နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ရာနှုန်းပြည့် မြှုပ်နှံရန် ဝန်လေးနေပြီး မြန်မာလုပ်ငန်းရှင်များနှင့် ဖက်စပ် (Joint Venture) လုပ်ကိုင်ရန် စိတ်ဝင်စားမှု များပြားနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မူဝါဒတွေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလည်း ရောက်လာကြပြီ။ ဒါပေမဲ့ တချို့နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေသည် အင်မတန် အတွေ့အကြုံများတဲ့တိုင်အောင် မြန်မာနိုင်ငံကို လာရောက် ရင်းနှီးတဲ့အခါမှာ သူတို့မသိသေးတဲ့ နယ်ပယ်သစ် ဖြစ်နေတဲ့အတွက်ကြောင့်မို့ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံဖို့ တော်တော်လေး ဝန်လေးနေကြတယ်။ တော်တော်လေး စဉ်းစားနေကြတယ်။ ဒါနဲ့ပတ်သက်ပြီး လာဆွေးနွေးတာလည်း ရှိတယ်။ ဒီနေရာမှာ သူတို့က ဘာကိုမျှော်လင့်သလဲဆိုတော့ Joint Venture ကို ပိုမျှော်လင့်တယ်။ ပြည်ပကနေလာတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပြည်တွင်းမှာ ရာနှုန်းပြည့် လာရောက်မြှုပ်နှံဖို့က လုပ်ငန်း ၁၀၀ မှာ ၁၀ လောက်ပဲ ရှိတယ်။ ကျန်တာတွေက မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလိုစိတ်တွေ တော်တော်များများ ရှိနေပါတယ်”ဟု ဦးကျော်ဝင်းက ပြောကြားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင်ဘာ ပထမပတ်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏမှာ ယမန်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၀၀၀ ခန့် လျော့နည်းနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
ယခုဘဏ္ဍာနှစ် ဒီဇင်ဘာပထမပတ်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၂၂ ဒသမ ၃၈၃ သန်း ရှိနေပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုအပြင် ယခင်ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၄၂၂ ဒသမ ၄၂၃ သန်းသာ စီးဝင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၇/၂၀၁၆) အရ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာခြောက်ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံသာ ဝင်ရောက်ထားသဖြင့် ဘဏ္ဍာနှစ်ကုန်ဆုံးရန် လေးလသာ လိုတော့ချိန်တွင် လျာထားချက်ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ လိုအပ်နေသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဒေါ်လာလေးဘီလျံ ရရှိရန် လျာထားခဲ့သော်လည်း ဒေါ်လာရှစ်ဘီလျံအထိ ဝင်ရောက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် တွင်လည်း ဒေါ်လာခြောက်ဘီလျံ ဝင်ရောက်ရန် လျာထားသော်လည်း ဒေါ်လာကိုးဘီလျံ ကျော်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည်။ ထိုသို့ နှစ်နှစ်ဆက် လျာထားချက်ထက် မြင့်မားခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ်တွင် လျာထားချက်ပြည့်မီရန်ပင် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ လိုအပ်နေသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံတွင် ရာနှုန်းပြည့် မြှုပ်နှံရန် ဝန်လေးနေပြီး မြန်မာလုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်ရန် စိတ်ဝင်စားမှု များနေဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြောကြား










