နိုဝင်ဘာ ၃၀ ရက်နောက်ပိုင်း နှစ်ရက်ဆက်တိုက် နိုင်ငံခြားငွေလဲနှုန်း ကျဆင်းခဲ့သော်လည်း ဒီဇင်ဘာ ၃ရက်တွင် တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ဒီဇင်ဘာ ၂ ရက် ညပိုင်းတွင် ကမ္ဘာ့ဈေး ကွက်အတွင်း ဒေါ်လာဈေးအညွှန်းကိန်း ၁၀၁ ဒသမ ၁၄ ပွိုင့်ရှိခဲ့ရာမှ ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ၁၀၀ ဒသမ ၇၂ ပွိုင့်အထိ ကျင်းဆင်းခဲ့ကာ ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက် နှစ်ရက်ဆက်တိုက် ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဈေးကွက်အတွင်း နှစ်ရက်ဆက်တိုက် ဒေါ်လာဈေး အားပျော့လာသော်လည်း ဒီဇင်ဘာ ၃ ရက်တွင် ပြည်တွင်းဈေးကွက်၌ အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်ခဲ့ရာ ကိုးနှစ်အတွင်း စံချိန်တင်နှုန်းထားများအဖြစ် နိုဝင်ဘာ ၂၂ ရက် တွင် တစ်ဒေါ်လာ ၁၃၅၄ ကျပ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ၁၃၅၇ ကျပ်၊ နို ဝင်ဘာ ၃၀ ရက်တွင် ၁၃၆၂ ကျပ်အထိ မြင့်တက်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁ ရက်တွင် ၁၃၅၃ ကျပ်အထိ၊ ဒီဇင်ဘာ ၂ ရက်တွင် ကျပ် ၁၃၅၀ အထိနှစ်ရက်ဆက်တိုက် ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် ၁၃၅၄ ကျပ်အထိပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ နိုဝင်ဘာ ၂၇ ရက်တွင် ၁၃၄၆ ကျပ်၊ နိုဝင်ဘာ ၂၈ ရက်တွင် ၁၃၄၆ ကျပ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ၁၃၅၇ ကျပ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ၁၃၆၂ ကျပ်၊ ဒီဇင်ဘာ ၁ ရက်တွင် ၁၃၆၀ ကျပ်၊ ဒီဇင်ဘာ ၂ ရက်တွင် ၁၃၅၅ ကျပ်၊ ဒီဇင်ဘာ ၃ ရက်တွင် ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၃၅၄ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး နှုန်းမှာ ၁၃၅၂ ကျပ်ဖြစ်သည်။










