ရန် မကြာခဏထုတ်ဖော်ပြောကြားနေခြင်းဖြစ်သည်။

 

Most Read

Most Recent