၂၀၂၃-၂၄ ဥရောပဘောလုံးရာသီ ဥရောပ ထိပ်တန်းလိဂ်ပြိုင်ပွဲတွေကတော့ ရာသီရဲ့ (၃)ပုံ (၁)ပုံကျိုးဖို့ နီးစပ်လာချိန်မှာပဲ ကလပ်အသင်းတွေရဲ့ ကိုယ်စီမျှော်လင့်ချက်တွေအတွက် ပြိုင်ဆိုင်မှုအရှိန်အဟုန်တွေပိုမိုပြင်းထန်လာခဲ့ပါပြီ။ လက်ရှိအချိန်မှာ ချန်ပီယံဆုဖလားတွေ၊ အောင်မြင်မှုတွေအတွက် ပြောဖို့စောလွန်းနေသေးပေမဲ့ ကလပ်အသင်းတွေရဲ့ ရာသီကုန်လားရာနဲ့ ဖြစ်တန်စွမ်းကို အနည်းနဲ့အများ ခန့်မှန်းသုံးသပ်နိုင်ပြီလို့ဆိုရမှာပါ။ ဥရောပထိပ်တန်းလိဂ်တွေရဲ့ ကလပ်အသင်းကြီး တချို့မထင်မှတ်ထားတဲ့ရလဒ်တွေဆိုးတွေ၊ ဖိအားတွေနဲ့ ရုန်းကန်နေရသလို၊ တချို့သောအသင်းတွေကတော့ ဘောလုံးပရိသတ်တွေမမျှော်လင့်ထားတဲ့ အံ့အားသင့်လောက်စရာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနေတာတွေ့ရပါတယ်။ ဒါဟာ ဘောလုံးကမ္ဘာရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အခြေအနေဆိုပေမဲ့ ဒီရာသီထိပ်တန်းလိဂ်တွေထဲမှာ ဂျာမန်ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်နဲ့ စပိန်လာလီဂါကလပ်ဂျီရိုနာအသင်းတို့စွမ်းဆောင်ထားပြမှုတွေက သာမန်ထက်ပိုတဲ့ စိတ်လှုပ်ရှား စရာမှတ်တမ်းကောင်းတွေဖြစ်နေပြီး ပါးလျတဲ့ မျှော်လင့်ချက်တွေအကြား ဒီ (၂)သင်းစလုံးရာသီကုန်မှာ ဘယ်လောက်ထိခရီးရောက်နိုင်မလဲဆိုတဲ့မေးခွန်းကလည်း မြက်ခင်းစိမ်းတွေထက်မှာ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။
■ လေဗာကူဆင်၊ ဂျီရိုနာနဲ့ ဘယ်သူရွှေဖြစ်မလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















